ပက်နဲ့ အာတီတာကြား ကွာခြားချက်၊ သန်း ၆ဝ တန် ဇူဘီမန်ဒီ၊ ပစ်မှတ် လက်စတာ အသင်းသားနဲ့ နောက်ဆုံးရ အာဆင်နယ် ထူးခြား သတင်းများ

ပက် ဂွာဒီယိုလာရော အာတီတာ ဟာ နိုင်လိုစိတ် ပြင်းထန်သူတွေ ဖြစ်တယ် လို့ ဇင်ချန်ကို က ဆိုလိုက်ပြီး ထို နည်းပြ နှစ်ယောက်တည်း တစ်ခုတည်းသော ကွာခြားချက်က အတွေ့အကြုံပဲ ဖြစ်ကြောင်း ၎င်းက ထောက်ပြသွားခဲ့ပါတယ်။

အာဆင်နယ် နောက်ခံလူ ဂါဘရီရယ်ဟာ အာဆင်နယ်ကို ရောက်လာပြီးတည်းက ပရီးမီးယားလိဂ်မှာ တည်ကန်ဘောကနေ ဂိုးအများဆုံး သွင်းယူထားသူဖြစ်ပြီး ပြီးခဲ့တဲ့ ၃ ရာသီ ခွဲအတွင်း ၁၃ ကြိမ် သွင်းထားပါတယ်။

ရီးရဲလ် ဆိုစီဒက်ထံ အငှားထွက်နေတဲ့ ခံစစ်သမား တီရာနေးဟာ တံကောက်ကြော ဒဏ်ရာကြောင့် ကာလရှည် ပြန်ပြီး အနားယူ ရတော့မယ်လို့ သိရပါတယ်။

နည်းပြ မီခေးလ် အာတီတာဟာ အာဆင်နယ်အသင်းနဲ့ ကာလရှည် စာချုပ်သစ်ကို ချုပ်ဆိုသွားဖွယ် ရှိနေပါတယ်။

ဘရိုက်တန် အသင်းက ဆွေးနွေး စကားပြောနေတဲ့ လက်စတာ အသင်းသား Dewsbury-Hall ကို အာဆင်နယ် ကလည်း သဘောကျနေပါတယ်။

မာတင် ဇူဘီမန်ဒီကို ခေါ်ယူဖို့ဆိုရင် အာဆင်နယ်အသင်ဟာ ဘိုင်ယန်မြူးနစ်နဲ့ ယှဉ်ပြိုင်ရမှာပါ။ သူ့အတွက် စာချုပ်ပါ ပြောင်းရွှေ့ကြေးက ယူရို သန်း ၆၀ ဖြစ်ပါတယ်။

သောမက်စ်ပါတေးဟာ အာဆင်နယ်ရဲ့ အမှတ်ပေးပွဲတွေမှာ ပြန်လည် ကစားပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။

နာပိုလီ တိုက်စစ်မှူး အိုဆင်မန်ကတော့ လက်တလော သူ့ရဲ့ ခံစားချက်အရ ပရီးမီးယားလိဂ်ထံ ပြောင်းလာရင် အာဆင်နယ်ကို ရွေးချယ်လိုတယ်လို့ ဂယ်ရီလင်ကာကို ထုတ်ပြောသွားပါတယ်။