ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (29/08/20)

မန်ချက်စတာ ယူနိုက်တက်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုအတွက် မဲပေးဖို့ အသင်းက ဖွင့်ပေးခဲ့ပြီ ဖြစ်ရာ ဆုရဖို့ ရေပန်းအစားဆုံးကတော့ မာရှယ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ ဖြစ်နေပါတယ်။ မတ်လ မတိုင်ခင်က ရက်ဖို့ဒ်၊ တော်မီနေး၊ ဖရက်တို့ ခြေစွမ်းပြခဲ့သော်လည်း ကိုဗစ်အလွန်ပွဲတွေမှာ မှေးမှိန်သွားတာကြောင့် မာရှယ်နဲ့ ဖာနန်ဒက်စ်သာ ဆုရဖို့ အလားအလာ အကောင်းဆုံးလို့ ယူဆရပါတယ်။

ယူနိုက်တက် လူငယ်တိုက်စစ်ကြယ်ပွင့် ဂရင်းဝုဒ်ဟာ Love Island စီးရီးမှ အချောလှ နှစ်ဦး ဖြစ်တဲ့ ဂျော်ဂျီရာ စတီးလ်နဲ့ ဂျိုအန်နာတို့နဲ့ အတူ အနောက်လန်ဒန်က ဘားတစ်ခုမှာ တပူးတွဲတွဲ တွေ့ခဲ့ရပြီး ဒိတ် လုပ်နေတယ် လို့ အသံထွက်လာပါတယ်။ ဂျော်ဂျီရာကတော့ ဂရင်းဝုဒ်နဲ့ ပိုပြီး နီးကပ်နေတယ်လို့ အင်္ဂလန်သတင်းတွေက ဖော်ပြထားပါတယ်။

ပရီးမီးယားလိဂ်ကလပ် လက်စတာ အသင်းဟာ မန်ချက်စတာ ယူနိုက်တက်ကို အသာစီးယူပြီး မိုနာကိုမှ ပေါင် ၁၈ သန်းတန် ဘယ်စွန်ခံစစ်မှူး ဖိုဒီဘလိုတိုရေး ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။ လက်စတာက ဘန်ချေးဝဲလ် နေရာ အစားထိုးဖို့ ကစားသမား ရှာဖွေနေပြီး မြန်မြန် လက်မှတ်ထိုး ခေါ်ယူလိုနေပါတယ်။

ဥရောပ အချမ်းသာဆုံး မိသားစု ဖြစ်ပြီး နာမည်ကျော် ZARA Brand ရဲ့ တည်ထောင်သူ အော်တီဂါ မိသားဟု မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ လက်ရှိ အသင်းပိုင်ရှင် ဂလေဇာ မိသားစုထံ ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်း အမေရိကန် သတင်းတွေမှာ ဖော်ပြနေပါတယ်။

ယူနိုက်တက်နဲ့ စပါးအသင်းတို့ ပစ်မှတ်ထားနေတဲ့ အေဂျက် ကွင်းလယ်ကြယ်ပွင့် ဗန်ဒါဘိဟာ အသင်းပြောင်းဖို့ အတွက် ဘာစီလိုနာ ရဲ့ ကမ်းလှမ်းမှုကိုသာ စောင့်ဆိုင်းနေကြောင်း သိရပါတယ်။

ယူနိုက်တက် နည်းပြဟောင်း ဗန်ဟားလ်က မန်ချက်စတာ ကလပ်မှာ ရှိစဉ် သူ ခေါ်ယူလိုတဲ့ ကစားသမားတွေကို အသင်းက မခေါ်ပေးနိုင်ခဲ့တာကြောင့် သူ ရခဲ့တာတွေက တတိယ ဒါမှမဟုတ် ပဉ္စမ ဦးစားပေးလောက် ထည့်ထားတဲ့ ကစားသမားတွေသာ ဖြစ်ခဲ့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း ဝက်စ် ဘရောင်းကတော့ အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဟာ မာရှယ် ရဖို့ ထိုက်တန်ပြီး တစ်ရာသီလုံးမှာ တစ်ဦးချင်း ထူးချွန်စွာ ခြေစွမ်းပြခဲ့သူ ဖြစ်တယ်လို့ ထောက်ခံ ပြောဆိုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ တစ္နွစ္တာ အေကာင္းဆံုး ကစားသမား ဆုအတြက္ မဲေပးဖို႔ အသင္းက ဖြင့္ေပးခဲ့ျပီ ျဖစ္ရာ ဆုရဖို႔ ေရပန္းအစားဆံုးကေတာ့ မာရွယ္နဲ႕ ဘရူနို ဖာနန္ဒက္စ္တို႔ ျဖစ္ေနပါတယ္။ မတ္လ မတိုင္ခင္က ရက္ဖို႔ဒ္၊ ေတာ္မီေနး၊ ဖရက္တို႔ ေျခစြမ္းျပခဲ့ေသာ္လည္း ကိုဗစ္အလြန္ပြဲေတြမွာ ေမွးမွိန္သြားတာေၾကာင့္ မာရွယ္နဲ႕ ဖာနန္ဒက္စ္သာ ဆုရဖို႔ အလားအလာ အေကာင္းဆံုးလို႔ ယူဆရပါတယ္။

