ယနေ့ နံနက်ခင်း ယူနိုက်တက် အပြောင်းအရွှေ့ သတင်းတိုများ (30-08-20)

ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ရဲ့ ပစ်မှတ်ဖြစ်တဲ့ ဒွန်နီ ဗန်ဒါဘိခ်ဟာ မနေ့က ဖရန့်ဖတ်နဲ့ ကစားခဲ့တဲ့ အေဂျက်ရဲ့လူစာရင်းမှာ ချန်လှပ်ခံခဲ့ရပြီး အကြောင်းရင်းကတော့ အပြောင်းအရွှေ့ကိစ္စ ပြောဆိုဆွေးနွေးနေရလို့ ဖြစ်တယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ၎င်းတို့ရဲ့ ပထမဆုံး နွေအပြောင်းအရွှေ့အဖြစ် အေဂျက် ကွင်းလယ်လူ ဒွန်နီ ဗန်ဒီဘိခ်ကို ခေါ်ယူလိုနေပြီး ကစားသမားရဲ့ အေးဂျင့်ဖြစ်သူကို ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ နီမန်ဂျာ မာတစ်က ၂၀၂၀-၂၀၂၁ ရာသီမှာ ပရီးမီးယားလိဂ် ဖလားအတွက် တိုက်ပွဲဝင်ဖို့ သူ့အသင်းကို တိုက်တွန်းခဲ့သလို ကျရှုံးခဲ့ရင်လဲ ဘာဆင်ခြေမှ ပေးလို့ရမှာမဟုတ်ဘူးလို့ သတိပေးခဲ့ပါတယ်။

ဒါ့အပြင် မာတစ်က သူဟာ ယူနိုက်တက်ကို အမြဲတမ်း သဘောကျခဲ့တာဖြစ်ပြီး နီမန်ဂျာ ဗီဒစ်က ဒီကလပ်ကို ရောက်ရှိခဲ့တဲ့နောက်မှာ သူ့လိုပဲ အိုးလ်ထရက်ဖို့ဒ် ကို လာကစားချင်ခဲ့တာဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

အဲဗာတန်ဟာ ဂွတ်ဒီဆင်ပက်ခ်မှာ သူတို့ရဲ့ လက်ရှိ ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ်ကို ဖိအားပေးဖို့အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒုတိယ ဂိုးသမား ဆာဂျီယို ရိုမီယိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

မက်ဂွဲရားဟာ ဂရိကနေ ပြန်လာပြီးနောက် ဗုဒ္ဓဟူးနေ့မှာ ရာသီကြိုလေ့ကျင့်ရေး ပြန်ဆင်းဖို့ မျှော်လင့်ခဲ့ပေမယ့် ယူနိုက်တက်က သူ့ကို နားချိန် ပိုပေးခဲ့တာကြောင့် ရက်အနည်းငယ် နောက်ကျပြီးမှ ကာရင်တန် လေ့ကျင့်ရေးကွင်းကို လာရောက်ခွင့် ရရှိခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အင်တာမီလန် နောက်ခံလူ စကရီနီရာကို ခေါ်ယူဖို့ ပြိုင်ပွဲမှာ ဦးဆောင်နေတယ်လို့ အီတလီ သတင်းတွေက ဆိုပါတယ်။ မနှစ်က အင်တာဟာ သူ့အတွက် ယူရိုသန်း ၇၀ လိုချင်ခဲ့ပေမယ့် အခုတော့ သူ့တန်ကြေးက အတော်လေး နည်းပါးသွားမှာပါ။

ယူနိုက်တက် လူငယ်ကစားသမား ဂျိမ်းစ်ဂါနာကို ချန်ပီယံရှစ် ကလပ်တွေဖြစ်တဲ့ ဟက်ဒါဖီးတောင်းနဲ့ ကိုဗန်ထရီ စီးတီးတို့က အလိုရှိနေပါတယ်။ ဂါနာဟာ မနှစ်က ဖေဖော်ဝါရီမှာ ယူနိုက်တက် အသင်းကြီးအတွက် ပွဲဉီးထွက်ခဲ့တာဖြစ်ပြီး စုစုပေါင်း ၇ပွဲ ကစားပေးထားတာလဲ ဖြစ်ပါတယ်။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ရှက်ဖီးလ်ယူနိုက်တက်ကို စွန့်ခွာပြီး မိခင်ကလပ် ယူနိုက်တက်ကို ပြန်ကာ နံပါတ်တစ် ဂိုးသမား နေရာအတွက် ဒီဂီယာကို စိန်ခေါ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဒင်းဟန်ဒါဆန်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပါတယ်။

