အာဖရိကပွဲတွေမှာ စောင့်ကြည့်မယ့် ကွင်းလယ်ပစ်မှတ်၊ ပြန်ခေါ်ထားတဲ့ မန်ကွင်ဟိုစ်၊ ပက်ရဲ့ အားပေးစကားနဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းများ

အာဆင်နယ်အသင်း လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲတွေက မန်စီးတီး အသင်း ဒီရာသီ အစောပိုင်းမှာ ကြုံတွေ့ခဲ့ရတာနဲ့ ဆင်တူတယ် လို့ ပက် ဂွာဒီယိုလာက ယုံကြည်နေပါတယ်။

” အာဆင်နယ် အမှတ်လျော့ခဲ့တဲ့ ပွဲတွေမှာတောင်မှ ကစားတာက ကောင်းတယ်။ သူတို့ ဝက်စ်ဟမ်းနဲ့ပွဲ ဘယ်လို ကစားခဲ့တယ် ကျွန်တော် မြင်ခဲ့တယ်။ ဖူလ်ဟမ်ပွဲတော့ ကျွန်တော် မကြည့်ခဲ့ရဘူး။ လီဗာပူးနဲ့ အက်ဖ်အေပွဲမှာ သူတို့ ဘယ်လောက် ကစားတာ ကောင်းလဲ မြင်ခဲ့ရတယ်။ ” လို့ ပက်က အားပေးစကား ဆိုခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ လီဂူးဝမ်းကလပ် နန့်တက်စ်မှာ အငှားချထားတဲ့ မန်ကွင်ဟိုစ် အား ပြန်ခေါ်လိုက်ပြီ ဖြစ်ပါတယ်။ အသက် ၂ဝ အရွယ် ကစားသမားဟာ ဘရာဇီး U23 အသင်းနဲ့ အတူ သွားရောက် ပူးပေါင်းဖို့ ပြင်ဆင်နေပါတယ်။

မန်စီးတီး ကွင်းလယ် ကစားသမား ရိုဒရီက အာဆင်နယ် အသင်းရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ အတွေ့အကြုံ မရှိမှုတွေက ဒီရာသီမှာလည်း အခက်တွေ့လိမ့်မယ် လို့ ဆိုထားပြီး ဒီရာသီ အမှတ်ပေးဖလားကို စိန်ခေါ်မှာက လီဗာပူး ဖြစ်မယ် လို့ ပြောဆို ခဲ့ပါတယ်။

PSV ကွင်းလယ် ကစားသမားလေး Ismael Saibari ဟာ လာမယ့် အာဖရိက ဖလား ပြိုင်ပွဲမှာ မိုရိုကို အသင်းနဲ့ အတူ ကောင်းစွာ စွမ်းဆောင်နိုင်ရင် ခေါ်ယူဖို့ အာဆင်နယ်က ပစ်မှတ်ထားနေပါတယ်။ အာဆင်နယ် ကင်းထောက်တွေဟာ ဒီလထဲ အာဖရိက ဖလားပြိုင်ပွဲမှာ စောင့်ကြည့်မှာ ဖြစ်ပါတယ်။

တိုမီယာဆု က ဒီလထဲ ကာတာမှာ ကျင်းပမယ့် အာရှဖလားပွဲမှာ နံပါတ် ၂၂ ဂျာစီ ကို ဝတ်ဆင် ကစားမှာ ဖြစ်တယ်လို့ အသိပေးခဲ့ပါတယ်။