ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (29-08-20)

ချယ်ဆီးကနေ ဝီလီယံ ရောက်ရှိလာတာက နေရာပြိုင်ဆိုင်မှုတွေ ပိုရှိလာမှာဖြစ်ပေမယ့် လူငယ်ကြယ်ပွင့် မာတီနယ်လီ ကတော့ ဘရာဇီးသားနဲ့အတူ ကစားရဖို့ မျှော်လင့်နေပြီး ဝီလီယံ က ဂန်းနားတွေကို ဆုဖလားတွေ အောင်မြင်စေဖို့ ကူညီပေးလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

မာတီနယ်လီက အမ်းမရိတ်စ် ပွဲဦးထွက်ရာသီမှာ ပြိုင်ပွဲစုံ ၁၀ဂိုး သွင်းယူခဲ့ပြီး အာဆင်နယ် အတွက် ဗဟိုတိုက်စစ်နဲ့ ဘယ်တောင်ပံနေရာတွေမှာ ကစားခဲ့ပေမယ့် သူ့အကြိုက်ဆုံးနေရာက တောင်ပံတိုက်စစ် ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

သောမတ်စ် ပါတေးလို ကစားသမားတွေ ခေါ်ယူနိုင်ရေးမှာ အသုံးစရိတ်တွေ ရရှိနိုင်ဖို့အတွက် အာဆင်နယ်အသင်း ဟာ တိုက်စစ်မှူး လာကာဇက်တီကို ရောင်းချနိုင်တယ်လို့ ယုံကြည်ကြောင်း ရေးပါလာက ပြောဆိုခဲ့ပါတယ်။

အာဆင်နယ် ပစ်မှတ် ကစားသမား ဖြစ်တဲ့ လိုင်ယွန်ကွင်းလယ်လူ အော်ရေး ဟာ ကိုရိုနာဗိုင်းရပ်စ် ပေါ့စတစ် စစ်ဆေး တွေ့ရှိခဲ့ရတဲ့နောက် မနေ့က ဒီဂျွန်နဲ့ ကစားခဲ့တဲ့ လိုင်ယွန်ရဲ့ လီဂူးဝမ်း အဖွင့်ပွဲမှာ ကစားခွင့် မရရှိခဲ့ပါဘူး။

ရာသီသစ်မှာ အာဆင်နယ်အတွက် ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့လိုတယ်ဆိုပြီး နည်းပြ အာတီတာက သူ့ ကစားသမားတွေကို စိန်ခေါ်ခဲ့သလို ရာသီတိုင်း ချန်ပီယံလိဂ် ကစားရဖို့က ကလပ်ရဲ့အနာဂတ်အတွက် အဓိက ကျတယ်လို့ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ ဂိုးသမား မာတီနက်ကို ဒီနွေမှာ ရောင်းထုတ်ချင်နေပြီး အစားထိုးအနေနဲ့ ဘရန့်ဖို့ဒ် ဂိုးသမား ဒေးဗစ် ရာယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အာဆင်နယ် လူငယ်ကြယ်ပွင့် ဆမ် ဂရင်းဝုဒ်ဟာ လိဒ် ယူနိုက်တက်ကို အပြီးသတ် ပြောင်းရွှေ့နိုင်ခဲ့ပြီး အာဆင်နယ်အနေနဲ့ ကနဦး ပေါင်၁.၅သန်းကနေ ဆုကြေးတွေအပေါ် မူတည်ပြီး ပေါင်၃သန်းအထိ တိုးမြှင့် ရရှိနိူင်တယ်လို့ သိရပါတယ်။

ဝီလီယံဟာ သူ့ ကစားသမားဘဝမှာ လုပ်ပြခဲ့တာတွေကို အားရ ကျေနပ်မှု မရှိသေးဘူးလို့ အာတီတာက ယူဆထားပြီး ၎င်းဟာ အာဆင်နယ် အတွက် ထူးခြားတဲ့ အရည်အသွေးတွေနဲ့ စိတ်ဓာတ်ကောင်းတွေ ယူဆောင် ပေးလိမ့်မယ်လို့ ထောက်ခံ ပြောဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးကေန ဝီလီယံ ေရာက္ရွိလာတာက ေနရာၿပိဳင္ဆိုင္မႈေတြ ပိုရွိလာမွာျဖစ္ေပမယ့္ လူငယ္ၾကယ္ပြင့္ မာတီနယ္လီ ကေတာ့ ဘရာဇီးသားနဲ႔အတူ ကစားရဖို႔ ေမွ်ာ္လင့္ေနၿပီး ၀ီလီယံ က ဂန္းနားေတြကို ဆုဖလားေတြ ေအာင္ျမင္ေစဖို႔ ကူညီေပးလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

