ယူနိုက်တက်ကြောင့် မနှစ်ကရာသီ ချန်ပီယံလိဂ်ဖလား အောင်မြင်ခဲ့တာလို့ ဂွာဒီယိုလာ ကျေးဇူးတင်

မနှစ်ကရာသီ ချန်ပီယံလိဂ်ဖလား အောင်မြင်ခဲ့တာဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အကူအညီ အများကြီး ပါတယ်လို့ အက်ဖ်အေဖလားပွဲကြိုမှာ နည်းပြ ဂွာဒီယိုလာက ထုတ်ပြောလာပါတယ်။

ဂွာဒီယိုလာက ပြောပြရာမှာ ” ကျနော်တို့ ဂွမ်ဒိုဂန်ရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့တယ်။ အဲ့နောက်မှာ မန်ချက်စတာ ယူနိုက်တက်က သရေကျစေမယ့် သွင်းဂိုး သွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ကျနော်တို့ ပိုကောင်းကောင်း ကစားလာနိုင်ခဲ့တယ်။ ဖိုင်နယ်ရဲ့ ဒုတိယပိုင်းဟာ အတော်လေး ကောင်းပါတယ်။ အက်ဖ်အေဖလား အနိုင်ရခြင်းကြောင့်ပဲ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲကို ခံစားချက်ကောင်းတွေနဲ့ သွားရောက် ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်ကို ရင်ဆိုင် အနိုင်ရခဲ့ခြင်းက ကျနော်တို့ကို ခံစားချက်ကောင်းတွေ ပေးတယ်ဆိုတာကို ဝန်ခံရမှာပါ။ ပရိသတ်တွေအတွက်တော့ ပိုပြီး ကောင်းတာပေါ့။

မန်ယူနိုက်တက်ကို ဘယ်လို အနိုင်ယူရမလဲ အပေါ် ကျနော် ကြိုးစား အာရုံစိုက်ခဲ့တယ်။ ကိုယ်လုပ်ရမှာ အပေါ် အာရုံစိုက်ခဲ့တယ်။ ခံစားချက်တွေကို ဘေးချိတ်ထားခဲ့ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

ဝင်ဘာလေမှာ မန်ချက်စတာ မြို့ခံပြိုင်ဘက်ကို အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့တဲ့ ခံစားချက်ဟာ အင်္ဂလန်သမိုင်းမှာ ဖလား ၃ လုံးချန်ပီယံဖြစ်တဲ့ အသင်းတစ်သင်း အဖြစ် မှတ်တိုင်ထူးဖို့ တွန်းအားဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ်။