ဥရောပ မလာနိုင်တဲ့ ဟန်ဒါဆန်၊ ဘန်ဇီမာ ကို ခေါ်မယ့် ယူနိုက်တက်၊ ချယ်ဆီး တိုက်စစ် ပစ်မှတ်သစ်၊ လင်ဂတ် သွားချိတ်နေတဲ့ ကလပ်နဲ့ အပြောင်းအရွှေ့ ထူးခြား သတင်းများ

ဥရောပဘက် ပြန်လာဖို့ ကြိုးစားနေပြီး အေဂျက်၊ ဂျူဗင်တပ်တို့နဲ့ ချိတ်ဆက်နေတဲ့ ဂျော်ဒန် ဟန်ဒါဆန်ရဲ့ အပြောင်း အရွှေ့ဟာ ဒီလထဲမှာ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ ၎င်းရဲ့ လက်ရှိကလပ် အယ် အက်တီဖက်က ဇန်နဝါရီလထဲမှာတော့ အင်္ဂလန်သားကို အသင်းပြောင်းဖို့ ခွင့်မပြုဘူးလို့ သိရပါတယ်။

ဖီဖာက ချီးမြှင့်တဲ့ ၂၀၂၃ အတွက် အကောင်းဆုံး ကစားသမား ဆု ကို မက်ဆီက ရရှိသွားပြီး မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာကလည်း အကောင်းဆုံး မန်နေဂျာ ဆု ကို ရရှိသွားပါတယ်။

လီဗာပူးအသင်းဟာ နယူးကာဆယ်မှာ နာမည်အကြီးဆုံး ကစားသမား ဖြစ်တဲ့ ဂွီးမားရက်စ် ကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ် ချိန်ရွယ်လာပါတယ်။

ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ အဲဗာတန်နဲ့ နော်တင်ဟမ် ဖောရက်စ် တို့ဟာ ဘဏ္ဍာရေး စည်းမျဉ်း ချိုးဖောက်မှု ကြောင့် အရေးယူခံရတော့မှာ ဖြစ်ပါတယ်။ အမှတ်လျှော့ ပြစ်ဒဏ် ဒီရာသီမှာ ခံရပြီးသား အဲဗာတန် အတွက်တော့ ဒုတိယ အကြိမ် ပြစ်ဒဏ် ခံရတာ ဖြစ်လာမှာပါ။

လက်ကျန် ရာသီဝက်ကို တိုက်စစ်အင်အား မြှင့်ချင်နေတဲ့ ချယ်ဆီးအသင်းဟာ အက်စတွန်ဗီလာ တိုက်စစ်မှုး Jhon Duran ကို အံ့အားသင့်ဖွယ် ချိန်ရွယ်လာပါတယ်။ ဗီလာ နည်းပြ အမ်မရီကတော့ အစားထိုး ကစားသမား ခေါ်နိုင်ဖွယ် မရှိရင် သူ့ တိုက်စစ်မှုးကို ရောင်းချမှာ မဟုတ်ပါဘူး။

တိုက်စစ်မှုးသစ် အလိုရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ကလည်း ဆော်ဒီမှာ အဆင်မပြေ ဖြစ်နေတဲ့ တိုက်စစ်မှုး ဘန်ဇီမာ ကို ရာသီကုန်ထိ ကာလတို အငှားနဲ့ ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။

အသင်းသစ် ဘယ်လိုမှ မရနိုင် ဖြစ်နေတဲ့ သရဲနီဟောင်း လင်ဂတ်ဟာ မေဂျာလိဂ် ကလပ် ပေါ့လန်း တင်ဘာစ် အသင်းထံ သူ့ကို ခေါ်ယူဖို့ မေးမြန်းနေပါတယ်။