ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (28-08-20)

ဂန်းနားတွေဟာ အက်ဖ်အေဖလား အောင်မြင်ခဲ့ပေမယ့် လိဂ်မှာ ချန်ပီယံလီဗာပူးနဲ့ ၄၃မှတ်အထိ ကွာဟခဲ့တာကြောင့် အာတီတာက ကလပ်ကို ဖလားစိန်ခေါ်သူတွေဖြစ်အောင် ပြောင်းလဲပေးဖို့တာဝန်ရှိနေပြီး ဒီနွေမှာ အရောင်းအဝယ်များစွာ လုပ်ဆောင်ဖို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။

တိုက်စစ်မှူး အူဘာမီးယန်းရဲ့စာချုပ်ဟာ တစ်နှစ်သာ ကျန်တော့တာကြောင့် နောက်နှစ်မှာ ဒီအတိုင်း လက်မလွှတ်လိုက်ရအောင် စာချုပ်သစ်ချုပ်ဆိုဖို့ အာဆင်နယ်တို့ အလျင်အမြန် လိုအပ်လာပြီဖြစ်ပြီး အာတီတာကတော့ ကစားသမားနဲ့ စာချုပ်သစ် သဘောတူညီမှုရဖို့ သိပ်မကြာတော့ဘူးလို့ ယုံကြည်နေပါတယ်။

ဂန်းနားဘုတ်အဖွဲ့နဲ့နည်းပြက ဆီဘယ်လော့ကို ဆက်ထိန်းထားချင်ပေမယ့် ၎င်းရဲ့မိခင်ကလပ် ရီးရဲလ်မက်ဒရစ်က အင်္ဂလန်ကို နောက်ထပ် အငှားပြန်မချလိုပဲ ယခင်က ကစားခဲ့ဖူးတဲ့ ရီးရဲလ်ဘက်တစ်ထံ ပြန်သွားစေဖို့ အလိုရှိနေပါတယ်။

လောလောဆယ်မှာ အာဆင်နယ် ကစားသမားလေးယောက်ဟာ Quarantine ဝင်နေရပြီး လီဗာပူးနဲ့ ကွန်မြူနတီဒိုင်း ပွဲကို လွဲချော်ရဖို့ရှိပါတယ်။ အဲ့ဒီ့လေးယောက်မှာ ဂိုးသမား အီမီလာနို မာတီနက်နဲ့ မက်ဂါးလက်စ် ပါဝင်ကြောင်း ထုတ်ပြန်ခဲ့ပေမယ့် ကျန်၂ယောက်ကိုတော့ မသိရသေးပါဘူး။

ဂွမ်ဒူဇီဟာပြီးခဲ့တဲ့ရာသီ နောက်ဆုံး ၁၁ပွဲမှာ ပါဝင်ခွင့်မရခဲ့သလို အိုဇေးကလဲ ပွဲကစားချိန်ကင်းမဲ့နေပြီး အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆင်မှုရှိနေပေမယ့် အာတီတာက ရာသီသစ်မှာ သူတို့ကို အခွင့်အရေးပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

အက်ဖ်အေဟာ Logo အသစ် အပါအဝင် အပြောင်းအလဲ တချို့လုပ်ခဲ့တာကြောင့် အက်ဖ်အေဖလား ချန်ပီယံဖြစ်တဲ့ အာဆင်နယ်ဟာ အထူးစပါရှယ် ငွေတံဆိပ် ရမှာဖြစ်သလို ဆုဖလားရခဲ့တဲ့ ၁၄ကြိမ် အမှတ်အသားကိုလဲ လက်မောင်းမှာ တပ်ဆင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဝီလီယံ ဆလီဘာဟာ အာဆင်နယ် အတွက် ပွဲဦးထွက်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်နဲ့ အသားကျဖို့ လိုသေးတယ်လို့ အာတီတာက ဆိုပါတယ်။ အာတီတာက အရည်အချင်းရှိတဲ့ ဗဟိုနောက်ခံလူကို အာဆင်နယ်ရဲ့ပုံစံနဲ့ အံဝင်ဖို့ မျှော်လင့်နေပြီး အမ်ကေဒွန်းနဲ့ ရာသီကြိုခြေစမ်းပွဲမှာ ပွဲဦးထွက်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဖီအိုရင်တီးနားက ဒီနွေမှာ အာဆင်နယ်ကနေ လူးကပ် တော်ရဲရားကို ခေါ်ယူဖို့ အလိုရှိနေပြီး အပြောင်းအရွှေ့ကို မြန်မြန် အပြီးသတ်လိုနေတာကြောင့် အာဆင်နယ်ဆီ စုံစမ်းမေးမြန်းမှုမှာ သတင်းကောင်း ကြားရဖို့ စောင့်နေတာ ဖြစ်ပါတယ်။

Zawgyi – ဂန္းနားေတြဟာ အက္ဖ္ေအဖလား ေအာင္ျမင္ခဲ့ေပမယ့္ လိဂ္မွာ ခ်န္ပီယံလီဗာပူးနဲ႔ ၄၃မွတ္အထိ ကြာဟခဲ့တာေၾကာင့္ အာတီတာက ကလပ္ကို ဖလားစိန္ေခၚသူေတြျဖစ္ေအာင္ ေျပာင္းလဲေပးဖို႔တာဝန္ရွိေနၿပီး ဒီေႏြမွာ အေရာင္းအဝယ္မ်ားစြာ လုပ္ေဆာင္ဖို႔ ေမွ်ာ္လင့္ရတာ ျဖစ္ပါတယ္။

