ရက်ဖို့ဒ်နဲ့ PSG၊ အာဆင်နယ်၊ ပယ်လစ္စထရီ ကို တန်ဖိုးမထားတဲ့ တန်ဟက်၊ မော်ရင်ညို ပြန်လာမှာလားနဲ့ မန်ချက်စတာ ယူနိုက်တက် ထူးခြား သတင်းများ

နိုက်ကလပ် တက်တဲ့ ကိစ္စကြောင့် အသင်းတွင်း စည်းကမ်းထိန်းသိမ်းခံရတဲ့ မားကပ် ရက်ဖို့ဒ်ဟာ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့သွားနိုင်တယ် သတင်းထွက်နေပေမယ့် သတင်းထောက် ရိုမန်နိုကတော့ မဟုတ်မှန်ကြောင်း ငြင်းချက်ထုတ်ထားပါတယ်။

ရက်ဖို့ဒ်ကို ယူနိုက်တက် ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ် အသင်းကလည်း စောင့်ကြည့်နေကြောင်း သတင်းထွက်နေပါတယ်။

ရိုးမားကနေ ထွက်ခွာလာတဲ့ နည်းပြ မော်ရင်ညိုဟာ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဖြစ် တကျော့ပြန် ပြန်ရောက်လာနိုင်ကြောင်း ဒေးလီးမေးလ်က ဖော်ပြလာပါတယ်။

မော်ရင်ညို က ယူနိုက်တက်မှာ ကာလရှည် နည်းပြ လုပ်လိုကြောင်း ထုတ်ဖော် ပြောဆိုဖူးသလို မပြီးပြတ်သေးတဲ့ တာဝန်တွေ ရှိသေးတယ် ခံစားရကြောင်းလည်း ဆိုခဲ့ပါတယ်။

လက်ရှိ ဆောင်းဈေးကွက်မှာ ဂရာနာဒါ အသင်းထံ အငှားထွက်သွားတဲ့ ယူနိုက်တက် လူငယ်ကြယ်ပွင့် ပယ်လစ္စထရီ ကို နည်းပြ တန်ဟက်က တန်ဖိုး မထားဘူး လို့ အေးဂျင့် ဖြစ်သူက စွပ်စွဲလိုက်ပါတယ်။

ဂိုးသမား အိုနာနာ ဟာ ဒီည ဝုဗ်နဲ့ ပွဲမှာ ပါဝင်ဖို့ အသင့် ရှိနေပြီ ဖြစ်ကြောင်း နည်းပြ တန်ဟက်က အတည်ပြုထားပါတယ်။

ရက်ဖို့ဒ်ရဲ့ နေ့စဉ်ရက်ဆက် ပါတီတက် အပျော်မက်တဲ့ ကိစ္စဟာ အလေ့အကျင့် တစ်ခု အဖြစ် စွဲသွားနိုင်ကြောင်း ဂယ်ရီ နဗီးလ်က သတိပေးလိုက်ပါတယ်။