တိုက်စစ်မှုး ခေါ်နိုင်ဖွယ် မရှိတဲ့ အာဆင်နယ်၊ ဗာနာ အပြီးဝယ်ဈေး၊ စီးတီး လက်မှတ်ထိုးလိုက်တဲ့ တိုက်စစ်၊ မပြီးသေးတဲ့ အမ်ဘာပေနဲ့ အပြောင်းအရွှေ့ ထူးခြား သတင်းများ

စပါးအသင်းဟာ လိုက်ပ်ဇစ် တိုက်စစ်မှုး တီမိုဗာနာကို အငှားခေါ်ယူရာမှာ ရာသီကုန်ရင် ပေါင် ၁၅ သန်း ပေးကာ အပြီးသတ် ဝယ်ယူနိုင်မယ့် အချက်လည်း ပါဝင်ခဲ့ပါတယ်။

ယူနိုက်တက်နဲ့ ဒေါ့မွန်ကြားမှာ ဆန်ချို အပြောင်းအရွှေ့ ကိစ္စ သဘောတူညီမှု မရသေးဘဲ ဆက်လက် စကားပြောနေဆဲ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အပြီးခေါ်ယူခွင့် မပါဘဲ ဆန်ချို ကို အငှားချထားလိုနေပါတယ်။ နွေမှသာ အင်္ဂလန်သားကို ဈေးကောင်းနဲ့ ရောင်းချချင်နေတာပါ။

စပါးအသင်းဟာ ဂျီနိုအာ ခံစစ်မှူး ဒရာကူဆင်ကို ခေါ်ယူရေး ဆွေးနွေးနေဆဲဖြစ်ကာ ပြောင်းရွှေ့ကြေးကို ယူရို ၂၅ သန်း ဝန်းကျင်လောက်ပဲ ပေးချေလိုပါတယ်။

နည်းပြ အာတီတာက ပရိသတ်တွေ အနေနဲ့ အာဆင်နယ်ကို ဆက်လက် ထောက်ခံ အားပေးဖို့ တိုက်တွန်းလိုက်ပြီး ဇန်နဝါရီမှာ လူသစ် မရနိုင်တာမျိုး ဖြစ်လာနိုင်ကြောင်း အရိပ်အမြွက် ပြောဆိုလာပါတယ်။

မန်စီးတီးနဲ့ ရေးဗားပလိတ်တို့ဟာ လူငယ်ကစားသမား Claudio Echeverri ရဲ့ အပြောင်းအရွှေ့အတွက် စာချုပ် စာတမ်းတွေကို လက်မှတ်ထိုးပြီးခဲ့ကြပြီ ဖြစ်ပါတယ်။

ဟန်ဒါဆန် ပရီးမီးယားလိဂ်ထံ ပြန်လာမယ်လို့ သူ့ကိုတော့ မပြောသေးပါဘူးလို့ လီဗာပူး နည်းပြ ကလော့ပ်က ထုတ်ပြော လာပါတယ်။ အင်္ဂလန်သားဟာ ဇန်နဝါရီမှာ အင်္ဂလန်သို့ ပြန်ပြောင်းလာမယ် သတင်းထွက်နေတာပါ။

လီဗာပူး တိုက်စစ်သမား ကာဗာရိုဟာ လိုက်ဇစ်ကနေ ပြန်လာပြီးနောက် ဇန်နဝါရီမှာ ချန်ပီယံရှစ်ကလပ် ဟူးစီးတီးထံ အငှားထွက်မှာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဘရန့်ဖို့ဒ် တိုက်စစ်မှုး တိုးနေးကို လက်ရှိ ဈေးကွက်မှာ ခေါ်ယူနိုင်ဖွယ် မရှိပါဘူး။ တိုနေးက ဘရန့်ဖိုဒ့်မှာပဲ ရာသီကုန်ထိ ဆက်နေမှာ ဖြစ်ပါတယ်။

ချယ်ဆီး၊ ယူနိုက်တက်တို့ စိတ်ဝင်စားနေပေမယ့် တိုက်စစ်မှူး Serhou Guirassy ကို ရာသီကုန်ထိ ဆက်ထိန်း သွားမှာပါလို့ စတုဂတ် အားကစား ဒါရိုက်တာက ထုတ်ပြောသွားပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ လီဗာပူး အာဆင်နယ်တို့နဲ့ သတင်းထွက်နေတဲ့ တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူဖို့ အကြို သဘောတူညီမှု ရခဲ့ပြီလို့ အသံထွက်နေပေမယ့် သတင်းထောက် ရိုမန်နိုကတော့ မဟုတ်သေးဘူးလို့ ငြင်းဆန်ပါတယ်။