မီခီတာရန်ကို အပြီးဝယ်ချင်ပေမယ့် အာဆင်နယ်က လစာ ဆက်ပေးစေလိုနေတဲ့ ရိုးမား

ရိုးမားမှာ အငှား သွားရောက် ကစားနေတဲ့ အာဆင်နယ် ကွင်းလယ်တိုက်စစ်သမား မီခီတာရန်က ဒီနွေမှာပဲ အသင်းကနေ အပြီးသတ် ထွက်ခွာကာ ရိုးမားထံ ပြောင်းရွှေ့သွားဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ကလပ်အသင်း နှစ်သင်း ညှိနှိုင်းမှုမှာတော့ အပြီးသတ်ဖို့ အခက်အခဲတွေ ရှိနေဆဲပါ။

ဂန်းနားတွေက အာမေးနီးယန်းသား အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်း ဝန်းကျင် အလိုရှိနေပြီး ရိုးမားက ကစားသမားကို အလိုရှိနေသော်လည်း ၎င်းရဲ့ လစာ တစ်ပတ် ပေါင် ၁သိန်း ၈သောင်းကို ဆက်လက် ပေးချေဖို့ မလိုလားဘဲ ဖြစ်နေတာပါ။ ဒါကပဲ မီခီတာရန် အပြောင်းအရွှေ့ အောင်မြင်ဖို့ အတားအဆီး ဖြစ်နေပါတယ်။

ရိုးမားဘက်ကတော့ အပြီး ဝယ်ယူစေချင်ရင် အာဆင်နယ် အနေနဲ့ မီခီတာရန်ရဲ့ နောက်ရာသီ လစာ တချို့တဝက်ကို ပေးချေစေလိုနေပြီး ဒါမှမဟုတ်ရင် ပြောင်းရွှေ့ကြေး ထပ်လျှော့ပေးစေလိုနေပါတယ်။ မီခီတာရန်ရဲ့ လစာက အာဆင်နယ်မှာ စတုတ္ထမြောက် အများဆုံးလည်း ဖြစ်ပါတယ်။ သူ့ရှေ့မှာ အိုဇေးလ်၊ အူဘာမီးယန်းနဲ့ လာကာဇက်တီတို့သာ ရှိနေပါတယ်။

မီခီတာရန်က အူနိုင်း အမ်မရီ ရှိစဉ် အသင်းမှာ အခွင့်အရေး ပေးခြင်း မခံရဘဲ အငှား စေလွှတ်ခံခဲ့ရတာပါ။ လက်ရှိမှာ အာတီတာ နည်းပြသစ် ဖြစ်လာပေမယ့် ၎င်း အတွက် အမ်းမရိတ်မှာ နေရာရဖို့ အခွင့်အရေး နည်းပါးနေပြီ ဖြစ်ပါတယ်။

ကစားသမား ကိုယ်တိုင်လည်း အီတလီမှာ ပျော်ရွှင်နေပြီ ဆိုထားပြီး အာဆင်နယ်သို့ ပြန်မသွားလိုကြောင်း ဖွင့်ဟထားဖူးပါတယ်။ ရိုးမားနဲ့ အာဆင်နယ်တို့ ကြား မီခီတာရန် အပြောင်းအရွှေ့ အတွက် ညှိနှိုင်းမှုကတော့ ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

Zawgyi – ရိုးမားမွာ အငွား သြားေရာက္ ကစားေနတဲ့ အာဆင္နယ္ ကြင္းလယ္တုိက္စစ္သမား မီခီတာရန္က ဒီေႏြမွာပဲ အသင္းကေန အျပီးသတ္ ထြက္ခြာကာ ရိုးမားထံ ေျပာင္းေရႊ႕သြားဖြယ္ ရွိေနပါတယ္။ ဒါေပမယ့္ ကလပ္အသင္း နွစ္သင္း ညွိနိႈင္းမႈမွာေတာ့ အျပီးသတ္ဖို႔ အခက္အခဲေတြ ရွိေနဆဲပါ။

ဂန္းနားေတြက အာေမးနီးယန္းသား အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၀ သန္း ၀န္းက်င္ အလိုရွိေနျပီး ရိုးမားက ကစားသမားကို အလိုရွိေနေသာ္လည္း ၄င္းရဲ႕ လစာ တစ္ပတ္ ေပါင္ ၁သိန္း ၈ေသာင္းကို ဆက္လက္ ေပးေခ်ဖို႔ မလိုလားဘဲ ျဖစ္ေနတာပါ။ ဒါကပဲ မီခီတာရန္ အေျပာင္းအေရႊ႕ ေအာင္ျမင္ဖို႔ အတားအဆီး ျဖစ္ေနပါတယ္။

ရိုးမားဘက္ကေတာ့ အျပီး ၀ယ္ယူေစခ်င္ရင္ အာဆင္နယ္ အေနနဲ႕ မီခီတာရန္ရဲ႕ ေနာက္ရာသီ လစာ တခ်ိဳ႕တ၀က္ကို ေပးေခ်ေစလိုေနျပီး ဒါမွမဟုတ္ရင္ ေျပာင္းေရႊ႕ေၾကး ထပ္ေလွ်ာ့ေပးေစလိုေနပါတယ္။ မီခီတာရန္ရဲ႕ လစာက အာဆင္နယ္မွာ စတုတၳေျမာက္ အမ်ားဆံုးလည္း ျဖစ္ပါတယ္။ သူ႔ေရွ႕မွာ အိုေဇးလ္၊ အူဘာမီးယန္းနဲ႕ လာကာဇက္တီတို႔သာ ရွိေနပါတယ္။

မီခီတာရန္က အူနုိင္း အမ္မရီ ရွိစဥ္ အသင္းမွာ အခြင့္အေရး ေပးျခင္း မခံရဘဲ အငွား ေစလႊတ္ခံခဲ့ရတာပါ။ လက္ရွိမွာ အာတီတာ နည္းျပသစ္ ျဖစ္လာေပမယ့္ ၄င္း အတြက္ အမ္းမရိတ္မွာ ေနရာရဖို႔ အခြင့္အေရး နည္းပါးေနျပီ ျဖစ္ပါတယ္။

ကစားသမား ကိုယ္တိုင္လည္း အီတလီမွာ ေပ်ာ္ရႊင္ေနျပီ ဆိုထားျပီး အာဆင္နယ္သို႔ ျပန္မသြားလိုေၾကာင္း ဖြင့့္ဟထားဖူးပါတယ္။ ရိုးမားနဲ႕ အာဆင္နယ္တို႔ ၾကား မီခီတာရန္ အေျပာင္းအေရႊ႕ အတြက္ ညွိနႈိင္းမႈကေတာ့ ဆက္လက္ ျပဳလုပ္ေနဆဲ ျဖစ္ပါတယ္။