ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (30-08-20)

အာဆင်နယ်အသင်းဟာ ညက ဝင်ဘာလေကပွဲမှာ လီဗာပူးကို အနိုင်ရပြီး ကွန်မြူနတီဒိုင်း ရရှိခဲ့ပြီးနောက် ပွဲအပြီးမှာ နည်းပြ အာတီတာက အဖွင့်ဂိုးသွင်းယူခဲ့တဲ့ အူဘာမီးယန်းရဲ့ အရေးပါတဲ့ ကူညီမှုအတွက် ချီးကျူးခဲ့ပါတယ်။

အာဆင်နယ် နောက်ခံလူ တီရာနေးက အသင်းရဲ့ ကွန်မြူနတီဒိုင်း အောင်မြင်မှုအပြီး ကလပ်ဟာ ပရီးမီးယားလိဂ် ထိပ်ဆုံးလေးနေရာ ရသင့်ပြီး ချန်ပီယံလိဂ်ကစားရဖို့ ထိုက်တန်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ရက်ဘူးဆဲဘက် ကြယ်ပွင့် ဒိုမီနစ် ဆိုဘော့စလေးဟာ လက်ရှိအသင်းမှာပဲ သူ့အနာဂတ်ကို မြုပ်နှံခဲ့ပြီး အာဆင်နယ်နဲ့ ဆွေးနွေးမှုတွေကို အဆုံးသတ်ခဲ့တဲ့ အကြောင်းရင်းက ချန်ပီယံလိဂ် ကစားချင်လို့ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အူဘာမီးယန်းဟာ ကွန်မြူနတီဒိုင်းမှာ ၁၂မိနစ်မှာပဲ ဂိုးသွင်းယူခဲ့ပြီးနောက် ကြွေလွင့်သွားတဲ့ Black Panther မင်းသား ချက်ဒ်ဝစ်ခ်အတွက် အမှတ်တရအနေနဲ့ Wakanda Forever ပို့စ်နဲ့ အောင်ပွဲခံခဲ့ပါတယ်။

အက်စ်တွန်ဗီလာက အာဆင်နယ် ဂိုးသမား မာတီနက်အတွက် ပေါင်၁၀သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပေမယ့် အာဆင်နယ်က ပေါင် သန်း၂၀ အလိုရှိနေပါတယ်။

ကွန်မြူနတီဒိုင်း အောင်မြင်မှုအပြီး ကလပ်အသင်းဟာ အူဘာမီးယန်းအတွက် စာချုပ်သစ်ကို အပြီးသတ်နိုင်ဖို့ နီးစပ်နေပြီလို့ နည်းပြ အာတီတာက ယုံကြည်နေပါတယ်။

လီဗာပူးနဲ့ပွဲမှာ အာဆင်နယ် အတွက် တောက်ပခဲ့ပေမယ့်လဲ ရော့ဘ်ဟိုးဒင်းဟာ နယူးကာဆယ်ထံ တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ရတော့မှာဖြစ်ပြီး အငှားစာချုပ်မှာ အပြီးသတ် ဝယ်ယူခွင့်တော့ မပါဘူးလို့ သိရပါတယ်။

အင်္ဂလန် ကစားသမားများစွာမှာ ကိုဗစ် ပိုးတွေ့ရှိခဲ့တဲ့နောက် အာဆင်နယ်ရဲ့ မိတ်လန်းနိုင်းစ်ဟာ အင်္ဂလန် အသင်းကြီးရဲ့ ခေါ်ယူခြင်း ခံခဲ့ရပြီး ရာသီသစ် မစခင် နိုင်ငံပွဲ အနည်းငယ် ကစားရတော့မှာပါ။