တိုက္စစ္မွဴး အူဘာမီးယန္းရဲ႕စာခ်ဳပ္ဟာ တစ္ႏွစ္သာ က်န္ေတာ့တာေၾကာင့္ ေနာက္ႏွစ္မွာ ဒီအတိုင္း လက္မလႊတ္လိုက္ရေအာင္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အာဆင္နယ္တို႔ အလ်င္အျမန္ လိုအပ္လာၿပီျဖစ္ၿပီး အာတီတာကေတာ့ ကစားသမားနဲ႔ စာခ်ဳပ္သစ္ သေဘာတူညီမႈရဖို႔ သိပ္မၾကာေတာ့ဘူးလို႔ ယုံၾကည္ေနပါတယ္။

ဂန္းနားဘုတ္အဖြဲ႕နဲ႔နည္းျပက ဆီဘယ္ေလာ့ကို ဆက္ထိန္းထားခ်င္ေပမယ့္ ၎ရဲ႕မိခင္ကလပ္ ရီးရဲလ္မက္ဒရစ္က အဂၤလန္ကို ေနာက္ထပ္ အငွားျပန္မခ်လိုပဲ ယခင္က ကစားခဲ့ဖူးတဲ့ ရီးရဲလ္ဘက္တစ္ထံ ျပန္သြားေစဖို႔ အလိုရွိေနပါတယ္။

ေလာေလာဆယ္မွာ အာဆင္နယ္ ကစားသမားေလးေယာက္ဟာ Quarantine ဝင္ေနရၿပီး လီဗာပူးနဲ႔ ကြန္ျမဴနတီဒိုင္း ပြဲကို လြဲေခ်ာ္ရဖို႔ရွိပါတယ္။ အဲ့ဒီ့ေလးေယာက္မွာ ဂိုးသမား အီမီလာႏို မာတီနက္နဲ႔ မက္ဂါးလက္စ္ ပါဝင္ေၾကာင္း ထုတ္ျပန္ခဲ့ေပမယ့္ က်န္၂ေယာက္ကိုေတာ့ မသိရေသးပါဘူး။

ဂြမ္ဒူဇီဟာၿပီးခဲ့တဲ့ရာသီ ေနာက္ဆုံး ၁၁ပြဲမွာ ပါဝင္ခြင့္မရခဲ့သလို အိုေဇးကလဲ ပြဲကစားခ်ိန္ကင္းမဲ့ေနၿပီး အသင္းကေန ထြက္ခြာဖို႔ ခ်ိတ္ဆင္မႈရွိေနေပမယ့္ အာတီတာက ရာသီသစ္မွာ သူတို႔ကို အခြင့္အေရးေပးမယ္လို႔ ကတိေပးခဲ့ပါတယ္။

အက္ဖ္ေအဟာ Logo အသစ္ အပါအဝင္ အေျပာင္းအလဲ တခ်ိဳ႕လုပ္ခဲ့တာေၾကာင့္ အက္ဖ္ေအဖလား ခ်န္ပီယံျဖစ္တဲ့ အာဆင္နယ္ဟာ အထူးစပါရွယ္ ေငြတံဆိပ္ ရမွာျဖစ္သလို ဆုဖလားရခဲ့တဲ့ ၁၄ႀကိမ္ အမွတ္အသားကိုလဲ လက္ေမာင္းမွာ တပ္ဆင္ခြင့္ ရရွိမွာ ျဖစ္ပါတယ္။

ဝီလီယံ ဆလီဘာဟာ အာဆင္နယ္ အတြက္ ပြဲဦးထြက္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္နဲ႔ အသားက်ဖို႔ လိုေသးတယ္လို႔ အာတီတာက ဆိုပါတယ္။ အာတီတာက အရည္အခ်င္းရွိတဲ့ ဗဟိုေနာက္ခံလူကို အာဆင္နယ္ရဲ႕ပုံစံနဲ႔ အံဝင္ဖို႔ ေမွ်ာ္လင့္ေနၿပီး အမ္ေကဒြန္းနဲ႔ ရာသီႀကိဳေျခစမ္းပြဲမွာ ပြဲဦးထြက္ခြင့္ေပးခဲ့တာ ျဖစ္ပါတယ္။

ဖီအိုရင္တီးနားက ဒီေႏြမွာ အာဆင္နယ္ကေန လူးကပ္ ေတာ္ရဲရားကို ေခၚယူဖို႔ အလိုရွိေနၿပီး အေျပာင္းအေ႐ႊ႕ကို ျမန္ျမန္ အၿပီးသတ္လိုေနတာေၾကာင့္ အာဆင္နယ္ဆီ စုံစမ္းေမးျမန္းမႈမွာ သတင္းေကာင္း ၾကားရဖို႔ ေစာင့္ေနတာ ျဖစ္ပါတယ္။