ကင်းထောက်လွှတ်ထားတဲ့ တောင်ပံ တိုက်စစ်၊ အကြို သဘောတူတော့မယ့် ကွင်းလယ်၊ ဗန်ပါစီ ပြောစကားနဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းများ

ပီအက်စ်ဂျီ တောင်ပံသမား ဇာဗီ ဆိုင်မွန်ရဲ့ ခြေစွမ်းကို စောင့်ကြည့်ဖို့အတွက် အာဆင်နယ်အသင်းက ဂျာမနီကို ကင်းထောက်တွေ စေလွှတ်ထားတယ်လို့ သိရပါတယ်။ ၎င်းက လက်ရှိ လိုက်ပ်ဇစ်မှာ အငှား ကစားနေတာပါ။

အာဆင်နယ် အသင်းဟာ လာလီဂါကလပ် ရီးရဲလ်ဆိုစီဒက်အသင်းမှ ကွင်းလယ် ကစားသမား ဇူဘီမန်ဒီကို နွေမှာ ခေါ်ယူနိုင်ရေးအတွက် အကြိုသဘောတူညီမှု ရတော့မယ် လို့ သိရပါတယ်။

ဂန်းနားဟောင်းကြီ ဗန်ပါစီကတော့ အင်္ဂလန်မှာ သူ့အတွက် အိမ်လိုနေရာက အာဆင်နယ် မဟုတ်ဘဲ မန်ချက်စတာ ယူနိုက်တက် ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပေါ်တို တိုက်စစ်မှုး အီဗန်နင်ဆန် ကို နွေဈေးကွက်ကျရင် ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ ဘရာဇီးသားရဲ့ ခြေစွမ်းကို ဂန်းနားတို့က အတော် သဘောကျနေပြီး ၎င်းရဲ့ ဈေးကွက် ပေါက်ဈေးက ယူရို ၇၅ သန်း ဖြစ်ပါတယ်။

နာဝန်နီရီဟာ အာဆင်နယ်အသင်းမှာပဲ ပျော်ရွှင်နေပြီး ကလပ်ကို စွန့်ခွာဖို့ မစဉ်းစားသေးကြောင်း ထုတ်ပြောလာပါတယ်။

လီဗာပူးကစားသမား အာနိုးက သူ့အကြိုက် တိုက်စစ်မှူးဖြစ်တဲ့ အွန်နရီနဲ့အတူ တွဲဘက် ကစားလိုပါကြောင်း ထုတ်ပြောခဲ့သလို ဂန်းနားဟောင်းကြီးဟာ မြင်ဖူးသမျှ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးလို့ ချီးကျူးခဲ့ပါတယ်။

မာဆေးအသင်းဟာ အာဆင်နယ်ထံကနေ တာဘာရက်စ်ကို ခေါ်ယူဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ အာဆင်နယ်ဘက်ကလည်း အပြီးသတ် စာချုပ်နဲ့ဆိုရင် ကစားသမားကို ရောင်းချလိုနေပါတယ်။