ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (28/08/20)

ဂန်းနားဟောင်း ဖြစ်တဲ့ ဂျူဗင်တပ် ကစားသမား ရမ်ဆေးကို ခေါ်ယူနိုင်မယ့် အသင်းတွေအား ဘွန်ကီဒိုင်တွေက လောင်းကြေးဖွင့်ထားရာ ယူနိုက်တက်က အလေးပေးမှု အများဆုံး အဖြစ် ထိပ်ဆုံးမှာ ရှိနေပြီး အဲဗာတန်က ဒုတိယနေရာမှာ ရှိနေပါတယ်။

ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ အသင်းအတွက် အားထုတ် ကြိုးစားပေးမှု အပိုင်းမှာ တိုးတက်ဖို့ လိုနေသေးကြောင်း လီဗာပူး ကစားသမားဟောင်း ဂျွန်ဘန်းစ်က အကြံပြု တိုက်တွန်းခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဝါရင့် ကွင်းလယ်ကစားသမား မာတစ်ဟာ ဆားဘီးယား လက်ရွေးစင် အသင်းအတွက် ကစားပေးခြင်းကနေ အနားယူပြီလို့ အသိပေးခဲ့ကြောင်း သိရပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲမှာ ရခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာကြောင့် အင်္ဂလန်အသင်းနဲ့ အတူ နေးရှင်းလိဂ် ပွဲစဉ်များမှာ ပါဝင်နိုင်ဖို့ မသေချာဘဲ ရှိနေပါတယ်။ အခြား တိုက်စစ်မှူး ဖြစ်တဲ့ မာရှယ်ကတော့ ပြင်သစ်အသင်းမှာ ပြန်လည် ရွေးချယ်ခံထားရပါတယ်။

အီတလီမှာ ပီယာလို လက်သစ်လို့ နာမည်ကျော်နေတဲ့ ကွင်းလယ်ကစားသမား တိုနာလီ ကို မန်ချက်စတာ ယူနိုက်တက်က ချဉ်းကပ်နေပေမယ့် အင်တာမီလန်အသင်းကလည်း လက်ဦးမှု ယူ ညှိနှိုင်း ထားတာကြောင့် ယူနိုက်တက်တို့ ကျော်နိုင်ဖို့ ခက်ခဲနေပါတယ်။

လိုင်လီ ခံစစ်မှူး ဂါဘရီရယ်ကို ယူနိုက်တက်က ဝင်ရောက် ကမ်းလှမ်းမှု လုပ်ခဲ့ခြင်းဟာ ကစားသမားကို အမှန်တကယ် အလိုရှိတာကြောင့် မဟုတ်ဘဲ အာဆင်နယ်ရဲ့ ချောမွေ့နေတဲ့ ဆွေးနွေးမှုကို ကြားဖြတ် နှောင့်ယှက်ခဲ့ခြင်းသာ ဖြစ်တယ်လို့ မန်ချက်စတာ အခြေစိုက် MEN သတင်းဌာနက ဆိုပါတယ်။

မိခင်ကလပ်အသင်းထံ ပြန်လာတဲ့ ဒင်းဟန်ဒါဆန်ကို ယူနိုက်တက် ပရိသတ်တွေကတော့ ပွဲထွက် ဂိုးသမား ဒီဂီယာကို ချန်လှပ်ပြီး နေရာပေး ကစားစေဖို့ အလိုရှိနေပါတယ်။ ဟန်ဒါဆန်ကလည်း ပွဲထွက် ဂိုးသမား နေရာ အလိုရှိကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုထားပါတယ်။

Zawgyi – ဂန္းနားေဟာင္း ျဖစ္တဲ့ ဂ်ဴဗင္တပ္ ကစားသမား ရမ္ေဆးကို ေခၚယူနုိင္မယ့္ အသင္းေတြအား ဘြန္ကီဒိုင္ေတြက ေလာင္းေၾကးဖြင့္ထားရာ ယူနုိက္တက္က အေလးေပးမႈ အမ်ားဆံုး အျဖစ္ ထိပ္ဆံုးမွာ ရွိေနျပီး အဲဗာတန္က ဒုတိယေနရာမွာ ရွိေနပါတယ္။

