ယနေ့ နံနက်ခင်း မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (29-08-20)

တူရကီကလပ် ဂါလာတာဆာရေးဟာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဖရက်ကို စိတ်ဝင်စားလာတာကြောင့် နောက်နှစ်မှာ အပြီးသတ် ဝယ်ယူခွင့် ပါဝင်တဲ့ အငှားစာချုပ်နဲ့ ကမ်းလှမ်းလာဖို့ ရှိနေပါတယ်။

ဟယ်ရီမက်ဂွဲရားက သူရဲ့ ဂရိတရားရုံးက တုန်လှုပ်ဖွယ်အတွေ့အကြုံဟာ မန်ချက်စတာ ယူနိုက်တက်မှာ ၎င်းရဲ့ ခြေစွမ်းအပေါ်ကို အကျိုးသက်ရောက်မှု ရှိမှာမဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။ မက်ဂွဲရားဟာ တနင်္လာနေ့မှာ ယူနိုက်တက် အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ရေးပြန်ဆင်းတော့မှာပါ။

ဒါပေမယ့် ဟယ်ရီမက်ဂွဲရားက ဂရိ က ပြသနာ အပြီးမှာ အင်္ဂလန် လက်ရွေးစင် အသင်းမှာ ပါဝင်ရပြီးမှ ပြန်လည်ချန်လှပ်ခံခဲ့ရတာကြောင့် ၎င်းရဲ့ စိတ်ပျက်မှုကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်က ပစ်မှတ်ထားနေတဲ့ ဆန်ဒရို တိုနာလီဟာ အင်တာနဲ့ ဆွေးနွေးမှု အဆင်မပြေခဲ့တဲ့နောက် အေစီမီလန်ရဲ့ ချဉ်းကပ်မှုကို ခံခဲ့ရတယ်လို့ ဘရက်စီယာ ဥက္ကဌ မက်ဆီမို ဆယ်လီနိုက အတည်ပြုခဲ့ပါတယ်။

ယူနိုက်တက်ဟာ အာဆင်နယ်ကို ရောက်ရှိသွားတဲ့ ဂေဘရီရယ် မက်ဂါးလက်စ် အတွက် သေသေချာချာ ကမ်းလှမ်းမှုမလုပ်ခဲ့တာက သူတို့ တကယ်စိတ်မဝင်စားလို့ဖြစ်ပြီး ယူနိုက်တက်က ချိတ်ဆက်နေတယ်ဆိုတဲ့သတင်းတွေဟာ အာဆင်နယ်ကို ဖိအားပေးဖို့သာဖြစ်တယ်လို့ မန်ချက်စတာ အခြေစိုက် သတင်းဌာနတွေက ယုံကြည်နေပါတယ်။

ယူနိုက်တက် ကွင်းလယ်လူ နီမန်ဂျာ မာတစ်ဟာ ဆားဘီးယားကနေ အင်္ဂလန်ကို ပြန်လာတဲ့အခါ Quarantine ဝင်ရမှာဖြစ်ပြီး အသင်းရဲ့ ရာသီကြိုကို လွဲချော်ရဖွယ် ရှိနေပါတယ်။

ယူနိုက်တက် အနေနဲ့ ဒင်း ဟန်ဒါဆန်ကို ဆက်ထိန်းထားပြီး ဒီဂီယာကို ဒီနွေမှာ ရောင်းထုတ်သင့်တယ်လို့ အာဆင်နယ် ကြယ်ပွင့်ဟောင်း စတီးဝပ် ရော့ဘ်ဆန်က ယုံကြည်နေပါတယ်။

ဘာဒီယာရှီအတွက် ယူနိုက်တက်ရဲ့ ပေါင်၂၂သန်းနဲ့ ကမ်းလှမ်းမှုကို မိုနာကိုက ပယ်ချခဲ့တာကြောင့် လူငယ်နောက်ခံလူအတွက် ယူနိုက်တက်က ဒုတိယအကြိမ် ကမ်းလှမ်းမှု လုပ်တော့မှာ မဟုတ်ပါဘူး။

