ယေန႔ ေနာက္ဆံုးရ လီဗာပူးနဲ႕ ယူနိုက္တက္ သတင္းတိုမ်ား

လီဗာပူး တိုက်စစ်သမားဟောင်းကြီး ဂျွန်ဘမ်းက လာမယ့်အပတ်မှာ အန်ဖီးကို လာရောက်မယ့် အက်သလက်တီကို မက်ဒရစ်ဟာ ဘာစီလိုနာ ထက် ခက်ခဲတဲ့ အသင်း ဖြစ်လာလိမ့်မယ်လို့ အသင်းဟောင်းကို သတိပေးလိုက်ပါတယ်။

လီဗာပူးက နော်ဝစ်ကွင်းလယ်လူ ကန့်ဝဲလ်ကို ခေါ်ယူဖို့ ကိစ္စအား သွေးအေးလာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လို့ စောင့်ကြည့်မှုကို ဆက်လုပ်မှာ ဖြစ်ပြီး ထိပ်တန်း ပပစ်မှတ်အဖြစ်တော့ ခေါ်ယူဖို့ ကြိုးစားတော့မှာ မဟုတ်ပါဘူး။

ယူနိုက်တက်က ညက အက်ဖ်အေဖလား ပွဲစဉ်မှာ ဒါဘီအသင်းကို ၃ဂိုး ဂိုးမရှိနဲ့ အနိုင်ယူကာ ကွာတားအဆင့် တက်ရောက်သွားပြီ ဖြစ်ပါတယ်။ ယူနိုက်တက် အတွက် ဂိုးတွေကို ရှောက တစ်ဂိုးနဲ့ အစ်ဟာလိုက နှစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။

ရိုးမားက အပြီးသတ် ခေါ်ယူချင်နေတဲ့ ခံစစ်မှူး စမောလင်း အတွက် ယူနိုက်တက် က ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း သတ်မှတ်ထားပြီး ရိုးမားက အပြောင်းအရွှေ့အတွက် ထပ် စဉ်းစားနေပြီလို့ သိရပါတယ်။ စမောလင်းကို စပါးအသင်းကလည်း ခေါ်ယူဖို့ စောင့်ကြည့်နေတာပါ။

ဆေးပညာရှင်တွေ အကြံပေးမှုအရ ပရီးမီးယားလိဂ်မှာ အသင်းသားတွေချင်း၊ ပြိုင်ဘက်တွေ ဒိုင်လူကြီးတွေနဲ့ လက်ဆွဲ နှုတ်ဆက်တာတွေ ပွေ့ဖက်တာတွေကို လုပ်ဖို့ မလိုတော့ကြောင်း ကြေငြာချက် ထုတ်လိုက်ပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲရားက ခြေကျင်းဝတ် ထိခိုက်ဒဏ်ရာ ရှိနေတာကြောင့် ဒီတစ်ပတ် မန်ချက်စတာ ဒါဘီပွဲ ပါဝင်ဖို့ မသေချာဘဲ ဖြစ်နေပါတယ်။ စီးတီးဘက်မှာတော့ ကွင်းလယ် ဒီဘရိုင်းရဲ့ ပခုံးဒဏ်ရာကို စောင့်ကြည့်နေဆဲ ဖြစ်ပြီး ယူနိုက်တက်နဲ့ ပွဲမှာ ထည့်ကစားနိုင်ဖို့ ကြိုးစားနေပါတယ်။

Zawgyi – လီဗာပူး တိုက္စစ္သမားေဟာင္းၾကီး ဂၽြန္ဘမ္းက လာမယ့္အပတ္မွာ အန္ဖီးကို လာေရာက္မယ့္ အက္သလက္တီကို မက္ဒရစ္ဟာ ဘာစီလိုနာ ထက္ ခက္ခဲတဲ့ အသင္းျဖစ္လာလိမ့္မယ္လို႔ အသင္းေဟာင္းကို သတိေပးလိုက္ပါတယ္။

လီဗာပူးက ေနာ္ဝစ္ကြင္းလယ္လူ ကန္႔ဝဲလ္ကို ေခၚယူဖို႔ ကိစၥအား ေသြးေအးလာခဲ့ျပီျဖစ္ပါတယ္။ ဒါေပမယ့္လို႔ ေစာင့္ၾကည့္မႈကို ဆက္လုပ္မွာ ျဖစ္ျပီး ထိပ္တန္း ပပစ္မွတ္အျဖစ္ေတာ့ ေခၚယူဖို႔ ၾကိဳးစားေတာ့မွာ မဟုတ္ပါဘူး။

ယူနုိက္တက္က ညက အက္ဖ္ေအဖလား ပြဲစဥ္မွာ ဒါဘီအသင္းကို ၃ဂိုး ဂိုးမရွိနဲ႕ အနုိင္ယူကာ ကြာတားအဆင့္ တက္ေရာက္သြားျပီ ျဖစ္ပါတယ္။ ယူနိုက္တက္ အတြက္ ဂိုးေတြကို ေရွာက တစ္ဂိုးနဲ႕ အစ္ဟာလိုက နွစ္ဂိုး သြငး္ယူေပးခဲ့ပါတယ္။

ရိုးမားက အျပီးသတ္ ေခၚယူခ်င္ေနတဲ့ ခံစစ္မွဴး စေမာလင္း အတြက္ ယူနိုက္တက္ က ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၅ သန္း သတ္မွတ္ထားျပီး ရိုးမားက အေျပာင္းအေရႊ႕အတြက္ ထပ္ စဥ္းစားေနျပီလို႔ သိရပါတယ္။ စေမာလင္းကို စပါးအသင္းကလည္း ေခၚယူဖို႔ ေစာင့္ၾကည့္ေနတာပါ။

ေဆးပညာရွင္ေတြ အၾကံေပးမႈအရ ပရီးမီးယားလိဂ္မွာ အသင္းသားေတြခ်င္း၊ ျပိဳင္ဘက္ေတြ ဒိုင္လူၾကီးေတြနဲ႔ လက္ဆြဲ နႈတ္ဆက္တာေတြ ေပြ႔ဖက္တာေတြကို လုပ္ဖို႔ မလိုေတာ့ေၾကာင္း ေၾကျငာခ်က္ ထုတ္လိုက္ပါတယ္။

ယူနိုက္တက္ အသင္းေခါင္းေဆာင္ မက္ဂြဲရားက ေျခက်င္း၀တ္ ထိခိုက္ဒဏ္ရာ ရွိေနတာေၾကာင့္ ဒီတစ္ပတ္ မန္ခ်က္စတာ ဒါဘီပြဲ ပါ၀င္ဖို႔ မေသခ်ာဘဲ ျဖစ္ေနပါတယ္။ စီးတီးဘက္မွာေတာ့ ကြင္းလယ္ ဒီဘရိုင္းရဲ႕ ပခံုးဒဏ္ရာကို ေစာင့္ၾကည့္ေနဆဲ ျဖစ္ျပီး ယူနိုက္တက္နဲ႕ ပြဲမွာ ထည့္ကစားနုိင္ဖို႔ ၾကိဳးစားေနပါတယ္။