အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်တွေ အပြီးမသတ် သေးပေမယ့်လို့ စတုတ္ထအဆင့်အတွက် မဲခွဲမှုတွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။
စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ကလပ် ၂ သင်းဖြစ်တဲ့ စပါးနဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့နေတဲ့ ပွဲစဉ် ပါဝင်လာတာပါ။ နောက်ထပ် ပွဲကောင်းအဖြစ် ချယ်ဆီးက ပရီးမီးယားလိဂ်မှာ ခြေစွာနေတဲ့ အက်စတွန်ဗီလာနဲ့ ထိပ်တိုက်တွေ့ပါမယ်။
ပရီးမီးယားလိဂ် ကလပ်တွေချင်း ထိပ်တိုက်တွေ့မှုအဖြစ် ဖူလ်ဟမ်က နယူးကာဆယ်ကို ရင်ဆိုင်ရမယ့်ပွဲနဲ့ ရှက်ဖီး ယူနိုက်တက်က ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံရမယ့် ပွဲတွေ ပါဝင်နေပါတယ်။
စတုတ္ထအဆင့် ပွဲစဉ်တွေကို ဇန်နဝါရီလ ၂၇-၂၈ ရက်တွေမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဖိုင်နယ်ပွဲကတော့ မေလ ၂၅ ရက်နေ့ ဝင်ဘာလေမှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
FA Cup fourth-round draw in full
- Watford vs Southampton
 - Blackburn Rovers vs Wrexham
 - Bournemouth vs Swansea City
 - West Bromwich Albion vs Brentford or Wolverhampton Wanderers
 - West Ham United or Bristol City vs Nottingham Forest or Blackpool
 - Leicester City vs Hull City or Birmingham City
 - Sheffield Wednesday vs Coventry City
 - Chelsea vs Aston Villa
 - Ipswich Town vs Maidstone United
 - Liverpool vs Norwich City or Bristol Rovers
 - Tottenham Hotspur vs Manchester City
 - Leeds United vs Plymouth Argyle
 - Crystal Palace or Everton vs Luton Town or Bolton Wanderers
 - Newport County or Eastleigh vs Manchester United
 - Sheffield United vs Brighton & Hove Albion
 - Fulham vs Newcastle United
 