Zawgyi – တူရကီကလပ္ ဂါလာတာဆာေရးဟာ မန္ခ်က္စတာ ယူႏိုက္တက္ ကြင္းလယ္လူ ဖရက္ကို စိတ္ဝင္စားလာတာေၾကာင့္ ေနာက္ႏွစ္မွာ အၿပီးသတ္ ဝယ္ယူခြင့္ ပါဝင္တဲ့ အငွားစာခ်ဳပ္နဲ႔ ကမ္းလွမ္းလာဖို႔ ရွိေနပါတယ္။

ဟယ္ရီမက္ဂြဲရားက သူရဲ႕ ဂရိတရား႐ုံးက တုန္လႈပ္ဖြယ္အေတြ႕အႀကဳံဟာ မန္ခ်က္စတာ ယူႏိုက္တက္မွာ ၎ရဲ႕ ေျခစြမ္းအေပၚကို အက်ိဳးသက္ေရာက္မႈ ရွိမွာမဟုတ္ဘူးလို႔ ဆိုလိုက္ပါတယ္။ မက္ဂြဲရားဟာ တနလၤာေန႔မွာ ယူႏိုက္တက္ အသင္းေဖာ္ေတြနဲ႔အတူ ေလ့က်င့္ေရးျပန္ဆင္းေတာ့မွာပါ။

ဒါေပမယ့္ ဟယ္ရီမက္ဂြဲရားက ဂရိ က ျပသနာ အျပီးမွာ အဂၤလန္ လက္ေ႐ြးစင္ အသင္းမွာ ပါဝင္ရၿပီးမွ ျပန္လည္ခ်န္လွပ္ခံခဲ့ရတာေၾကာင့္ ၎ရဲ႕ စိတ္ပ်က္မႈကို ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္က ပစ္မွတ္ထားေနတဲ့ ဆန္ဒ႐ို တိုနာလီဟာ အင္တာနဲ႔ ေဆြးေႏြးမႈ အဆင္မေျပခဲ့တဲ့ေနာက္ ေအစီမီလန္ရဲ႕ ခ်ဥ္းကပ္မႈကို ခံခဲ့ရတယ္လို႔ ဘရက္စီယာ ဥကၠဌ မက္ဆီမို ဆယ္လီႏိုက အတည္ျပဳခဲ့ပါတယ္။

ယူႏိုက္တက္ဟာ အာဆင္နယ္ကို ေရာက္ရွိသြားတဲ့ ေဂဘရီရယ္ မက္ဂါးလက္စ္ အတြက္ ေသေသခ်ာခ်ာ ကမ္းလွမ္းမႈမလုပ္ခဲ့တာက သူတို႔ တကယ္စိတ္မဝင္စားလို႔ျဖစ္ၿပီး ယူႏိုက္တက္က ခ်ိတ္ဆက္ေနတယ္ဆိုတဲ့သတင္းေတြဟာ အာဆင္နယ္ကို ဖိအားေပးဖို႔သာျဖစ္တယ္လို႔ မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနေတြက ယုံၾကည္ေနပါတယ္။

ယူႏိုက္တက္ ကြင္းလယ္လူ နီမန္ဂ်ာ မာတစ္ဟာ ဆားဘီးယားကေန အဂၤလန္ကို ျပန္လာတဲ့အခါ Quarantine ဝင္ရမွာျဖစ္ၿပီး အသင္းရဲ႕ ရာသီႀကိဳကို လြဲေခ်ာ္ရဖြယ္ ရွိေနပါတယ္။

ယူႏိုက္တက္ အေနနဲ႔ ဒင္း ဟန္ဒါဆန္ကို ဆက္ထိန္းထားၿပီး ဒီဂီယာကို ဒီေႏြမွာ ေရာင္းထုတ္သင့္တယ္လို႔ အာဆင္နယ္ ၾကယ္ပြင့္ေဟာင္း စတီးဝပ္ ေရာ့ဘ္ဆန္က ယုံၾကည္ေနပါတယ္။

ဘာဒီယာရွီအတြက္ ယူႏိုက္တက္ရဲ႕ ေပါင္၂၂သန္းနဲ႔ ကမ္းလွမ္းမႈကို မိုနာကိုက ပယ္ခ်ခဲ့တာေၾကာင့္ လူငယ္ေနာက္ခံလူအတြက္ ယူႏိုက္တက္က ဒုတိယအႀကိမ္ ကမ္းလွမ္းမႈ လုပ္ေတာ့မွာ မဟုတ္ပါဘူး။