ယနေ့ နံနက်ခင်း ချယ်ဆီး အပြောင်းအရွှေ့ သတင်းတိုများ (29-08-20)

အက်စ်တွန်ဗီလာအသင်းဟာ ချယ်ဆီး တိုက်စစ်မှူး တန်မီအေဗရာဟမ်ကို ပြန်လည် ခေါ်ယူလိုပေမယ့် အသက် ၂၂နှစ် အရွယ် ကစားသမားက စတန်းဖို့ဒ်ဘရစ်ချ်မှာပဲ ဆက်နေလိုပြီး နေရာရဖို့ တိုက်ပွဲဝင်ချင်နေပါတယ်။

မာလန်ဆားရဲ့ အလားအလာကောင်း ခြေစွမ်းတွေကြောင့် ချယ်ဆီးဟာ သူ့ကို အလွတ်ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးကို လက်မလွှတ်နိုင်ခဲ့တာဖြစ်တယ်လို့ ကလပ်အသင်း ဒါရိုက်တာ မာရီနာက ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးဟာ ဘင်ချီဝဲနဲ့ မာလန်ဆားကို ခေါ်ယူခဲ့တာကြောင့် အပိုဖြစ်နေတဲ့ အီမာဆန်ကို ယူရို ၂၅သန်းနဲ့ ရောင်းထုတ်ချင်ခဲ့ပေမယ့် အင်တာမီလန်က အဲ့ဒီ့ပမာဏဟာ မတန်ဘူးလို့ထင်တာကြောင့် မန်စီးတီး ကစားသမားဟောင်း ကိုလာရော့ဗ်ကိုပဲ ခေါ်ယူသွားခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ အသုံးစရိတ်များစွာ သုံးစွဲပြီး များပြားတဲ့ အင်အားဖြည့်တင်းမှုတွေ လုပ်နေပေမယ့် လီဗာပူးနည်းပြ ကလော့ပ်က ဖလားစိန်ခေါ်လာမယ့်သူတွေကို စိုးရိမ်မနေပဲ ငွေသုံးနိုင်တိုင်း ချန်ပီယံ မဖြစ်နိူင်ဘူးလို့ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။

ပွဲထွက် ဂိုးသမားနေရာအတွက် ကီပါကို စိန်ခေါ်နိုင်မယ့်သူကို ခေါ်ယူဖို့ ချယ်ဆီးအသင်းဟာ အေစီမီလန်ဂိုးသမား ဒွန်နာရမ်မာ၊ ရန်းနက်စ်ဂိုးသမား အီဒူရတ် မန်ဒီ၊ လိုင်လီရဲ့ မိုက်ခ် မစ်ဂ်နန်နဲ့ အေတီကိုဂိုးသမား ဂျန်အော့ဘလက်တို့ကို လျာထားနေပါတယ်။

ဒီနွေမှာ ဘယ်နောက်ခံလူ အသစ်တစ်ယောက် ခေါ်ယူချင်နေတဲ့ ဆီးဗီးလားဟာ ချယ်ဆီး နောက်ခံလူ မားကို့စ် အလွန်ဆိုကို စိတ်ဝင်စားနေပြီး ပေါင်၁၈သန်းလောက်နဲ့ ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။

ချယ်ဆီးဟာ အေစီမီလန် ဂိုးသမား ဒွန်နာရမ်မာကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး မီလန်ကတော့ သူတို့ရဲ့ အသက် ၂၁နှစ်အရွယ် ဂိုးသမားအတွက် ပေါင်သန်း၅၀ တန်ကြေးသတ်မှတ်ထားတာ ဖြစ်ပါတယ်။

ချယ်ဆီးဟာ သီယာဂို ဆေးဗားကို ခေါ်ယူခဲ့တဲ့နောက် ပုံမှန် ကစားခွင့်ရအောင် မာလန်ဆားကို အငှားချထားနိုင်သလို ကိုင်ဟားဗတ်ရဲ့ အပြောင်းအရွှေ့အတွက် အလိုက်ပေးဖို့လဲ သူ့ကို အသုံးပြုနိုင်ဖွယ် ရှိနေကြောင်း သိရပါတယ်။

Zawgyi – အက္စ္တြန္ဗီလာအသင္းဟာ ခ်ယ္ဆီး တိုက္စစ္မႉး တန္မီေအဗရာဟမ္ကို ျပန္လည္ ေခၚယူလိုေပမယ့္ အသက္ ၂၂ႏွစ္ အ႐ြယ္ ကစားသမားက စတန္းဖို႔ဒ္ဘရစ္ခ်္မွာပဲ ဆက္ေနလိုၿပီး ေနရာရဖို႔ တိုက္ပြဲဝင္ခ်င္ေနပါတယ္။

