အာဆင်နယ် ကွင်းလယ်ကစားသမား မီဆွတ် အိုဇေးလ်ရဲ့ ဖန်တီးနိုင်စွမ်းတွေဟာ ပရိသတ်တွေ အမြင်မှာ လျှော့တွက် ခံနေရတယ်လို့ အသင်းဖော် ဂိုးသမား လီနိုက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ လီနိုနဲ့ အိုဇေးလ် တို့ဟာ ဂျာမနီလက်ရွေးစင် အသင်းမှာတည်းက အသင်းဖော်တွေ ဖြစ်ခဲ့ကြပါတယ်။
အသက် ၃၁ နှစ် အရွယ် ကွင်းလယ်ကစားသမား အိုဇေးလ်ရဲ့ လွှမ်းမိုးမှုက ဒီတလော နှစ်တွေ အတွင်း ကျဆင်းလာပြီး ပရီးမီးယား လိဂ်မှာ ပြီးခဲ့တဲ့ ရာသီ အစက စလို့ အခုထိ ၆ ဂိုး သွင်း ၄ ဂိုးသာ ထောက်ပံ့မှု ပြုလုပ်ထားနိုင်ပါတယ်။ အသင်းကလည်း လစာ အမြင့်ဆုံး ပေးထားရတဲ့ အိုဇေးလ်ကို ရောင်းချဖို့ လတ်တလော အပြောင်းအရွှေ့များမှာ ကြိုးပမ်းခဲ့ပါသေးတယ်။
လီနိုကတော့ အချက်အလက်တွေထက် အိုဇေးလ်ရဲ့ အမြင်နဲ့ ပံ့ပိုးမှုတွေက အသင်းဖော်တွေကို ကောင်းကောင်း ထောက်ပံ့နိုင်နေဆဲ ဖြစ်တယ် လို့ ရှေ့နေလိုက်ကာ ကာကွယ် ပြောဆိုလာခဲ့တာပါ။
” အိုဇေးလ် ဘောလုံး ပေးပို့မှုတွေက မယုံနိုင်လောက်ကိုပဲ သိပ်ကောင်းတယ် ကျနော် ထင်တယ်။ သူ ဂိုး ထောက်ပံ့မှုတွေ သိပ် မများတော့တာ ကျနော် သိပါတယ်။ ဒါပေမယ့် သူ ဂိုး အခွင့်အရေး ဖန်တီးမှုတွေ ဘယ်လောက် လုပ်ပေးနေလဲဆိုတာ ခင်ဗျားတို့ မြင်အောင် ကြည့်ဖို့ လိုမယ် ထင်တယ်။ ဂိုးထောက်ပံ့မှု မလုပ်ခင် သူက ဖန်တီးမှုတွေ ပြုလုပ်ပေးနေတာပါ။
သူက အသင်းဖော်တွေကို နေရာကောင်းတွေ ဆီ ပေးပို့နေတယ် ဒါကို လူတော်တော်များများက မမြင်ကြဘူး။ သူ့ကို နေ့တိုင်း ထရိန်နင်မှာ မြင်နေရရင် ကွင်းထဲမှာ အတူ ရှိနေရရင် သူ ဘယ်လောက် အရေးကြီးတယ် သူ့ပေးပို့မှုတွေ့ အသက် ဆိုတာ ခံစားမိလာပါလိမ့်မယ်။ ” လို့ လီနိုက ထောက်ပြ ပြောဆိုခဲ့ပါတယ်။
အာဆင်နယ် အသင်းရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် အိုဇေးလ်ကို ရောင်းချဖို့ အသင်းကစားသမားဟောင်းတွေက မကြာခဏ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် အိုဇေးလ်ကတော့ အသင်းကနေ ထွက်ခွာသွားဖို့ စိတ်ကူး မရှိဘဲ အနည်းဆုံး လက်ရှိ စာချုပ် ကုန်ဆုံးသည်ထိ အာဆင်နယ်မှာ ဆက်နေလိုကြောင်း အေးဂျင့်က ထုတ်ဖော် ပြောဆိုထားပါတယ်။
