ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (30/08/20)

ယူနိုက်တက်ဟာ လီဗာပူးနဲ့ သတင်းကြီးနေတဲ့ ဘိုင်ယန်ကွင်းလယ်ကစားသမား သီယေဂို အယ်ကန်တာရာ ကို ခေါ်ယူဖို့ စိတ်ဝင်စား နေကြောင်း နောက်ဆုံးသတင်းတွေမှာ ပါရှိလာပါတယ်။ မန်ချက်စတာ အခြေစိုက် MEN ကတော့ ယူနိုက်တက်က သီယေဂို ကို ဦးစားပေး ပစ်မှတ် အဖြစ်တော့ သတ်မှတ်မထားကြောင်း သုံးသပ်နေပါတယ်။

ဂရိကနေ ပြသနာဖြစ်ပြီး ပြန်လာတဲ့ မက်ဂွဲရားကို ယူနိုက်တက်က အသင်းခေါင်းဆောင် အဖြစ်ကနေ ရုတ်သိမ်းမှာ မဟုတ်ဘဲ အင်္ဂလန်သားကို နားရက် ပိုပေးကာ အနားယူစေမယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ လာမယ့် ရာသီမှာ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်ဖို့ ပစ်မှတ်ထား ပြိုင်ဆိုင်သွားရမှာ ဖြစ်ပြီး တခြား ဆင်ခြေ ပေးနေစရာ မရှိကြောင်း ကွင်းလယ်သမား မာတစ်က တိုက်တွန်းလိုက်ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး မေဆန်ဂရင်းဝုဒ်ဟာ ဂိုးသွင်းစွမ်းရည်ကောင်းကို ပင်ကို ပါရမီ အဖြစ် ပိုင်ဆိုင်ထားပြီး ကိန်း၊ အိုဝင်တို့လို ဂိုးသွင်းဖို့ မွေးဖွားလားတဲ့ တိုက်စစ်မှူးမျိုး ဖြစ်ကြောင်း ရွန်းနီက ချီးကျူးလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ထံ ပြန်လာပြီး ပွဲထွက် နေရာအတွက် ဒီဂီယာကို စိန်ခေါ်သွားမယ့် ဒင်း ဟန်ဒါဆန် ရဲ့ ဆုံးဖြတ်ချက်ကို အင်္ဂလန် လက်ရွေးစင်အသင်း နည်းပြ ဆောက်ဂိတ်က ထောက်ခံ အားပေးလိုက်ပါတယ်။

အေဂျက်ကြယ်ပွင့် ဗန်ဒါဘိက ၎င်းဟာ မန်ချက်စတာယူနိုက်တက်ထံ ပြောင်းရွှေ့တော့မှာ ဖြစ်ကြောင်း အသင်းဖော်တွေအား အသိပေးခဲ့ပြီလို့ စပိန်သတင်းများမှာ ဖော်ပြထားပါတယ်။ ယူနိုက်တက်က ဗန်ပါဘိကို ပေါင် သန်း ၄၀ နဲ့ ခေါ်ယူနိုင်တော့မှာ ဖြစ်တယ်လို့လည်း အင်္ဂလန် သတင်းတွေမှာ ဆိုနေပါတယ်။

Zawgyi – ယူနုိက္တက္ဟာ လီဗာပူးနဲ႕ သတင္းၾကီးေနတဲ့ ဘိုင္ယန္ကြင္းလယ္ကစားသမား သီေယဂို အယ္ကန္တာရာ ကို ေခၚယူဖို႔ စိတ္၀င္စား ေနေၾကာင္း ေနာက္ဆံုးသတင္းေတြမွာ ပါရွိလာပါတယ္။ မန္ခ်က္စတာ အေျခစိုက္ MEN ကေတာ့ ယူနုိက္တက္က သီေယဂို ကို ဦးစားေပး ပစ္မွတ္ အျဖစ္ေတာ့ သတ္မွတ္မထားေၾကာင္း သံုးသပ္ေနပါတယ္။

ဂရိကေန ျပသနာျဖစ္ျပီး ျပန္လာတဲ့ မက္ဂြဲရားကို ယူနိုက္တက္က အသင္းေခါင္းေဆာင္ အျဖစ္ကေန ရုတ္သိမ္းမွာ မဟုတ္ဘဲ အဂၤလန္သားကို နားရက္ ပိုေပးကာ အနားယူေစမယ္လို႔ သိရပါတယ္။

ယူနိုက္တက္ဟာ လာမယ့္ ရာသီမွာ ပရီးမီးယားလိဂ္ဖလား စိန္ေခၚဖို႔ ပစ္မွတ္ထား ျပိဳင္ဆိုင္သြားရမွာ ျဖစ္ျပီး တျခား ဆင္ေျခ ေပးေနစရာ မရွိေၾကာင္း ကြင္းလယ္သမား မာတစ္က တိုက္တြန္းလိုက္ပါတယ္။

ယူနိုက္တက္ တိုက္စစ္မွဴး ေမဆန္ဂရင္း၀ုဒ္ဟာ ဂိုးသြင္းစြမ္းရည္ေကာင္းကို ပင္ကို ပါရမီ အျဖစ္ ပိုင္ဆိုင္ထားျပီး ကိန္း၊ အို၀င္တို႔လို ဂိုးသြင္းဖို႔ ေမြးဖြားလားတဲ့ တိုက္စစ္မွဴးမ်ိဳး ျဖစ္ေၾကာင္း ရြန္းနီက ခ်ီးက်ဴးလိုက္ပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္ထံ ျပန္လာျပီး ပြဲထြက္ ေနရာအတြက္ ဒီဂီယာကို စိန္ေခၚသြားမယ့္ ဒင္း ဟန္ဒါဆန္ ရဲ႕ ဆံုးျဖတ္ခ်က္ကို အဂၤလန္ လက္ေရြးစင္အသင္း နည္းျပ ေဆာက္ဂိတ္က ေထာက္ခံ အားေပးလိုက္ပါတယ္။

ေအဂ်က္ၾကယ္ပြင့္ ဗန္ဒါဘိက ၄င္းဟာ မန္ခ်က္စတာယူနိုက္တက္ထံ ေျပာင္းေရႊ႕ေတာ့မွာ ျဖစ္ေၾကာင္း အသင္းေဖာ္ေတြအား အသိေပးခဲ့ျပီလို႔ စပိန္သတင္းမ်ားမွာ ေဖာ္ျပထားပါတယ္။ ယူနိုက္တက္က ဗန္ပါဘိကို ေပါင္ သန္း ၄၀ နဲ႕ ေခၚယူနုိင္ေတာ့မွာ ျဖစ္တယ္လို႔လည္း အဂၤလန္ သတင္းေတြမွာ ဆိုေနပါတယ္။