Zawgyi – ယူႏိုက္တက္နဲ႔ ဘာစီလိုနာတို႔ရဲ႕ ပစ္မွတ္ျဖစ္တဲ့ ဒြန္နီ ဗန္ဒါဘိခ္ဟာ မေန႔က ဖရန္႔ဖတ္နဲ႔ ကစားခဲ့တဲ့ ေအဂ်က္ရဲ႕လူစာရင္းမွာ ခ်န္လွပ္ခံခဲ့ရၿပီး အေၾကာင္းရင္းကေတာ့ အေျပာင္းအေ႐ႊ႕ကိစၥ ေျပာဆိုေဆြးေႏြးေနရလို႔ ျဖစ္တယ္လို႔ သိရပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ဟာ ၎တို႔ရဲ႕ ပထမဆုံး ေႏြအေျပာင္းအေ႐ႊ႕အျဖစ္ ေအဂ်က္ ကြင္းလယ္လူ ဒြန္နီ ဗန္ဒီဘိခ္ကို ေခၚယူလိုေနၿပီး ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူကို ဆက္သြယ္ခဲ့တယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ ကြင္းလယ္လူ နီမန္ဂ်ာ မာတစ္က ၂၀၂၀-၂၀၂၁ ရာသီမွာ ပရီးမီးယားလိဂ္ ဖလားအတြက္ တိုက္ပြဲဝင္ဖို႔ သူ႔အသင္းကို တိုက္တြန္းခဲ့သလို က်ရႈံးခဲ့ရင္လဲ ဘာဆင္ေျခမွ ေပးလို႔ရမွာမဟုတ္ဘူးလို႔ သတိေပးခဲ့ပါတယ္။

ဒါ့အျပင္ မာတစ္က သူဟာ ယူႏိုက္တက္ကို အၿမဲတမ္း သေဘာက်ခဲ့တာျဖစ္ၿပီး နီမန္ဂ်ာ ဗီဒစ္က ဒီကလပ္ကို ေရာက္ရွိခဲ့တဲ့​ေန​ာက္မွာ သူ႔လိုပဲ အိုးလ္ထရက္ဖို႔ဒ္ ကို လာကစားခ်င္ခဲ့တာျဖစ္တယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

အဲဗာတန္ဟာ ဂြတ္ဒီဆင္ပက္ခ္မွာ သူတို႔ရဲ႕ လက္ရွိ ဂိုးသမား ေဂ်ာ္ဒန္ ပစ္ဖို႔ဒ္ကို ဖိအားေပးဖို႔အတြက္ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ဒုတိယ ဂိုးသမား ဆာဂ်ီယို ႐ိုမီယိုကို ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။

မက္ဂြဲရားဟာ ဂရိကေန ျပန္လာၿပီးေနာက္ ဗုဒၶဟူးေန႔မွာ ရာသီႀကိဳေလ့က်င့္ေရး ျပန္ဆင္းဖို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ ယူႏိုက္တက္က သူ႔ကို နားခ်ိန္ ပိုေပးခဲ့တာေၾကာင့္ ရက္အနည္းငယ္ ​ေနာက္က်ၿပီးမွ ကာရင္တန္ ေလ့က်င့္ေရးကြင္းကို လာေရာက္ခြင့္ ရရွိခဲ့ပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ဟာ အင္တာမီလန္ ေနာက္ခံလူ စကရီနီရာကို ေခၚယူဖို႔ ၿပိဳင္ပြဲမွာ ဦးေဆာင္ေနတယ္လို႔ အီတလီ သတင္းေတြက ဆိုပါတယ္။ မႏွစ္က အင္တာဟာ သူ႔အတြက္ ယူ႐ိုသန္း ၇၀ လိုခ်င္ခဲ့ေပမယ့္ အခုေတာ့ သူ႔တန္ေၾကးက အေတာ္ေလး နည္းပါးသြားမွာပါ။

ယူႏိုက္တက္ လူငယ္ကစားသမား ဂ်ိမ္းစ္ဂါနာကို ခ်န္ပီယံရွစ္ ကလပ္ေတြျဖစ္တဲ့ ဟက္ဒါဖီးေတာင္းနဲ႔ ကိုဗန္ထရီ စီးတီးတို႔က အလိုရွိေနပါတယ္။ ဂါနာဟာ မႏွစ္က ေဖေဖာ္ဝါရီမွာ ယူႏိုက္တက္ အသင္းႀကီးအတြက္ ပြဲဉီးထြက္ခဲ့တာျဖစ္ၿပီး စုစုေပါင္း ၇ပြဲ ကစားေပးထားတာလဲ ျဖစ္ပါတယ္။

အဂၤလန္နည္းျပ ေဆာက္ဂိတ္က ရွက္ဖီးလ္ယူနိုက္တက္ကို စြန္႔ခြာၿပီး မိခင္ကလပ္ ယူႏိုက္တက္ကို ျပန္ကာ နံပါတ္တစ္ ဂိုးသမား ေနရာအတြက္ ဒီဂီယာကို စိန္ေခၚဖို႔ ဆုံးျဖတ္ခဲ့တဲ့ ဒင္းဟန္ဒါဆန္ရဲ႕ ဆုံးျဖတ္ခ်က္ကို ေထာက္ခံခဲ့ပါတယ္။