ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (31-08-20)

အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ရာသီသစ် မစတင်ခင်မှာ အူဘာမီးယန်းကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေပြီး အဆိုပါ စာချုပ်သစ်အရ တိုက်စစ်မှူးဟာ တစ်ပတ်လုပ်ခ ပေါင်၂သိန်းခွဲရရှိမှာ ဖြစ်ပါတယ်။

ဂန်းနားကွင်းလယ် ကြယ်ပွင့် ဂွမ်ဒူဇီဟာ ၂၀၁၉-၂၀၂၀ ရာသီ နှောင်းပိုင်းမှာ အာတီတာရဲ့ လျစ်လျူရှုခံခဲ့ရတဲ့နောက် အသင်းကနေ ထွက်ခွာဖို့ ရှိနေသလို ဗလင်စီယာအသင်းက သူ့ကို ခေါ်ယူဖို့ အာဆင်နယ် ထံ ချဉ်းကပ်ခဲ့တယ်လို့ သိရပါတယ်။

အူဘာမီးယန်းဟာ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲ ရောက်ရှိလာပြီဖြစ်ပေမယ့်လဲ အာဆင်နယ်မှာ ဆက်နေဖို့အတွက် တခြားသော ကမ်းလှမ်းမှု ၂ခုကို ပယ်ချခဲ့ကြောင်း ဝါရင့်ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက ပြောဆိုခဲ့ပါတယ်။

ရိုးမားကွင်းလယ်လူ ဒီအာဝါရာက အာဆင်နယ်အသင်းရဲ့စိတ်ဝင်စားနေမှုကို သဘောကျပေမယ့် သူဟာ အီတလီက သူ့ကစားသမားဘဝကိုပဲ အာရုံစိုက်ထားကြောင်း အေးဂျင့်ဖြစ်သူက အတည်ပြုခဲ့ပါတယ်။

အာဆင်နယ် ပစ်မှတ်ထားနေတဲ့လိုင်ယွန်ကစားသမား အေအူရာဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လိုနေပေမယ့် ၎င်းရဲ့တန်ကြေး ယူရိုသန်း၆၀ကြောင့် သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေကို လက်တွန့်နေတာ ဖြစ်ပါတယ်။

လီဗာပူးကို အနိုင်ရရှိပြီးနောက် အာတီတာဟာ အသင်းကနေထွက်ခွာနိုင်ခြေရှိနေတဲ့ ကစားသမားတွေကိုပြောပြခဲ့ပြီး ၎င်းတို့ကတော့ မိတ်လန်းနိုင်းစ်၊ ရော့ဘ်ဟိုးဒင်း၊ အယ်နီနီ၊ မာတီနက်၊ တော်ရဲရားနဲ့ လာကာဇက်တို့ပဲ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေနဲ့ကွာဟချက် ကျဉ်းမြောင်းလာတယ်လို့ အာတီတာက ယုံကြည်နေပေမယ့် တည်ငြိမ်မှုရရှိအောင် ဒီထက်ပို တိုးတက်ဖို့ လိုသေးတယ်လို့ သူ့အသင်းသားတွေအား တိုက်တွန်းပြောဆိုခဲ့ပါတယ်။

လီဗာပူးကို အနိုင်ရပြီးနောက် အာဆင်နယ် ဗဟိုနောက်ခံလူ ဒေးဗစ်လူးဝစ်က ကွန်မြူနတီဒိုင်း ပွဲစဉ်မှာ အစီအစဉ်တင်ဆက်သူတွေရဲ့ မတူညီတဲ့ အသင်းအားပေးမှုအကြောင်းကို တွစ်တာပေါ်မှာရေးသားခဲ့သလို ဂါဘရီရယ် မက်ဂါးလက်စ် သူလဲ ပင်နယ်တီကန်သွင်းမှုကိုကြည့်ရင်း ရင်တုန်ခဲ့တယ်လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

Zawgyi – အာဆင္နယ္ဟာ ပရီးမီးယားလိဂ္ ရာသီသစ္ မစတင္ခင္မွာ အူဘာမီးယန္းကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္ဖို႔ ေမွ်ာ္လင့္ေနၿပီး အဆိုပါ စာခ်ဳပ္သစ္အရ တိုက္စစ္မႉးဟာ တစ္ပတ္လုပ္ခ ေပါင္၂သိန္းခြဲရရွိမွာ ျဖစ္ပါတယ္။