Zawgyi – အာဆင္နယ္ ကြင္းလယ္ကစားသမား မီဆြတ္ အိုေဇးလ္ရဲ႕ ဖန္တီးနိုင္စြမ္းေတြဟာ ပရိသတ္ေတြ အျမင္မွာ ေလွ်ာ့တြက္ ခံေနရတယ္လို႔ အသင္းေဖာ္ ဂိုးသမား လီနိုက ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။ လီနိုနဲ႕ အိုေဇးလ္ တို႔ဟာ ဂ်ာမနီလက္ေရြးစင္ အသင္းမွာတည္းက အသင္းေဖာ္ေတြ ျဖစ္ခဲ့ၾကပါတယ္။
အသက္ ၃၁ နွစ္ အရြယ္ ကြင္းလယ္ကစားသမား အိုေဇးလ္ရဲ႕ လႊမ္းမိုးမႈက ဒီတေလာ နွစ္ေတြ အတြင္း က်ဆင္းလာျပီး ပရီးမီးယားလိဂ္မွာ ျပီးခဲ့တဲ့ ရာသီ အစက စလို႔ အခုထိ ၆ ဂိုး သြင္း ၄ ဂိုးသာ ေထာက္ပံ့မႈ ျပဳလုပ္ထားနုိင္ပါတယ္။ အသင္းကလည္း လစာ အျမင့္ဆံုး ေပးထားရတဲ့ အိုေဇးလ္ကို ေရာင္းခ်ဖို႔ လတ္တေလာ အေျပာင္းအေရႊ႕မ်ားမွာ ၾကိဳးပမ္းခဲ့ပါေသးတယ္။
လီနိုကေတာ့ အခ်က္အလက္ေတြထက္ အိုေဇးလ္ရဲ႕ အျမင္နဲ႕ ပံ့ပိုးမႈေတြက အသင္းေဖာ္ေတြကို ေကာင္းေကာင္း ေထာက္ပံ့နုိင္ေနဆဲ ျဖစ္တယ္လို႔ ေရွ႕ေနလိုက္ကာ ကာကြယ္ ေျပာဆိုလာခဲ့တာပါ။
” အုိေဇးလ္ ေဘာလံုး ေပးပို႔မႈေတြက မယံုနိုင္ေလာက္ကိုပဲ သိပ္ေကာင္းတယ္ က်ေနာ္ ထင္တယ္။ သူ ဂိုး ေထာက္ပံ့မႈေတြ သိပ္ မမ်ားေတာ့တာ က်ေနာ္ သိပါတယ္။ ဒါေပမယ့္ သူ ဂိုး အခြင့္အေရး ဖန္တီးမႈေတြ ဘယ္ေလာက္ လုပ္ေပးေနလဲဆိုတာ ခင္ဗ်ားတို႔ ျမင္ေအာင္ ၾကည့္ဖို႔ လိုမယ္ ထင္တယ္။ ဂိုးေထာက္ပ့ံမႈ မလုပ္ခင္ သူက ဖန္တီးမႈေတြ ျပဳလုပ္ေပးေနတာပါ။
သူက အသင္းေဖာ္ေတြကို ေနရာေကာင္းေတြ ဆီ ေပးပို႔ေနတယ္ ဒါကို လူေတာ္ေတာ္မ်ားမ်ားက မျမင္ၾကဘူး။ သူ႔ကို ေန႔တိုင္း ထရိန္နင္မွာ ျမင္ေနရရင္ ကြင္းထဲမွာ အတူ ရွိေနရရင္ သူ ဘယ္ေလာက္ အေရးၾကီးတယ္ သူ႔ေပးပို႔မႈေတြ႕ အသက္ ဆိုတာ ခံစားမိလာပါလိမ့္မယ္။ ” လို႔ လီနိုက ေထာက္ျပ ေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္ အသင္းရဲ႕ ဘ႑ာေရး အၾကပ္အတည္းေၾကာင့္ အိုေဇးလ္ကို ေရာင္းခ်ဖို႔ အသင္းကစားသမားေဟာင္းေတြက မၾကာခဏ တိုက္တြန္းမႈေတြလည္း ရွိေနပါတယ္။ ဒါေပမယ့္ အိုေဇးလ္ကေတာ့ အသင္းကေန ထြက္ခြာသြားဖို႕ စိတ္ကူး မရွိဘဲ အနည္းဆံုး လက္ရွိ စာခ်ဳပ္ ကုန္ဆံုးသည္ထိ အာဆင္နယ္မွာ ဆက္ေနလိုေၾကာင္း ေအးဂ်င့္က ထုတ္ေဖာ္ ေျပာဆိုထားပါတယ္။