ယူနိုက္တက္ ကြင္းလယ္ကစားသမား ေပါ့ဘာဟာ အသင္းအတြက္ အားထုတ္ ၾကိဳးစားေပးမႈ အပိုင္းမွာ တိုးတက္ဖို႔ လိုေနေသးေၾကာင္း လီဗာပူး ကစားသမားေဟာင္း ဂၽြန္ဘန္းစ္က အၾကံျပဳ တိုက္တြန္းခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ ၀ါရင့္ ကြင္းလယ္ကစားသမား မာတစ္ဟာ ဆားဘီးယား လက္ေရြးစင္ အသင္းအတြက္ ကစားေပးျခင္းကေန အနားယူျပီလို႔ အသိေပးခဲ့ေၾကာင္း သိရပါတယ္။

ယူနိုက္တက္ တိုက္စစ္မွဴး မားကပ္ ရက္ဖို႕ဒ္ဟာ ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္ပြဲမွာ ရခဲ့တဲ့ ေျခက်င္း၀တ္ ဒဏ္ရာေၾကာင့္ အဂၤလန္အသင္းနဲ႕ အတူ ေနးရွင္းလိဂ္ ပြဲစဥ္မ်ားမွာ ပါ၀င္နုိင္ဖို႔ မေသခ်ာဘဲ ရွိေနပါတယ္။ အျခား တိုက္စစ္မွဴး ျဖစ္တဲ့ မာရွယ္ကေတာ့ ျပင္သစ္အသင္းမွာ ျပန္လည္ ေရြးခ်ယ္ခံထားရပါတယ္။

အီတလီမွာ ပီယာလို လက္သစ္လို႔ နာမည္ေက်ာ္ေနတဲ့ ကြင္းလယ္ကစားသမား တိုနာလီ ကို မန္ခ်က္စတာ ယူနိုက္တက္က ခ်ဥ္းကပ္ေနေပမယ့္ အင္တာမီလန္အသင္းကလည္း လက္ဦးမႈ ယူ ညွိနိႈင္း ထားတာေၾကာင့္ ယူနိုက္တက္တို႔ ေက်ာ္နုိင္ဖို႔ ခက္ခဲေနပါတယ္။

လိုင္လီ ခံစစ္မွဴး ဂါဘရီရယ္ကို ယူနိုက္တက္က ၀င္ေရာက္ ကမ္းလွမ္းမႈ လုပ္ခဲ့ျခင္းဟာ ကစားသမားကို အမွန္တကယ္ အလိုရွိတာေၾကာင့္ မဟုတ္ဘဲ အာဆင္နယ္ရဲ႕ ေခ်ာေမြ႕ေနတဲ့ ေဆြးေႏြးမႈကို ၾကားျဖတ္ ေနွာင့္ယွက္ခဲ့ျခင္းသာ ျဖစ္တယ္လို႔ မန္ခ်က္စတာ အေျခစိုက္ MEN သတင္းဌာနက ဆိုပါတယ္။

မိခင္ကလပ္အသင္းထံ ျပန္လာတဲ့ ဒင္းဟန္ဒါဆန္ကို ယူနိုက္တက္ ပရိသတ္ေတြကေတာ့ ပြဲထြက္ ဂိုးသမား ဒီဂီယာကို ခ်န္လွပ္ျပီး ေနရာေပး ကစားေစဖို႔ အလိုရွိေနပါတယ္။ ဟန္ဒါဆန္ကလည္း ပြဲထြက္ ဂိုးသမား ေနရာ အလိုရွိေၾကာင္း ပြင့္ပြင့္လင္းလင္း ထုတ္ေဖာ္ ေျပာဆိုထားပါတယ္။