ဂရီလစ်အတွက် ကစားသမား ၃ ဦး အလိုက်ပေးတဲ့ ကမ်းလှမ်းမှုကို ယူနိုက်တက်ဘက်က ပေးပို့လို

မန်နေဂျာဆိုးရှားက ကလပ်အသင်း တာဝန်ရှိသူတွေကို နေရာ သုံးခုအတွက် အင်အားဖြည့်လိုကြောင်း ပြောဆိုထားကာ အဆိုပါ နေရာတွေက တိုက်စစ် ညာခြမ်း ကစားသမား၊ ကွင်းလယ်လူနဲ့ ဗဟိုခံစစ်မှူးတို့ ဖြစ်ပါတယ်။

ဆိုးရှားကိုယ်တိုင်က ညာခြမ်းကို အားပြုကစားပေးမယ့် တိုက်စစ်သမားကိုသာ ဦးစားပေးအဖြစ် အလိုရှိနေပါတယ်။ ညာခြမ်းတိုက်စစ်ကို အားဖြည့်နိုင်ခြင်းက ရပ်ဖိုဒ့်၊ မာရှယ်၊ ဂရင်းဝုဒ်တို့ ခြေစွမ်းပြနေတဲ့ တိုက်စစ်ကို ပိုမို အင်အားတောင့်တင်းစေမယ်လို့ ဆိုးရှားက ယုံကြည်တယ်။ အဆိုပါ နေရာအတွက် ဆန်ချိုကို ဦးစားပေးဖြစ်ကာ မရခဲ့ရင် ဂရီလစ်ကို ချိတ်ဆက်နိုင်ဖို့ ကြိုးစားမှာပါ။

ကိုရိုနာကပ်ဘေးကြောင့် ဘဏ္ဍာရေးတွေ ထိခိုက်မှုတွေ ရှိလာမှာဖြစ်ကာ ယူနိုက်တက်က အဓိက ကစားသမားတွေကို လက်လွတ်ခံမှာလည်း မဟုတ်ပါဘူး။ ဒါကြောင့် ပေါင် ၇၅ သန်းလောက်ကုန်မယ့် အင်္ဂလန်သားအတွက် အကောင်းဆုံး နည်းလမ်းဖြစ်မယ့် ကစားသမား အလိုက်ပါတဲ့ ကမ်းလှမ်းမှုကို ယူနိုက်တက်ဘက်က ပေးလိုနေတယ်လို့ ဒေးလီးမေလ်းက ဖော်ပြတယ်။

ဂရီလစ်အတွက် ယူနိုက်တက်က ကစားသမား သုံးဦး အလိုက်ပေးလိုကာ ဂိုးသမား ရိုမဲရိုးနဲ့ ညာအစွန်လူ ဒါးလော့တို့လည်း ပါဝင်ပါတယ်။ အက်စတွန်ဗီလာက ဂိုးသမားသစ် ရှာဖွေနေကာ ညာအစွန်နေရာကိုလည်း အားဖြည့်လိုတာကြောင့် ဂရီလစ် အပြောင်းအရွှေ့မှာ သူတို့ နှစ်ဦးကို ထည့်သွင်းခြင်းက မက်လုံးကောင်းဖြစ်မယ်လို့ ယူနိုက်တက်က ယုံကြည်တယ်။

အစောတုန်းက ဂိုးသမားဒင်းဟန်ဒါဆန်ကိုလည်း ကမ်းလှမ်းမှုထဲ ထည့်လိုပေမယ့် စာချုပ်သစ်ပေးခဲ့ကာ အသင်းမှာ များပြားနေတဲ့ ခံစစ်မှူးတွေထဲက တစ်ဦးဦးကို အလိုက်ပေးမှုအတွင်း ထည့်သွင်းသွားဖို့ ဆန္ဒရှိနေကြောင်းလည်း သတင်းထွက်နေပါတယ်။

