ယနေ့ နံနက်ခင်း ချယ်ဆီး အပြောင်းအရွှေ့ သတင်းတိုများ (30-08-20)

တိုက်စစ်မှူးသစ် တီမိုဗာနာဟာ မနေ့ညက ဘရိုက်တန်နဲ့ ခြေစမ်းပွဲမှာ ၄မိနစ်အတွင်း ဂိုးသွင်းယူခဲ့ပြီး ချယ်ဆီး ကစားသမားဘဝ ကို အကောင်းဆုံး စတင်ခဲ့ပေမယ့် ပွဲကတော့ ၁-၁ သရေရလဒ်နဲ့ ပြီးဆုံး ခဲ့ပါတယ်။

ဇီယက်ချ်ဟာ ဘရိုက်တန်နဲ့ပွဲမှာ ဒူးခေါင်း ဒဏ်ရာကြောင့် ရရှိခဲ့တာအတွက် စစ်ဆေးမှု လုပ်ရမှာဖြစ်သလို ချယ်ဆီး ကတော့ ကစားသမားသစ်ရဲ့ ပထမဆုံးပွဲမှာ ပြင်းပြင်းထန်ထန် ထိခိုက်မှု မရှိစေဖို့ မျှော်လင့်နေပါတယ်။ နည်းပြ လမ်းပတ်ကတော့ အသေးစား ဒဏ်ရာဖြစ်တယ်လို့ ပွဲအပြီးမှာ ဆိုခဲ့ပါတယ်။

ချယ်ဆီး အသင်းဟာ ဒီနွေမှာ ကစားသမား ခေါ်ယူမှုအတွက် ပေါင် သန်း ၁၃၀ ကျော် သုံးစွဲခဲ့ပြီး ဖြစ်ပေမယ့် လမ်းပတ်က နောက်ထပ် အပြောင်းအရွှေ့ ၃ခုလောက် ထပ်မံလုပ်ဆောင်ဖို့ အလိုရှိနေပါတယ်။ နည်းပြ လမ်းပတ်က ဒီကလန်ရိုက်စ်နဲ့ ကိုင်ဟားဗတ်ကို အရ ခေါ်ယူချင်နေတာ ဖြစ်တာကြောင့် ချယ်ဆီးအသင်း အနေနဲ့ နှစ်ယောက်ပေါင်း ပေါင် ၁၂၂သန်းလောက် ကုန်ကျဦးမှာ ဖြစ်ပါတယ်။

ချယ်ဆီး အမျိုးသမီး ဘောလုံးအသင်းဟာ မနေ့က ဝင်ဘာလေမှာ ကန်တဲ့ ကွန်မြူနတီဒိုင်းပွဲမှာ တစ်ယောက်လျော့ မန်စီးတီးကို ၂-ဝနဲ့ အနိုင်ရခဲ့ပြီး ဖလားရရှိခဲ့ပါတယ်။

ချယ်ဆီးအသင်း ဟာ ရန်းနက်စ် ဂိုးသမား အီဒူရတ် မန်ဒီအတွက် ပထမအကြိမ် ပေါင် ၁၅သန်း ကမ်းလှမ်းမှု ပယ်ချခံခဲ့ရတာကြောင့် ဒုတိယအကြိမ် အဖြစ် ပေါင် ၁၈ သန်း နဲ့ ကမ်းလှမ်းခဲ့ပါတယ်။

ဒါ့အပြင် ဒီနွေမှာ အေစီမီလန် ဂိုးသမား ဒွန်နာရမ်မာကို ခေါ်ယူဖို့အတွက်လည်း ချယ်ဆီးအသင်းဟာ စီးရီးအေဘီလူးတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

ချယ်ဆီး အသင်းခေါင်းဆောင် နောက်ခံလူ အက်ဇ်ပီလီကွီတာက ရီးရဲလ်မက်ဒရစ်မှာ ဟာဇက် ခြေစွမ်းကောင်းတွေ ပြန်ရရှိပြီး ချယ်ဆီးက ဟာဇက် ဗားရှင်းမျိုး ပြန်မြင်တွေ့ရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Zawgyi – တိုက္စစ္မွဴးသစ္ တီမိုဗာနာဟာ မေန႔ညက ဘ႐ိုက္တန္နဲ႔ ေျခစမ္းပြဲမွာ ၄မိနစ္အတြင္း ဂိုးသြင္းယူခဲ့ၿပီး ခ်ယ္​ဆီး ကစားသမားဘဝ ကို အေကာင္းဆုံး စတင္ခဲ့ေပမယ့္ ပြဲကေတာ့ ၁-၁ သေရရလဒ္နဲ႔ ၿပီးဆုံး ခဲ့ပါတယ္။