Zawgyi – အာဆင္နယ္အသင္းဟာ ညက ၀င္ဘာေလကပြဲမွာ လီဗာပူးကို အႏိုင္ရၿပီး ကြန္ျမဴနတီဒိုင္း ရရွိခဲ့ျပီးေနာက္ ပြဲအျပီးမွာ နည္းျပ အာတီတာက အဖြင့္ဂိုးသြင္းယူခဲ့တဲ့ အူဘာမီးယန္းရဲ႕ အေရးပါတဲ့ ကူညီမႈအတြက္ ခ်ီးက်ဴးခဲ့ပါတယ္။

အာဆင္နယ္ ေနာက္ခံလူ တီရာေနးက အသင္းရဲ႕ ကြန္ျမဴနတီဒိုင္း ေအာင္ျမင္မႈအၿပီး ကလပ္ဟာ ပရီးမီးယားလိဂ္ ထိပ္ဆုံးေလးေနရာ ရသင့္ၿပီး ခ်န္ပီယံလိဂ္ကစားရဖို႔ ထိုက္တန္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ရက္ဘူးဆဲဘက္ ၾကယ္ပြင့္ ဒိုမီနစ္ ဆိုေဘာ့စေလးဟာ လက္ရွိအသင္းမွာပဲ သူ႔အနာဂတ္ကို ျမဳပ္ႏွံခဲ့ၿပီး အာဆင္နယ္နဲ႔ ေဆြးေႏြးမႈေတြကို အဆုံးသတ္ခဲ့တဲ့ အေၾကာင္းရင္းက ခ်န္ပီယံလိဂ္ ကစားခ်င္လို႔ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

အူဘာမီးယန္းဟာ ကြန္ျမဴနတီဒိုင္းမွာ ၁၂မိနစ္မွာပဲ ဂိုးသြင္းယူခဲ့ၿပီးေနာက္ ေႂကြလြင့္သြားတဲ့ Black Panther မင္းသား ခ်က္ဒ္ဝစ္ခ္အတြက္ အမွတ္တရအေနနဲ႔ Wakanda Forever ပို႔စ္နဲ႔ ေအာင္ပြဲခံခဲ့ပါတယ္။

အက္စ္တြန္ဗီလာက အာဆင္နယ္ ဂိုးသမား မာတီနက္အတြက္ ေပါင္၁၀သန္းနဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနေပမယ့္ အာဆင္နယ္က ေပါင္ သန္း၂၀ အလိုရွိေနပါတယ္။

ကြန္ျမဴနတီဒိုင္း ေအာင္ျမင္မႈအၿပီး ကလပ္အသင္းဟာ အူဘာမီးယန္းအတြက္ စာခ်ဳပ္သစ္ကို အၿပီးသတ္ႏိုင္ဖို႔ နီးစပ္ေနၿပီလို႔ နည္းျပ အာတီတာက ယုံၾကည္ေနပါတယ္။

လီဗာပူးနဲ႔ပြဲမွာ အာဆင္နယ္ အတြက္ ေတာက္ပခဲ့ေပမယ့္လဲ ေရာ့ဘ္ဟိုးဒင္းဟာ နယူးကာဆယ္ထံ တစ္ရာသီ အငွားနဲ႔ ေျပာင္းေ႐ႊ႕ရေတာ့မွာျဖစ္ၿပီး အငွားစာခ်ဳပ္မွာ အၿပီးသတ္ ဝယ္ယူခြင့္ေတာ့ မပါဘူးလို႔ သိရပါတယ္။

အဂၤလန္ ကစားသမားမ်ားစြာမွာ ကိုဗစ္ ပိုးေတြ႕ရွိခဲ့တဲ့ေနာက္ အာဆင္နယ္ရဲ႕ မိတ္လန္းႏိုင္းစ္ဟာ အဂၤလန္ အသင္းႀကီးရဲ႕ ေခၚယူျခင္း ခံခဲ့ရၿပီး ရာသီသစ္ မစခင္ ႏိုင္ငံပြဲ အနည္းငယ္ ကစားရေတာ့မွာပါ။