ဇီယက်၊ ဗာနာတို့ရဲ့ ပွဲဦးထွက် ခြေစွမ်းကို အကဲဖြတ် သုံးသပ်လိုက်တဲ့ နည်းပြလမ်းပတ်

ဒီနွေမှ ချယ်ဆီး ခေါ်ယူထားတဲ့ တိုက်စစ်သမား နှစ်ဦးဖြစ်တဲ့ ဇီယက်နဲ့ တီမိုဗာနာတို့ဟာ စနေည ဘရိုက်တန်နဲ့ ခြေစွမ်းပွဲမှာ ပွဲထွက် ပါဝင်ကစားခွင့် ရခဲ့ကြပြီး ခြေစွမ်းလည်း ပြခဲ့ကြပါတယ်။ တိုက်စစ်မှူး ဗာနာက ပွဲစလို့ လေးမိနစ်အကြာမှာတင် ချယ်ဆီး အတွက် ဂိုး သွင်းယူပေးခဲ့သလို ဇီယက်ကလည်း လှပတဲ့ ပေးပို့မှုတွေ ပြုလုပ်ခဲ့တာပါ။

ချယ်ဆီးနည်းပြ လမ်းပတ်ကတော့ သူ့ ကစားသမားသစ်တွေရဲ့ စွမ်းဆောင်ရည် အပေါ် အားရနေပြီး ပွဲဦးထွက် ခြေစွမ်းအပေါ် သုံးသပ် အကဲဖြတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

” တီမို (ဗာနာ) ခြေစွမ်းကတော့ လုံး၀ တောက်ပ ထက်မြက်နေတယ် လို့ ကျနော်ထင်တယ်။ သူက တော်တော် စောစောမှာတည်းက ဂိုးသွင်းနိုင်ခဲ့တယ်။ သူ့မှာ ရှိတယ်လို့ ကျနော် မြင်ထားတဲ့ တကယ့် အရည်အချင်းကောင်း တချို့ကို ပြသနိုင်ခဲ့တယ်။ ကျနော် သူ့ကို လူစာရင်းမှာထည့်တော့ တော်တော် ရင်ခုန်နေခဲ့တာ။

သူ့မှာ အဓိက အကျဆုံးကတော့ လုပ်အားနှုန်းပဲလို့ ထင်တယ်။ တကယ့် တာထွက်ကောင်း ဖြစ်ခဲ့ပါတယ်။ ဇီယက်လည်း အတူတူပါပဲ။ သူ့ရဲ့ ပါဝင် ပံ့ပိုးမှုတွေ ဘောလုံး ပို့တာတွေက တကယ့် ကွာလတီကောင်းတွေပဲ။ သူ ဒူးမှာ နည်းနည်းတော့ ထိသွားတယ်။ ဒါကိုတော့ စစ်ဆေးရဦးမှာပါ။ အရမ်းကြီး မဆိုးဖို့ မျှော်လင့်တယ်။

စွမ်းဆောင်ရည် အားဖြင့်တော့ သူတို့ နှစ်ယောက်လုံး တကယ်ကို ကောင်းကောင်း လုပ်ပြနိုင်ခဲ့ကြတယ်။ ” လို့ လမ်းပတ်က သုံးသပ် ပြောဆိုခဲ့ပါတယ်။

အေမက်စ်ကွင်းက ခြေစမ်းပွဲမှာ ချယ်ဆီး သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးကလည်း ကစားသမားသစ် နှစ်ယောက်နဲ့ သက်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ဇီယက်က ဖြတ်တင်ဘော လှလှပပ တင်ပေးခဲ့တာကို အိုဒွိုင်း ခေါင်းတိုက်တာ ချော်ခဲ့ပေမယ့် ဗာနာက အသေအချာ ပိတ်သွင်း ဂိုးယူခဲ့တာပါ။ ချယ်ဆီးအသင်းသားတွေနဲ့ ပရိသတ်တွေကတော့ ကစားသမားသစ်တွေနဲ့ ဘောလုံးရာသီသစ်အတွက် ရင်ခုန် တက်ကြွနေမှာ အမှန်ပဲ ဖြစ်ပါတယ်။

