ယနေ့ နံနက်ခင်း ယူနိုက်တက် အပြောင်းအရွှေ့ သတင်းတိုများ (31-08-20)

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေက ပစ်မှတ် ဟာလန်းကို လက်လွှတ်ခဲ့ရတဲ့နောက် ရက်ဘူးဆဲဘက်ရဲ့ အသက် ၂၁နှစ် အရွယ် တိုက်စစ်မှူး ပတ်ဆန် ဒါကာက သူတို့အတွက် ကောင်းမွန်တဲ့ ရွေးချယ်စရာ ဖြစ်လာနိုင်ပြီး ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

မန်ချက်စတာယူနိုက်တက် ဟာ အေဂျက်စတား ဒွန်နီဗန်ဒါဘိခ်ကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီး ပြောင်းရွှေ့ကြေးက ပေါင်သန်း၄၀ ဝန်းကျင် ရှိမှာဖြစ်ပါတယ်။ အပြောင်းအရွှေ့ သဘောတူညီမှု ရခဲ့တဲ့နောက် ယူနိုက်တက် နည်းပြဟောင်းဗန်ဟားက ဗန်ဒါဘိခ်ရဲ့ အရည်အချင်းကို ချီးကျူးခဲ့ပြီး ၎င်းဟာ အိုးလ်ထရက်ဖို့ဒ် ထံ ပြောင်းရွှေ့ရဖို့ ထိုက်တန်ကြောင်း ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ရက်ဂူလွန်ကို ခေါ်ယူဖို့ကြိုးစားရာမှာ ခက်ခဲတဲ့ ပြိုင်ဆိုင်မှုအချို့နဲ့ ကြုံတွေ့နေရပြီး ၂၃နှစ် အရွယ် နောက်ခံလူကို စပါး၊ အင်တာနဲ့ ဂျူဗင်တပ်တို့ကလဲ စိတ်ဝင်စားနေပါတယ်။

အင်္ဂလန် နည်းပြ ဆောက်ဂိတ်အနေနဲ့ လက်ရွေးစင် အသင်းလူစာရင်းမှာ ဟယ်ရီမက်ဂွဲရားကို ကနဦး ရွေးချယ်ခဲ့တာက မွားယွင်းတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တာဖြစ်တယ်လို့ ဝိန်းရွန်းနီက ယုံကြည်နေပါတယ်။

မန်ယူနိုက်တက်ရဲ့ အသက် ၂၄နှစ်အရွယ် ဂိုးသမား ပါရဲရားဟာ ၂၀၂၀-၂၀၂၁ ရာသီအတွက် ဟက်ဒါဖီးတောင်းကို အငှား သွားရောက်ကစားရတော့မှာ ဖြစ်ကြောင်း ယူနိုက်တက်က ကြေညာခဲ့ပါတယ်။

ယူနိုက်တက် လူငယ်ကြယ်ပွင့် မေဆန်ဂရင်းဝုဒ်ဟာ အင်္ဂလန်မှာ ဟယ်ရီကိန်းရဲ့ နေရာ ဆက်ခံသူ ဖြစ်နိူင်ပြီး သူက ရက်ရှ်ဖို့ဒ်၊ တန်မီအေဗရာဟမ်တို့ထက် ပိုကောင်းတဲ့ ရွေးချယ်စရာ ဖြစ်တယ်လို့ ရွန်းနီက ယုံကြည်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဂျက်ဂရီးလစ်ရှ်ရဲ့ အပြောင်းအရွှေ့အတွက် အက်စ်တွန်ဗီလာ နဲ့ စကားပြောဆိုမှုလုပ်နေပြီး ဒီနွေရာသီအတွင်း သဘောတူညီမှုရရှိဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

