ကိုင်ဟားဗတ်ဟာ ဟာ ရာသီကြိုမစခင် လေဗာကူဆင်အသင်းရဲ့ ကြံ့ခိုင်ရေးစစ်ဆေးမှု နောက်ဆုံးအဆင့်ကို မလုပ်ခဲ့ဘူးလို့ သိရပြီး ပေါင် သန်း ၉၀ ဝန်းကျင်နဲ့ ချယ်ဆီးအသင်းထံကို ပြောင်းရွှေ့ဖို့ ပိုမိုနီးစပ်လာပြီလို့ သိရပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ချယ်ဆီးနဲ့ သီယာဂိုဆေးဗားရဲ့ သဘောတူညီမှုရရှိကြောင်း မကြေညာခင်မှာ ၎င်းတို့ရဲ့ ဝါရင့်ဗဟိုနောက်ခံလူကို စာချုပ်သစ်ချုပ်ဖို့ နောက်ဆုံးအကြိမ် ကြိုးစားခဲ့သေးတယ်လို့ အေးဂျင့်ဖြစ်သူက ပြောပြခဲ့ပါတယ်။
ပီတာချက်ဟာ ဒီနွေမှာ ကီပါ ထွက်ခွာနိုင်တယ်ဆိုတဲ့ သတင်းတွေကို ငြင်းပယ်ခဲ့ပြီး ချယ်ဆီးနဲ့ ပတ်သက်တဲ့ လူတိုင်းက ဂိုးသမား ကီပါ ဟာ ကလပ်မှာ ကြီးမားတဲ့ အနာဂတ်ရှိတယ်လို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
ကီပါဟာ ၎င်းရဲ့ မွေးရပ်မြေကို ပြန်လာဖို့ ကမ်းလှမ်းမှုတွေနဲ့အတူ ချယ်ဆီးကို စွန့်ခွာဖို့ စိတ်အားထက်သန် နေခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဘင်ချီဝဲနဲ့ သီယာဂိုဆေးဗား ရောက်လာပြီးနောက် စတန်းဖို့ဒ်ဘရစ်ချ် မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။
လမ်းပတ် လက်အောက် လိဂ် ၁၅ပွဲ သာ ကစားခဲ့ရတဲ့ အီမာဆန်ကို အင်တာမီလန်က ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ၎င်းရဲ့အေးဂျင့်က အတည်ပြုခဲ့ပေမယ့် သူ့အနေနဲ့ ချယ်ဆီးနဲ့ ဆွေးနွေးမှု မလုပ်ရသေးဘူး လို့ ပြောဆိုခဲ့ပါတယ်။
လမ်းပတ်ဟာ ကစားသမားသစ်တွေဖြစ်တဲ့ ဘင်ချေးဝဲလ်နဲ့ သီယာဂို ဆေးဗားတို့ကို ချီးကျူးခဲ့ပြီး သူတို့နှစ်ယောက်ဟာ ခံစစ်ရော တိုက်စစ်အရည်အသွေးတွေနဲ့ပါ ချယ်ဆီးကို အထောက်အပံ့ ပေးလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ချယ်ဆီး အသင်း ဟာ မနှစ်က အမ်စတာဒန် ယူ ၁၇ အသင်း အတွက် ၇ဂိုးသွင်း၊ ၁ဂိုး ဖန်တီးပေးခဲ့တဲ့ အေဂျက်ကြယ်ပွင့် ဗန်အေဇယ် ဒွန်ဂျန်ကို ခေါ်ယူနိူင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။
နည်းပြကွန်တီဟာ ချယ်ဆီးကွင်းလယ်သမား ကန်တေကို အလိုရှိကြောင်း အင်တာမီလန် ဘုတ်အဖွဲ့ကို တောင်းဆိုခဲ့ပြီး ယူရို သန်း ၅၀ နဲ့ အပြီးသတ် ဝယ်ယူခွင့် အပါအဝင် ကနဦး အငှားခေါ်ယူဖို့ စိတ်အား ထက်သန်နေပါတယ်။
Zawgyi – ကိုင်ဟားဗတ်ဟာ ဟာ ရာသီကြိုမစခင် လေဗာကူဆင်အသင်းရဲ့ ကြံ့ခိုင်ရေးစစ်ဆေးမှု နောက်ဆုံးအဆင့်ကို မလုပ်ခဲ့ဘူးလို့ သိရပြီး ပေါင် သန်း ၉၀ ဝန်းကျင်နဲ့ ချယ်ဆီးအသင်းထံကို ပြောင်းရွှေ့ဖို့ ပိုမိုနီးစပ်လာပြီလို့ သိရပါတယ်။
ကီပါဟာ ၎င်းရဲ့ မွေးရပ်မြေကို ပြန်လာဖို့ ကမ်းလှမ်းမှုတွေနဲ့အတူ ချယ်ဆီးကို စွန့်ခွာဖို့ စိတ်အားထက်သန် နေခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဘင်ချီဝဲနဲ့ သီယာဂိုဆေးဗား ရောက်လာပြီးနောက် စတန်းဖို့ဒ်ဘရစ်ခ်ျ မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။
ချယ်ဆီး အသင်း ဟာ မနှစ်က အမ်စတာဒန် ယူ ၁၇ အသင်း အတွက် ၇ဂိုးသွင်း၊ ၁ဂိုး ဖန်တီးပေးခဲ့တဲ့ အေဂျက်ကြယ်ပွင့် ဗန်အေဇယ် ဒွန်ဂျန်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။