ဒေါ့မွန် တိုက်စစ်သမားကို ဆက်ချိတ်နေခြင်း၊ ပလစ္စထရီ အငှားထွက်မလား၊ ကွင်းလယ်ပစ်မှတ်နဲ့ မန်ချက်စတာ ယူနိုက်တက် ထူးခြား သတင်းများ

နယ်သာလန်ကလပ် PSV အသင်းဟာ ပယ်လစ္စထရီ ကို ဒီလထဲ အငှားခေါ်ယူချင်နေကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လာပါတယ်။

PSV ဘက်က ယူနိုက်တက်ကို ချိတ်ဆက်မေးမြန်းနေပေမယ့် မန်ချက်စတာ ကလပ်ကတော့ ရာသီကုန်ထိ တောင်ပံ တိုက်စစ်သမား ပယ်လစ္စထရီကို ဆက်ထိန်းထားလိုနေပြီး ကစားသမား ဆန္ဒကို မေးမြန်းနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒေါ့မွန် တိုက်စစ်သမား ဒွန်ရဲလ် မေလန် ကို ဒီလထဲ ခေါ်ယူရေး လက်လျှော့ မသွားသေးပါဘူး။ အသက် ၂၄ နှစ် အရွယ် ကစားသမားကို ဒေါ့မွန်က လက်မလွှတ်လိုပေမယ့် ဆန်ချို ကိုသာ ပြန်ရမယ် ဆိုရင် စဉ်းစားဖွယ် ရှိပါတယ်။

ဆာဂျင် ရက်ကလစ်ဖ်ဟာ ယူနိုက်တက် ရှယ်ယာ ၂၅% ဝယ်ယူပြီးနောက် ပထမဆုံး အကြိမ် အဖြစ် လာမယ့် တနင်္ဂနွေနေ့ စပါးနဲ့ ပွဲကို အိုးထရက်ဖို့ဒ်မှာ လာရောက် ကြည့်ရှုအားပေးမှာ ဖြစ်ပါတယ်။

မစ်ဒယ်ဘရော့ ကွင်းလယ် ကစားသမား ဟေဒန် ဟက်ခ်နေးကို မန်ချက်စတာ ယူနိုက်တက်က မျက်စိကျနေကြောင်း သတင်း ထွက်လာပါတယ်။ နည်းပြ ကားရစ်ရဲ့ အသင်းမှာ ဟက်ခ်နေးက ဒီရာသီ အစွမ်းပြနေပြီး ပရီးမီးယားလိဂ် ကလပ် တော်တော် များများက ချိန်ရွယ်ခြင်း ခံနေရပါတယ်။

Gym မှာ လေ့ကျင့်နေတဲ့ ပုံ လူမှုကွန်ယက်မှာ တင်ခဲ့တဲ့ သရဲနီဟောင်း လင်ဂတ် အား ယူနိုက်တက် ကွင်းလယ်ဟောင်း ပေါစခိုးလ်က စောင် Gym ပဲ ဆော့မှာလား၊ ဘောလုံး ကန်မှာလားလို့ ခပ်ပြတ်ပြတ် မေးကာ ဝင် comment ရေးခဲ့ပါတယ်။