Zawgyi – ဒီေႏြမွ ခ်ယ္ဆီး ေခၚယူထားတဲ့ တိုက္စစ္သမား နွစ္ဦးျဖစ္တဲ့ ဇီယက္နဲ႕ တီမိုဗာနာတို႔ဟာ စေနည ဘရုိက္တန္နဲ႕ ေျခစြမ္းပြဲမွာ ပြဲထြက္ ပါ၀င္ကစားခြင့္ ရခဲ့ၾကျပီး ေျခစြမ္းလည္း ျပခဲ့ၾကပါတယ္။ တိုက္စစ္မွဴး ဗာနာက ပြဲစလို႔ ေလးမိနစ္အၾကာမွာတင္ ခ်ယ္ဆီး အတြက္ ဂိုး သြင္းယူေပးခဲ့သလို ဇီယက္ကလည္း လွပတဲ့ ေပးပို႔မႈေတြ ျပဳလုပ္ခဲ့တာပါ။

ခ်ယ္ဆီးနည္းျပ လမ္းပတ္ကေတာ့ သူ႔ ကစားသမားသစ္ေတြရဲ႕ စြမ္းေဆာင္ရည္ အေပၚ အားရေနျပီး ပြဲဦးထြက္ ေျခစြမ္းအေပၚ သံုးသပ္ အကဲျဖတ္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။

” တီမို (ဗာနာ) ေျခစြမ္းကေတာ့ လံုး၀ ေတာက္ပ ထက္ျမက္ေနတယ္ လို႔ က်ေနာ္ထင္တယ္။ သူက ေတာ္ေတာ္ ေစာေစာမွာတည္းက ဂိုးသြင္းနိုင္ခဲ့တယ္။ သူ႔မွာ ရွိတယ္လို႔ က်ေနာ္ ျမင္ထားတဲ့ တကယ့္ အရည္အခ်င္းေကာင္း တခ်ိဳ႕ကို ျပသနိုင္ခဲ့တယ္။ က်ေနာ္ သူ႔ကို လူစာရင္းမွာထည့္ေတာ့ ေတာ္ေတာ္ ရင္ခုန္ေနခဲ့တာ။

သူ႔မွာ အဓိက အက်ဆံုးကေတာ့ လုပ္အားႏႈန္းပဲလို႔ ထင္တယ္။ တကယ့္ တာထြက္ေကာင္း ျဖစ္ခဲ့ပါတယ္။ ဇီယက္လည္း အတူတူပါပဲ။ သူ႔ရဲ႕ ပါ၀င္ ပံ့ပိုးမႈေတြ ေဘာလံုး ပို႔တာေတြက တကယ့္ ကြာလတီေကာင္းေတြပဲ။ သူ ဒူးမွာ နည္းနည္းေတာ့ ထိသြားတယ္။ ဒါကိုေတာ့ စစ္ေဆးရဦးမွာပါ။ အရမ္းၾကီး မဆိုးဖို႔ ေမွ်ာ္လင့္တယ္။

စြမ္းေဆာင္ရည္ အားျဖင့္ေတာ့ သူတို႔ နွစ္ေယာက္လံုး တကယ္ကို ေကာင္းေကာင္း လုပ္ျပနုိင္ခဲ့ၾကတယ္။ ” လို႔ လမ္းပတ္က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

ေအမက္စ္ကြင္းက ေျခစမ္းပြဲမွာ ခ်ယ္ဆီး သြင္းယူခဲ့တဲ့ တစ္လံုးတည္းေသာ သြင္းဂိုးကလည္း ကစားသမားသစ္ နွစ္ေယာက္နဲ႕ သက္ဆိုင္ခဲ့တာ ျဖစ္ပါတယ္။ ဇီယက္က ျဖတ္တင္ေဘာ လွလွပပ တင္ေပးခဲ့တာကို အိုဒြိဳင္း ေခါင္းတိုက္တာ ေခ်ာ္ခဲ့ေပမယ့္ ဗာနာက အေသအခ်ာ ပိတ္သြင္း ဂိုးယူခဲ့တာပါ။ ခ်ယ္ဆီးအသင္းသားေတြနဲ႕ ပရိသတ္ေတြကေတာ့ ကစားသမားသစ္ေတြနဲ႕ ေဘာလံုးရာသီသစ္အတြက္ ရင္ခုန္ တက္ၾကြေနမွာ အမွန္ပဲ ျဖစ္ပါတယ္။