မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး ကိုမှ ခေါ်ယူဖို့ အံ့အားသင့်ဖွယ် စောင့်ကြည့်ချိန်ရွယ်လာတဲ့ အာဆင်နယ်

တိုက်စစ်မှုးသစ် ဖြည့်ချင်နေတဲ့ နည်းပြ အာတီတာရဲ့ အာဆင်နယ် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ် ကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ် ချိန်ရွယ်လာပါတယ်။

ယူနိုက်တက်မှာ ရက်ဖို့ဒ် ရဲ့ အခြေအနေတွေကို အာဆင်နယ်အသင်း အနီးကပ် စောင့်ကြည့်နေကြောင်း Football Insider က ဖော်ထုတ်လာပါတယ်။

အာဆင်နယ်ဟာ ၂၀၂၂ ခုနှစ်တည်းက ရက်ဖိုဒ့်ကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးပါတယ်။ ထိုစဉ် က မဖြစ်မြောက်ခဲ့တဲ့ အပြောင်းအရွှေ့ကို ဒီတစ်ကြိမ်မှာ ပြန်လည် စတင်လိုလာတာပါ။

ရက်ဖို့ဒ်ဟာ မနမ်ချက်စတာမှာ ကလပ်ရဲ့ ကျဆင်းမှုတွေကို စိတ်ပျက်နေတာကြောင့် ဘောလုံးအပေါ် စိတ်ဝင်စားမှု အားနည်းပြီး အပျော်ဘက်ကို ဦးတည်တာတွေ ရှိနေပါတယ်။

ကလပ် နှစ်ရက်ဆက်တက်ကာကာရင်တန် လေ့ကျင့်ရေးကို ပျက်ကွက်ခဲ့တာကြောင့် လောလောလတ်လတ်မှာ ၂ ပတ် လုပ်ခကို ဒဏ်ကြေးအဖြစ် ပေးဆောင်ထားရသူ ဖြစ်ပါတယ်။

ရှယ်ယာရှင်သစ် ဆာဂျင်ရက်ကလစ်နဲ့အတူ သွေးသစ်လောင်းလိုတဲ့ မန်ချက်တစာ ယူနိုက်တက်ကလည်း ငယ်မွေးခြံပေါက် ကစားသမားဖြစ်ပေမယ့် ရက်ဖိုဒ့်အတွက် ကောင်းမွန်တဲ့ ကမ်းလှမ်းမှုရရင် လက်ခံလာတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

ရက်ဖို့ဒ် ဟာ အသက် ၇ နှစ်သားတည်းက မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီကို ရောက်ခဲ့သူ ဖြစ်ပြီး ယခု အချိန်ထိ ယူနိုက်တက်မှာပဲ ကစားနေသူ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ အတ်ကတ်တီးရားနဲ့ ဂျေးဆုတို့ရဲ့ နေရာကို တိုက်စစ်မှူး တစ်ဦးနဲ့ အားဖြည့်လိုနေကာ နွေမှာတော့ ရက်ဖိုဒ့်ကို ခေါ်ယူနိုင်မလား အားစမ်းဖွယ် ရှိလာနေပါတယ်။

လတ်တလောမှာ ရက်ဖို့ဒ်ကို ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်းကလည်း စိတ်ဝင်စားကြောင်း သတင်းထွက်နေပါတယ်။