ဖလားတွေ အကုန် မန်စီးတီးပဲ အရယူမယ် လို့ ပြိုင်ဘက်တွေအား သတိပေးလိုက်တဲ့ စီးတီးကွင်းလယ်လူ ရိုဒဂီ

မန်စီးတီး ကွင်းလယ် ကစားသမား ရိုဒရီက ဒီရာသီလည်း ပရီးမီးယားလိဂ် ဖလား အရယူကာ ၄ ရာသီဆက် ချန်ပီယံဖြစ်လာဖို့နဲ့ ဆုဖလား ၃ လုံး ချန်ပီယံဘွဲ့ကို ၂ ကြိမ်ဆက် ဆွတ်ခူးဖို့ပါ ရည်မှန်းနေပါတယ်။

လက်ကျန် ၁ ပွဲကို အနိုင်ရရင် ပရီးမီးယားလိဂ်ကို ဦးဆောင်နိုင်မယ့် မန်စီးတီးဟာ ချန်ပီယံလိဂ်မှာ ၁၆ သင်း ရှုံးထွက်နဲ့ အက်ဖ်အေ ဖလားမှာ ပဉ္စမအဆင့်တွေထံ ရောက်ရှိနေတာပါ။

ရိုဒရီက ” ကျနော်တို့ ရည်မှန်းချက် အသစ် ထားရှိရပါမယ်။ ဒီရာသီ ပရီးမီးယားလိဂ် အောင်မြင်မယ်ဆိုရင် ၄ ရာသီဆက်အဖြစ် သမိုင်းသစ် ရေးထိုးနိုင်မှာပါ။

အရင်တုန်းက ဘယ်သူမှ မလုပ်နိုင်ခဲ့တဲ့ ကိစ္စကို လုပ်နိုင်ဖို့ အသင်းသားတွေ တကယ်ပဲ စိတ်အားထက်သန်နေပါတယ်။ တစ်ဦးချင်း အရ ဆိုရင် ဆုဖလားတွေ ထပ်ပြီး အနိုင်ရချင်ပါတယ်။ ဆုဖလားတွေ ရပေမယ့် ထပ် ထပ်ပြီး အောင်မြင်လိုနေဆဲပါ။

ဖလား ၃ လုံး အောင်မြင်ဖို့ ခက်ခဲတာကို သိပါတယ်။ ဒါပေမယ့် ထပ်ပြီး လုပ်နိုင်ပါတယ်။ ပြိုင်ပွဲတိုင်းမှာ ကျနော်တို့ ရှိနေဆဲပါ။ အက်ဖ်အေမှာ စပါးကို အနိုင် ယူခဲ့တယ်။ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်မှာလည်း ဆက်ရှိနေဆဲပါ။

ကျနော်တို့က ဆုဖလား ပြိုင်ဆိုင်လိုပါတယ်။ အရာအားလုံးအတွက် တိုက်ခိုက်လိုပါတယ် ” လို့ ဆက်ပြောခဲ့ပါတယ်။

မန်စီးတီးဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ အာဆင်နယ်နဲ့ အပြိုင် ကြိုးစားနေဆဲဖြစ်ပြီး နှစ်သင်းလုံးက ဖလားစိန်ခေါ်နေတာပဲ ဖြစ်ပါတယ်။