မန်စီးတီး ပြန်လာနေတဲ့နောက် လီဗာပူး၊ အာဆင်နယ်တို့ရဲ့ ပရီးမီးယားလိဂ် အခွင့်အရေးကို ခန့်မှန်းလိုက်တဲ့ ဖာဒီနန်

မန်စီးတီးတို့ နယူးကာဆယ်ကို အနိုင်ယူပြီး ပရီးယားလိဂ် ရာသီဝက်ကို အရှိန်ဖြင့် စတင်လာခဲ့ပြီမို့ လီဗာပူးနဲ့ အာဆင်နယ်တို့ဟာ သတိထားလာနေရပြီလို့ ဖာဒီနန်က ဆိုပါတယ်။

ဒီဘရိုင်း လူစားဝင်လာပြီး ခြေပဂိုး သွင်းယူပေးခဲ့သလို အနိုင်ဂိုးရစေမယ့် ဖန်တီးမှုကို လုပ်ပေးခဲ့တာဟာ ပရီးမီးယားလိဂ် သတိပေးချက် ဖြစ်လာခဲ့ပါတယ်။ အခုဆိုရင် စီးတီးဟာ အမှတ်ပေးဇယား ဒုတိယနေရာကို ပြန်ယူလာခဲ့ပါပြီ။

နောက်ဆုံး ကစားထားတဲ့ ၆ ပွဲမှာ ဟာလန်း မပါခဲ့ပေမယ့် ၅ ပွဲ အနိုင်ရထားတဲ့ မန်စီးတီးကို ကလော့ပ်နဲ့ အာတီတာတို့ သတိထားရတော့မှာ ဖြစ်သလို အကြောက်တရားတွေ ဝင်နေတာမျိုးတောင် ဖြစ်လာနိုင်ပါတယ်။

ဖာဒီနန်ကပဲ ‘ နယူးကာဆယ်ပွဲမှာ မြင်ခဲ့ရသလို ဂွာဒီယိုလာကို တက်ကြွပြင်းပြတဲ့ ပုံစံမျိုး မြင်ရခဲ့ပါတယ်။ သေချာတာက ဒီဘရိုင်း ပြန်လာပြီ၊ သူ ပြန်လာပါပြီ။ သရဖူထိပ်က တန်ဖိုးအကြီးဆုံး ကျောက်မျက်ရတနာကို ပြန်မြင်လာရပါပြီ။

အခုချိန်မှာ မန်စီးတီးက အရှိန်တင်လာခဲ့ပြီဖြစ်သလို သူတို့ ဘာလုပ်ရမယ် သိပါတယ်။ ပြိုင်ဘက်တွေ အားလုံးက တစ်ယောက်ပုခုံး တစ်ယောက် ကျော်ကြည့်ပြီး မန်စီးတီး ပြန်လာနေပြီဆိုတာကို ပြောလာနေကြပါပြီ။

အလုပ်ကို ဘယ်လိုလုပ်ရမလဲ စီးတီးတို့ သိပါတယ်။ သူတို့က လူစာရင်းတောင့်သလို အတွေ့အကြုံနဲ့ အရည်အချင်း အပြည့်အဝ ရှိပါတယ်။ ကြောက်ခမန်းလိလိ အင်အားကောင်းတဲ့ အသင်းကောင်းပါ ’ လို့ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။