သန်း ၈ဝ တန်၊ အသက် ၂ဝ အရွယ် ခံစစ် ကစားသမားလေးကို ကင်းထောက်လွှတ် စောင့်ကြည့်နေတဲ့ အာဆင်နယ်

လက်ရှိ စတင်နေပြီ ဖြစ်တဲ့ ၂၀၂၄ အာဖရိက နိုင်ငံများ ဖလား ပြိုင်ပွဲမှာ အသက် ငယ်ငယ် တန်ကြေးကြီးကြီး နောက်ခံလူ တစ်ယောက်ကို စောင့်ကြည့်ဖို့ အာဆင်နယ်အသင်း က ကင်းထောက်တွေ စေလွှတ်ထားပြီ ဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ကင်းထောက်တွေဟာ အိုင်ဗရီကို့စ် နောက်ခံလူ အူစမန် ဂျူမွန် ကို စောင့်ကြည့်နေကြပြီ လို့ နောက်ဆုံးရ သတင်းတွေမှာ ဖော်ပြနေကြတာပါ။

ဒီ ရာသီကုန် နွေမှ ခေါ်ယူမှု လုပ်ဖို့ ဖြစ်နိုင်ပေမယ့် အာဆင်နယ် ကင်းထောက်တွေဟာ အာဖရိ ပြိုင်ပွဲမှာ အူစမန် ဂျူမွန် ကို စောင့်ကြည့်ကာ မှတ်တမ်းယူထားကြမှာ ဖြစ်ပါတယ်။

ဂျူမွန် ဟာ လက်ရှိကလပ် စပို့တင်း လစ္စဘွန်းနဲ့ စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း ၈ဝ ရှိနေပြီး လွယ်လွယ်နဲ့ ကလပ်အသင်း ပြောင်းဖွယ် မရှိသေးပါဘူး။

အိုင်ဗရီကို့စ် အသင်းရဲ့ အာဖရိကဖလား အဖွင့်ပွဲ Guinea-Bissau ကို ၂-ဝ နဲ့ နိုင်တဲ့ ပွဲမှာ အသက် ၂ဝ အရွယ် ဗဟိုခံစစ်မှုးလေး ဂျူမွန် က အထင်ကြီးလောက်ဖွယ် ခြေစွမ်းပြသထားပါတယ်။

အာဆင်နယ် အသင်းဟာ ဈေးကွက်ထဲမှာ တိုက်စစ်မှုးသစ် ရှာဖွေသလို ကွင်းလယ်နဲ့ နောက်ခံလူ နေရာတွေ အတွက်လည်း ရှာဖွေလေ့လာနေပါတယ်။