ဖျားတယ်ဆိုပြီး ကလပ်ရောက်နေတဲ့ ရက်ဖို့ဒ်၊ စီးရီးအေ အကောင်းဆုံး နောက်ခံလူကို ပစ်မှတ်ထားခြင်း၊ ပြန်လာမယ့် အိုနာနာနဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

ဖျားနေတယ်ဆိုပြီး ယူနိုက်တက် ထရိန်နင်ကို ပျက်ကွက်ခဲ့တဲ့ တိုက်စစ်မှုး ရက်ဖို့ဒ်ဟာ ညဘက် နိုက်ကလပ် ရောက်နေတဲ့ ပုံရိပ်တွေ ပြန့်နှံ့လာတာကြောင့် အသင်းရဲ့ အရေးယူမှု ခံရဖွယ် ရှိနေပါတယ်။

ကင်မရွန်းအသင်းဟာ မနေ့ညက အာဖရိကဖလား ၁၆သင်း ရှုံးထွက်အဆင့်မှာ နိုင်ဂျီးရီးယားကို ၂-ဝ နဲ့ ရှုံးခဲ့တာကြောင့် ပြိုင်ပွဲက ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဂိုးသမား အိုနာနာလည်း မန်ချက်စတာ ယူနိုက်တက်ထံ စောစော ပြန်လာတော့မှာပါ။

လာလီဂါကလပ် Granada အသင်းဟာ ယူနိုက်တက်မှ ပယ်လစ္စထရီကို ရာသီကုန် အထိ အငှားနဲ့ ခေါ်ယူဖို့ စီစဉ်ထားပြီ ဖြစ်ပါတယ်။ ဥရုဂွေးသားကို ခေါ်ယူရေး ဟာ လာမယ့် အပတ်ထဲမှာ အပြီးသတ်နိုင်မှာပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ ဂျူဗင်တပ် ဗဟိုခံစစ်မှုး ဂလီဆန် ဘရီမာ ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲ ပါဝင်နေပါတယ်။ စီးရီးအေရဲ့ အကောင်းဆုံး ခံစစ်မှုး လို့ ညွှန်းဆိုခံနေရတဲ့ ဘရီမာ ကို ခေါ်ယူရေးက တန်ကြေးကြီးကြီး ပေးရမှာပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ Genk အသင်းရဲ့ လူငယ် ကွင်းလယ် ကစားသမားလေး Bilal El Khannouss ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ၁၉ နှစ် အရွယ် လူငယ်လေး ကို လီဗာပူးအသင်းကလည်း ချိန်ရွယ်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ နည်းပြ တန်ဟက်ကို ထုတ်ပယ်ဖြစ်ရင် အစားထိုး ခန့်အပ်ဖို့ တူချယ်၊ ဒီဇာဘီတို့ကို စဉ်းစားနေသလို ရက်ကလစ်ဖ်တို့ အဖွဲ့ကတော့ ချယ်ဆီးနည်းပြဟောင်း ဂရေဟမ်ပေါ်တာအား အတော် သဘောကျနေပါတယ်။

သရဲနီဟောင်း နီမန်ဂျာ မာတစ်ဟာ လိုင်ယွန်အသင်းထံ အပြီးသတ် ပြောင်းရွှေ့ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။