လီဗာပူး တိုက်စစ်မှုး မိုဟာမက် ဆာလာ က အီဂျစ် အသင်းနဲ့ အတူ အာဖရိကဖလား ပြိုင်ပွဲဝင် ကစားနေစဉ် တံကောက်ကြော ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။
အသက် ၃၁ နှစ် အရွယ် ကစားသမားဟာ လီဗာပူးအသင်းထံ ပြန်လာပြီး ပြန်လည် ထူထောင်ရေး များ လုပ်ကာ ကုသ လေ့ကျင့်ဖို့ လုပ်ဆောင်နေပါပြီ။ ဒါပေမယ့် ဆာလာရဲ့ ဒဏ်ရာဟာ ထင်တာထက် ပို ပြင်းထန်နေပြီး တစ်လလောက် အထိပါ အနားယူရဖွယ် ရှိနေတယ် သတင်းထွက်လာပါတယ်။
ဆာလာ အေးဂျင့်ထံက သတင်းအရ အီဂျစ်သား ရဲ့ ဒဏ်ရာဟာ ၂၁ ရက်ကနေ် ၂၈ ရက်လောက်ထိ ကြာနိုင်ပြီး လီဗာပူး အသင်းရဲ့ ပွဲစဉ် ၆ ပွဲလောက် အထိ လွဲချော်နိုင်တယ် လို့ ဆိုပါတယ်။ ထိုပွဲတွေထဲမှာ အာဆင်နယ်နဲ့ အဝေးကွင်း ပရီးမီးယားလိဂ် ပွဲလည်း ပါဝင်ပါတယ်။
လီဗာပူး အသင်း အတွက်တော့ အားထားရတဲ့ တိုက်စစ်မှုး ဆာလာကို ရှုံးထွက်ဖလားပွဲစဉ်တွေ ပါ လက်လွှတ်ရမှာ ဖြစ်လို့ အထိနာလှပါတယ်။
ဆာလာ လွဲချော်နိုင်တဲ့ ပွဲစဉ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
Fulham (away) — Carabao Cup — January 24
Norwich City (home) — FA Cup — January 28
Chelsea (home) — Premier League — January 31
Arsenal (away) — Premier League — February 4
Burnley (home) — Premier League — February 10
Brentford (away) — Premier League — February 17.
လီဗာပူးအသင်းသာ ကာရာဘောင်းဖလား ဖိုင်နယ်ထိ တက်ရောက်နိုင်မယ် ဆိုရင်တော့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ကစားမယ့် ဗိုလ်လုပွဲကိုတော့ ဆာလာ ပါဝင်နိုင်ဖွယ် ရှိပါတယ်။ ဒါပေမယ့် ဒီအတွက် ဖူလ်ဟမ်ကို ကျော်ဖြတ် အနိုင်ယူမှ ဖြစ်မှာပါ။