မာတီနယ္လီက အမ္းမရိတ္စ္ ပြဲဦးထြက္ရာသီမွာ ၿပိဳင္ပြဲစုံ ၁၀ဂိုး သြင္းယူခဲ့ၿပီး အာဆင္နယ္ အတြက္ ဗဟိုတိုက္စစ္နဲ႔ ဘယ္ေတာင္ပံေနရာေတြမွာ ကစားခဲ့ေပမယ့္ သူ႔အႀကိဳက္ဆုံးေနရာက ေတာင္ပံတိုက္စစ္ ျဖစ္တယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

ေသာမတ္စ္ ပါေတးလို ကစားသမားေတြ ေခၚယူႏိုင္ေရးမွာ အသုံးစရိတ္ေတြ ရရွိႏိုင္ဖို႔အတြက္ အာဆင္နယ္အသင္း ဟာ တိုက္စစ္မွဴး လာကာဇက္တီကို ေရာင္းခ်ႏိုင္တယ္လို႔ ယုံၾကည္ေၾကာင္း ေရးပါလာက ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ ပစ္မွ​တ္ ကစားသမား ျဖစ္တဲ့ လိုင္ယြန္ကြင္းလယ္လူ ေအာ္ေရး ဟာ ကို႐ိုနာဗိုင္းရပ္စ္ ေပါ့စတစ္ စစ္ေဆး ေတြ႕ရွိခဲ့ရတဲ့ေနာက္ မေန႔က ဒီဂြၽန္နဲ႔ ကစားခဲ့တဲ့ လိုင္ယြန္ရဲ႕ လီဂူးဝမ္း အဖြင့္ပြဲမွာ ကစားခြင့္ မရရွိခဲ့ပါဘူး။

ရာသီသစ္မွာ အာဆင္နယ္အတြက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရဖို႔လိုတယ္ဆိုၿပီး နည္းျပ အာတီတာက သူ႔ ကစားသမားေတြကို စိန္ေခၚခဲ့သလို ရာသီတိုင္း ခ်န္ပီယံလိဂ္ ကစားရဖို႔က ကလပ္ရဲ႕အနာဂတ္အတြက္ အဓိက က်တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ ဂိုးသမား မာတီနက္ကို ဒီေႏြမွာ ေရာင္းထုတ္ခ်င္ေနၿပီး အစားထိုးအေနနဲ႔ ဘရန္႔ဖို႔ဒ္ ဂိုးသမား ေဒးဗစ္ ရာယာကို ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။

အာဆင္နယ္ လူငယ္ၾကယ္ပြင့္ ဆမ္ ဂရင္းဝုဒ္ဟာ လိဒ္ ယူႏိုက္တက္ကို အၿပီးသတ္ ေျပာင္းေ႐ႊ႕ႏိုင္ခဲ့ၿပီး အာဆင္နယ္အေနနဲ႔ ကနဦး ေပါင္၁.၅သန္းကေန ဆုေၾကးေတြအေပၚ မူတည္ၿပီး ေပါင္၃သန္းအထိ တိုးျမႇင့္ ရရွိႏိူင္တယ္လို႔ သိရပါတယ္။

ဝီလီယံဟာ သူ႔ ကစားသမားဘဝမွာ လုပ္ျပခဲ့တာေတြကို အားရ ေက်နပ္မႈ မရွိေသးဘူးလို႔ အာတီတာက ယူဆထားျပီး ၎ဟာ အာဆင္နယ္ အတြက္ ထူးျခားတဲ့ အရည္အေသြးေတြနဲ႔ စိတ္ဓာတ္ေကာင္းေတြ ယူေဆာင္ ေပးလိမ့္မယ္လို႔ ေထာက္ခံ ေျပာဆိုခဲ့ပါတယ္။