ဂန္းနားကြင္းလယ္ ၾကယ္ပြင့္ ဂြမ္ဒူဇီဟာ ၂၀၁၉-၂၀၂၀ ရာသီ ေႏွာင္းပိုင္းမွာ အာတီတာရဲ႕ လ်စ္လ်ဴရႈခံခဲ့ရတဲ့ေနာက္ အသင္းကေန ထြက္ခြာဖို႔ ရွိေနသလို ဗလင္စီယာအသင္းက သူ႔ကို ေခၚယူဖို႔ အာဆင္နယ္ ထံ ခ်ဥ္းကပ္ခဲ့တယ္လို႔ သိရပါတယ္။

အူဘာမီးယန္းဟာ စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္ထဲ ေရာက္ရွိလာၿပီျဖစ္ေပမယ့္လဲ အာဆင္နယ္မွာ ဆက္ေနဖို႔အတြက္ တျခားေသာ ကမ္းလွမ္းမႈ ၂ခုကို ပယ္ခ်ခဲ့ေၾကာင္း ဝါရင့္ဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏိုက ေျပာဆိုခဲ့ပါတယ္။

႐ိုးမားကြင္းလယ္လူ ဒီအာဝါရာက အာဆင္နယ္အသင္းရဲ႕စိတ္ဝင္စားေနမႈကို သေဘာက်ေပမယ့္ သူဟာ အီတလီက သူ႔ကစားသမားဘဝကိုပဲ အာ႐ုံစိုက္ထားေၾကာင္း ေအးဂ်င့္ျဖစ္သူက အတည္ျပဳခဲ့ပါတယ္။

အာဆင္နယ္ ပစ္မွတ္ထားေနတဲ့ လိုင္ယြန္ကစားသမား ေအအူရာဟာ ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕လိုေနေပမယ့္ ၎ရဲ႕တန္ေၾကး ယူ႐ိုသန္း၆၀ေၾကာင့္ သူ႔ကို စိတ္ဝင္စားေနတဲ့ အသင္းေတြကို လက္တြန္႔ေနတာ ျဖစ္ပါတယ္။

လီဗာပူးကို အႏိုင္ရရွိၿပီးေနာက္ အာတီတာဟာ အသင္းကေနထြက္ခြာႏိုင္ေျခရွိေနတဲ့ ကစားသမားေတြကိုေျပာျပခဲ့ၿပီး ၎တို႔ကေတာ့ မိတ္လန္းႏိုင္းစ္၊ ေရာ့ဘ္ဟိုးဒင္း၊ အယ္နီနီ၊ မာတီနက္၊ ေတာ္ရဲရားနဲ႔ လာကာဇက္တို႔ပဲ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ ပရီးမီးယားလိဂ္ ထိပ္သီးအသင္းေတြနဲ႔ကြာဟခ်က္ က်ဥ္းေျမာင္းလာတယ္လို႔ အာတီတာက ယုံၾကည္ေနေပမယ့္ တည္ၿငိမ္မႈရရွိေအာင္ ဒီထက္ပို တိုးတက္ဖို႔ လိုေသးတယ္လို႔ သူ႔အသင္းသားေတြအား တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

လီဗာပူးကို အႏိုင္ရၿပီးေနာက္ အာဆင္နယ္ ဗဟိုေနာက္ခံလူ ေဒးဗစ္လူး၀စ္က ကြန္ျမဴနတီဒိုင္း ပြဲစဥ္မွာ အစီအစဥ္တင္ဆက္သူေတြရဲ႕ မတူညီတဲ့ အသင္းအားေပးမႈအေၾကာင္းကို တြစ္တာေပၚမွာေရးသားခဲ့သလို ဂါဘရီရယ္ မက္ဂါးလက္စ္ သူလဲ ပင္နယ္တီကန္သြင္းမႈကိုၾကည့္ရင္း ရင္တုန္ခဲ့တယ္လို႔ ျပန္လည္ေျပာဆိုခဲ့ပါတယ္။