Zawgyi – ယူႏိုက္တက္ဟာ ျပီးခဲ့တဲ့ေႏြက ပစ္မွတ္ ဟာလန္းကို လက္လႊတ္ခဲ့ရတဲ့ေနာက္ ရက္ဘူးဆဲဘက္ရဲ႕ အသက္ ၂၁ႏွစ္ အ႐ြယ္ တိုက္စစ္မႉး ပတ္ဆန္ ဒါကာက သူတို႔အတြက္ ေကာင္းမြန္တဲ့ ေ႐ြးခ်ယ္စရာ ျဖစ္လာႏိုင္ျပီး ေခၚယူဖို႔ ေစာင့္ၾကည့္ေနပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ ဟာ ေအဂ်က္စတား ဒြန္နီဗန္ဒါဘိခ္ကို ေခၚယူဖို႔ သေဘာတူညီမႈရခဲ့ၿပီး ေျပာင္းေ႐ႊ႕ေၾကးက ေပါင္သန္း၄၀ ဝန္းက်င္ ရွိမွာျဖစ္ပါတယ္။ အေျပာင္းအေ႐ႊ႕ သေဘာတူညီမႈရခဲ့တဲ့ေနာက္ ယူႏိုက္တက္ နည္းျပေဟာင္းဗန္ဟားက ဗန္ဒါဘိခ္ရဲ႕ အရည္အခ်င္းကို ခ်ီးက်ဴးခဲ့ၿပီး ၎ဟာ အိုးလ္ထရက္ဖို႔ဒ္ ထံ ေျပာင္းေ႐ႊ႕ရဖို႔ ထိုက္တန္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ဟာ ရီးရဲလ္မက္ဒရစ္ရဲ႕ ရက္ဂူလြန္ကို ေခၚယူဖို႔ႀကိဳးစားရာမွာ ခက္ခဲတဲ့ ၿပိဳင္ဆိုင္မႈအခ်ိဳ႕နဲ႔ ႀကဳံေတြ႕ေနရၿပီး ၂၃ႏွစ္ အ႐ြယ္ ေနာက္ခံလူကို စပါး၊ အင္တာနဲ႔ ဂ်ဴဗင္တပ္တို႔ကလဲ စိတ္ဝင္စားေနပါတယ္။

အဂၤလန္ နည္းျပ ေဆာက္ဂိတ္အေနနဲ႔ လက္ေ႐ြးစင္ အသင္းလူစာရင္းမွာ ဟယ္ရီမက္ဂြဲရားကို ကနဦး ေ႐ြးခ်ယ္ခဲ့တာက မြားယြင္းတဲ့ ဆုံးျဖတ္ခ်က္ကို ခ်ခဲ့တာျဖစ္တယ္လို႔ ဝိန္း႐ြန္းနီက ယုံၾကည္ေနပါတယ္။

မန္ယူႏိုက္တက္ရဲ႕ အသက္ ၂၄ႏွစ္အ႐ြယ္ ဂိုးသမား ပါရဲရားဟာ ၂၀၂၀-၂၀၂၁ ရာသီအတြက္ ဟက္ဒါဖီးေတာင္းကို အငွား သြားေရာက္ကစားရေတာ့မွာ ျဖစ္ေၾကာင္း ယူႏိုက္တက္က ေၾကညာခဲ့ပါတယ္။

ယူနိုက္တက္ လူငယ္ၾကယ္ပြင့္ ေမဆန္ဂရင္းဝုဒ္ဟာ အဂၤလန္မွာ ဟယ္ရီကိန္းရဲ႕ ေနရာ ဆက္ခံသူ ျဖစ္ႏိူင္ၿပီး သူက ရက္ရွ္ဖို႔ဒ္၊ တန္မီေအဗရာဟမ္တို႔ထက္ ပိုေကာင္းတဲ့ ေ႐ြးခ်ယ္စရာ ျဖစ္တယ္လို႔ ႐ြန္းနီက ယုံၾကည္ေနပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ဟာ ဂ်က္ဂရီးလစ္ရွ္ရဲ႕ အေျပာင္းအေ႐ႊ႕အတြက္ အက္စ္တြန္ဗီလာ နဲ႔ စကားေျပာဆိုမႈလုပ္ေနၿပီး ဒီေႏြရာသီအတြင္း သေဘာတူညီမႈရရွိဖို႔ ႀကိဳးစားေနဆဲ ျဖစ္ပါတယ္။