ယူနိုက္တက္ လူငယ္တိုက္စစ္ၾကယ္ပြင့္ ဂရင္း၀ုဒ္ဟာ Love Island စီးရီးမွ အေခ်ာလွ နွစ္ဦး ျဖစ္တဲ့ ေဂ်ာ္ဂ်ီရာ စတီးလ္နဲ႕ ဂ်ိဳအန္နာတို႔နဲ႕ အတူ အေနာက္လန္ဒန္က ဘားတစ္ခုမွာ တပူးတြဲတြဲ ေတြ႔ခဲ့ရျပီး ဒိတ္ လုပ္ေနတယ္ လို႔ အသံထြက္လာပါတယ္။ ေဂ်ာ္ဂ်ီရာကေတာ့ ဂရင္း၀ုဒ္နဲ႕ ပိုျပီး နီးကပ္ေနတယ္လို႔ အဂၤလန္သတင္းေတြက ေဖာ္ျပထားပါတယ္။
ပရီးမီးယားလိဂ္ကလပ္ လက္စတာ အသင္းဟာ မန္ခ်က္စတာ ယူနုိက္တက္ကို အသာစီးယူျပီး မိုနာကိုမွ ေပါင္ ၁၈ သန္းတန္ ဘယ္စြန္ခံစစ္မွဴး ဖိုဒီဘလိုတိုေရး ကို ေခၚယူနုိင္ဖို႔ နီးစပ္ေနပါတယ္။ လက္စတာက ဘန္ေခ်း၀ဲလ္ ေနရာ အစားထိုးဖို႔ ကစားသမား ရွာေဖြေနျပီး ျမန္ျမန္ လက္မွတ္ထိုး ေခၚယူလိုေနပါတယ္။

ဥေရာပ အခ်မ္းသာဆံုး မိသားစု ျဖစ္ျပီး နာမည္ေက်ာ္ ZARA Brand ရဲ႕ တည္ေထာင္သူ ေအာ္တီဂါ မိသားဟု မန္ခ်က္စတာ ယူနိုက္တက္ကို ၀ယ္ယူဖို႔ လက္ရွိ အသင္းပိုင္ရွင္ ဂေလဇာ မိသားစုထံ ကမ္းလွမ္းမႈ ျပဳလုပ္ထားေၾကာင္း အေမရိကန္ သတင္းေတြမွာ ေဖာ္ျပေနပါတယ္။

ယူနိုက္တက္နဲ႕ စပါးအသင္းတို႔ ပစ္မွတ္ထားေနတဲ့ ေအဂ်က္ ကြင္းလယ္ၾကယ္ပြင့္ ဗန္ဒါဘိဟာ အသင္းေျပာင္းဖို႔ အတြက္ ဘာစီလိုနာ ရဲ႕ ကမ္းလွမ္းမႈကိုသာ ေစာင့္ဆိုင္းေနေၾကာင္း သိရပါတယ္။

ယူနိုက္တက္ နည္းျပေဟာင္း ဗန္ဟားလ္က မန္ခ်က္စတာ ကလပ္မွာ ရွိစဥ္ သူ ေခၚယူလိုတဲ့ ကစားသမားေတြကို အသင္းက မေခၚေပးနုိင္ခဲ့တာေၾကာင့္ သူ ရခဲ့တာေတြက တတိယ ဒါမွမဟုတ္ ပဥၥမ ဦးစားေပးေလာက္ ထည့္ထားတဲ့ ကစားသမားေတြသာ ျဖစ္ခဲ့ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ ကစားသမားေဟာင္း ၀က္စ္ ဘေရာင္းကေတာ့ အသင္းရဲ႕ တစ္နွစ္တာ အေကာင္းဆံုး ကစားသမားဟာ မာရွယ္ ရဖို႔ ထိုက္တန္ျပီး တစ္ရာသီလံုးမွာ တစ္ဦးခ်င္း ထူးခၽြန္စြာ ေျခစြမ္းျပခဲ့သူ ျဖစ္တယ္လို႕ ေထာက္ခံ ေျပာဆိုခဲ့ပါတယ္။