ZAWGYI – မန္ေနဂ်ာဆိုးရွားက ကလပ္အသင္း တာဝန္ရွိသူေတြကို ေနရာ သံုးခုအတြက္ အင္အားျဖည့္လိုေၾကာင္း ေျပာဆိုထားကာ အဆိုပါ ေနရာေတြက တိုက္စစ္ ညာျခမ္း ကစားသမား၊ ကြင္းလယ္လူနဲ႔ ဗဟိုခံစစ္မွဴးတို႔ ျဖစ္ပါတယ္။

ဆိုးရွားကိုယ္တုိင္က ညာျခမ္းကို အားျပဳကစားေပးမယ့္ တိုက္စစ္သမားကိုသာ ဦးစားေပးအျဖစ္ အလိုရွိေနပါတယ္။ ညာျခမ္းတိုက္စစ္ကို အားျဖည့္ႏုိင္ျခင္းက ရပ္ဖိုဒ့္၊ မာရွယ္၊ ဂရင္းဝုဒ္တို႔ ေျခစြမ္းျပေနတဲ့ တိုက္စစ္ကို ပိုမို အင္အားေတာင့္တင္းေစမယ္လို႔ ဆိုးရွားက ယံုၾကည္တယ္။ အဆိုပါ ေနရာအတြက္ ဆန္ခ်ိဳကို ဦးစားေပးျဖစ္ကာ မရခဲ့ရင္ ဂရီလစ္ကို ခ်ိတ္ဆက္ႏုိင္ဖို႔ ၾကိဳးစားမွာပါ။

ကိုရိုနာကပ္ေဘးေၾကာင့္ ဘ႑ာေရးေတြ ထိခိုက္မႈေတြ ရွိလာမွာျဖစ္ကာ ယူႏုိက္တက္က အဓိက ကစားသမားေတြကို လက္လြတ္ခံမွာလည္း မဟုတ္ပါဘူး။ ဒါေၾကာင့္ ေပါင္ ၇၅ သန္းေလာက္ကုန္မယ့္ အဂၤလန္သားအတြက္ အေကာင္းဆံုး နည္းလမး္ျဖစ္မယ့္ ကစားသမား အလုိက္ပါတဲ့ ကမ္းလွမ္းမႈကို ယူႏုိက္တက္ဘက္က ေပးလိုေနတယ္လို႔ ေဒးလီးေမလ္းက ေဖာ္ျပတယ္။

ဂရီလစ္အတြက္ ယူႏုိက္တက္က ကစားသမား သံုးဦး အလုိက္ေပးလိုကာ ဂိုးသမား ရိုမဲရိုးနဲ႔ ညာအစြန္လူ ဒါးေလာ့တို႔လည္း ပါဝင္ပါတယ္။ အက္စတြန္ဗီလာက ဂိုးသမားသစ္ ရွာေဖြေနကာ ညာအစြန္ေနရာကိုလည္း အားျဖည့္လိုတာေၾကာင့္ ဂရီလစ္ အေျပာင္းအေရႊ႔မွာ သူတို႔ ႏွစ္ဦးကို ထည့္သြင္းျခင္းက မက္လံုးေကာင္းျဖစ္မယ္လုိ႔ ယူႏုိက္တက္က ယံုၾကည္တယ္။

အေစာတုန္းက ဂိုးသမားဒင္းဟန္ဒါဆန္ကိုလည္း ကမ္းလွမ္းမႈထဲ ထည့္လိုေပမယ့္ စာခ်ဳပ္သစ္ေပးခဲ့ကာ အသင္းမွာ မ်ားျပားေနတဲ့ ခံစစ္မွဴးေတြထဲက တစ္ဦးဦးကို အလိုက္ေပးမႈအတြင္း ထည့္သြင္းသြားဖို႔ ဆႏၵရွိေနေၾကာင္းလည္း သတင္းထြက္ေနပါတယ္။