မာလန္ဆားရဲ႕ အလားအလာေကာင္း ေျခစြမ္းေတြေၾကာင့္ ခ်ယ္ဆီးဟာ သူ႔ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကး နဲ႔ ေခၚယူႏိုင္မယ့္ အခြင့္အေရးကို လက္မလႊတ္ႏိုင္ခဲ့တာျဖစ္တယ္လို႔ ကလပ္အသင္း ဒါ႐ိုက္တာ မာရီနာက ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးဟာ ဘင္ခ်ီဝဲနဲ႔ မာလန္ဆားကို ေခၚယူခဲ့တာေၾကာင့္ အပိုျဖစ္ေနတဲ့ အီမာဆန္ကို ယူ႐ို ၂၅သန္းနဲ႔ ေရာင္းထုတ္ခ်င္ခဲ့ေပမယ့္ အင္တာမီလန္က အဲ့ဒီ့ပမာဏဟာ မတန္ဘူးလို႔ထင္တာေၾကာင့္ မန္စီးတီး ကစားသမားေဟာင္း ကိုလာေရာ့ဗ္ကိုပဲ ေခၚယူသြားခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ အသုံးစရိတ္မ်ားစြာ သုံးစြဲၿပီး မ်ားျပားတဲ့ အင္အားျဖည့္တင္းမႈေတြ လုပ္ေနေပမယ့္ လီဗာပူးနည္းျပ ကေလာ့ပ္က ဖလားစိန္ေခၚလာမယ့္သူေတြကို စိုးရိမ္မေနပဲ ေငြသုံးႏိုင္တိုင္း ခ်န္ပီယံ မျဖစ္ႏိူင္ဘူးလို႔ မွတ္ခ်က္ျပဳ ေျပာဆိုခဲ့ပါတယ္။

ပြဲထြက္ ဂိုးသမားေနရာအတြက္ ကီပါကို စိန္ေခၚႏိုင္မယ့္သူကို ေခၚယူဖို႔ ခ်ယ္ဆီးအသင္းဟာ ေအစီမီလန္ဂိုးသမား ဒြန္နာရမ္မာ၊ ရန္းနက္စ္ဂိုးသမား အီဒူရတ္ မန္ဒီ၊ လိုင္လီရဲ႕ မိုက္ခ္ မစ္ဂ္နန္နဲ႔ ေအတီကိုဂိုးသမား ဂ်န္ေအာ့ဘလက္တို႔ကို လ်ာထားေနပါတယ္။

ခ်ယ္ဆီးဟာ သီယာဂို ေဆးဗားကို ေခၚယူခဲ့တဲ့ေနာက္ ပုံမွန္ ကစားခြင့္ရေအာင္ မာလန္ဆားကို အငွားခ်ထားႏိုင္သလို ကိုင္ဟားဗတ္ရဲ႕ အေျပာင္းအေ႐ႊ႕အတြက္ အလိုက္ေပးဖို႔လဲ သူ႔ကို အသုံးျပဳႏိုင္ဖြယ္ ရွိေနေၾကာင္း သိရပါတယ္။

ဒီေႏြမွာ ဘယ္ေနာက္ခံလူ အသစ္တစ္ေယာက္ ေခၚယူခ်င္ေနတဲ့ ဆီးဗီးလားဟာ ခ်ယ္ဆီး ေနာက္ခံလူ မားကို႔စ္ အလြန္ဆိုကို စိတ္ဝင္စားေနၿပီး ေပါင္၁၈သန္းေလာက္နဲ႔ ကမ္းလွမ္းသြားဖို႔ ရွိေနပါတယ္။

ခ်ယ္ဆီးဟာ ေအစီမီလန္ ဂိုးသမား ဒြန္နာရမ္မာကို ေခၚယူဖို႔ ေဆြးေႏြးမႈေတြ လုပ္ခဲ့ၿပီး မီလန္ကေတာ့ သူတို႔ရဲ႕ အသက္ ၂၁ႏွစ္အ႐ြယ္ ဂိုးသမားအတြက္ ေပါင္သန္း၅၀ တန္ေၾကးသတ္မွတ္ထားတာ ျဖစ္ပါတယ္။