ဇီယက္ခ်္ဟာ ဘ႐ိုက္တန္နဲ႔ပြဲမွာ ဒူးေခါင္း ဒဏ္ရာေၾကာင့္ ရရွိခဲ့တာအတြက္ စစ္ေဆးမႈ လုပ္ရမွာျဖစ္သလို ခ်ယ္ဆီး ကေတာ့ ကစားသမားသစ္ရဲ႕ ပထမဆုံးပြဲမွာ ျပင္းျပင္းထန္ထန္ ထိခိုက္မႈ မရွိေစဖို႔ ေမွ်ာ္လင့္ေနပါတယ္။ နည္းျပ လမ္းပတ္ကေတာ့ အေသးစား ဒဏ္ရာျဖစ္တယ္လို႔ ပြဲအျပီးမွာ ဆိုခဲ့ပါတယ္။

ခ်ယ္ဆီး အသင္းဟာ ဒီေႏြမွာ ကစားသမား ေခၚယူမႈအတြက္ ေပါင္ သန္း ၁၃၀ ေက်ာ္ သုံးစြဲခဲ့ၿပီး ျဖစ္ေပမယ့္ လမ္းပတ္က ေနာက္ထပ္ အေျပာင္းအေ႐ႊ႕ ၃ခုေလာက္ ထပ္မံလုပ္ေဆာင္ဖို႔ အလိုရွိေနပါတယ္။ နည္းျပ လမ္းပတ္က ဒီကလန္႐ိုက္စ္နဲ႔ ကိုင္ဟားဗတ္ကို အရ ေခၚယူခ်င္ေနတာ ျဖစ္တာေၾကာင့္ ခ်ယ္ဆီးအသင္း အေနနဲ႔ ႏွစ္ေယာက္ေပါင္း ေပါင္ ၁၂၂သန္းေလာက္ ကုန္က်ဦးမွာ ျဖစ္ပါတယ္။

ခ်ယ္ဆီး အမ်ိဳးသမီး ေဘာလုံးအသင္းဟာ မေန႔က ၀င္ဘာေလမွာ ကန္တဲ့ ကြန္ျမဴနတီဒိုင္းပြဲမွာ တစ္ေယာက္ေလ်ာ့ မန္စီးတီးကို ၂-၀နဲ႔ အႏိုင္ရခဲ့ၿပီး ဖလားရရွိခဲ့ပါတယ္။

ခ်ယ္ဆီးအသင္း ဟာ ရန္းနက္စ္ ဂိုးသမား အီဒူရတ္ မန္ဒီအတြက္ ပထမအႀကိမ္ ေပါင္ ၁၅သန္း ကမ္းလွမ္းမႈ ပယ္ခ်ခံခဲ့ရတာေၾကာင့္ ဒုတိယအႀကိမ္ အျဖစ္ ေပါင္ ၁၈ သန္း နဲ႔ ကမ္းလွမ္းခဲ့ပါတယ္။

ဒါ့အျပင္ ဒီေႏြမွာ ေအစီမီလန္ ဂိုးသမား ဒြန္နာရမ္မာကို ေခၚယူဖို႔အတြက္လည္း ခ်ယ္ဆီးအသင္းဟာ စီးရီးေအဘီလူးေတြနဲ႔ ေဆြးေႏြးညႇိႏႈိင္းမႈေတြ လုပ္ေနတယ္လို႔ သိရပါတယ္။

ခ်ယ္ဆီး အသင္းေခါင္းေဆာင္ ေနာက္ခံလူ အက္ဇ္ပီလီကြီတာက ရီးရဲလ္မက္ဒရစ္မွာ ဟာဇက္ ေျခစြမ္းေကာင္းေတြ ျပန္ရရွိၿပီး ခ်ယ္​ဆီးက ဟာဇက္ ဗားရွင္းမ်ိဳး ျပန္ျမင္ေတြ႕ရလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။