ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (31/08/20)

ယူနိုက်တက်ရဲ့ နောက်ထပ် ခေါ်ယူမှု အဖြစ် ပစ်မှတ်ထား လှုပ်ရှားနေတာကတော့ လိုက်ပ်ဇစ် ခံစစ်မှူး အူပါမီကာနို ဖြစ်ပြီး ပြင်သစ်လက်ရွေးစင် ကစားသမားကို အာဆင်နယ်ကလည်း ခေါ်ယူလိုတာကြောင့် စောင့်ကြည့်နေပါတယ်။ အူပါမီကာနိုက ဗဟိုခံစစ်မှာ ကစားသူ ဖြစ်ပြီး ညာခံစစ်မှာလည်း ထွက် ကစားနိုင်သူ ဖြစ်ပါတယ်။

ယူနိုက်တက် ကွင်းလယ်သမား ဖရက် အတွက် ဂါလာတာစာရေးက အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် မန်ချက်စတာကလပ်က ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် တူရကီကလပ်ဘက်က လက်လျှော့ခြင်း မရှိဘဲ ပိုကောင်းမွန်တဲ့ ကမ်းလှမ်းမှု ထပ်မံ ပြုလုပ်ဖို့ ဆက်လက် ပြင်ဆင်နေပါတယ်။

အေဂျက်အသင်း ဒါရိုက်တာ တစ်ဦး ဖြစ်တဲ့ ယူနိုက်တက် ကစားသမားဟောင်း ဗန်ဒါဆားကတော့ ဟော်လန်ကလပ်ထံကနေ ကွင်းလယ်သမား ဗန်ဒါဘိခ် ကို ခေါ်ယူနိုင်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး ထို အပြောင်းအရွှေ့ အတွက် ယူနိုက်တက် ဆုံးဖြတ်ချက် မှန်ကန်ကြောင်းပါ ထောက်ခံလိုက်ပါတယ်။

ဗန်ဒါဘိခ် ကို လာမယ့် ရက်ပိုင်းအတွင်း ဆေးစစ်မှှု ပြုလုပ်ပြီး ယူနိုက်တက်က အတည်ပြု သတင်းကြေငြာချက် ထုတ်တော့မှာ ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေးကတော့ ကနဦးသတင်းများ အတိုင်း ဆုကြေးများ အပါ ပေါင် သန်း ၄၀ လို့ သိရပါတယ်။

လာမယ့် ဘောလုံးရာသီမှာ ပွဲထွက် ဂိုးသမား ဒီဂီယာကတော့ အငှားကနေ ပြန်လာတဲ့ ဒင်း ဟန်ဒါဆန် ဆီ ပွဲကစားချိန် တချို့ ခွဲဝေပေးသွားရလိမ့်မယ်လို့ ယူနိုက်တက် ဂိုးသမားဟောင်းကြီး ဘော့စ်နစ်ချ်က သုံးသပ်လိုက်ပါတယ်။

ယူနိုက်တက်ရဲ့ အသက် ၁၉ နှစ် အရွယ် ကွင်းလယ်ကစားသမားလေး ဒိုင်လန်လီဗစ်ဟာ ဒီတစ်ပတ်မှာ ဝေးစ် လက်ရွေးစင် အသင်းနဲ့ အတူ ပွဲဦးထွက် ပါဝင် ကစားခွင့် ရဖွယ် ရှိနေပါတယ်။ ဂစ် နည်းပြ လုပ်နေတဲ့ ဝေးစ်အသင်းဟာ စက်တင်ဘာလထဲ နေးရှင်းလိဂ်ပွဲစဉ်တွေ အတွက် ကစားသမား ရွေးချယ်ခေါ်ယူခဲ့ရာ ယူနိုက်တက် ကြယ်ပွင့်လေး ပါဝင်သွားခဲ့တာ ဖြစ်ပါတယ်။

Zawgyi – ယူနုိက္တက္ရဲ႕ ေနာက္ထပ္ ေခၚယူမႈ အျဖစ္ ပစ္မွတ္ထား လႈပ္ရွားေနတာကေတာ့ လိုက္ပ္ဇစ္ ခံစစ္မွဴး အူပါမီကာနို ျဖစ္ျပီး ျပင္သစ္လက္ေရြးစင္ ကစားသမားကို အာဆင္နယ္ကလည္း ေခၚယူလိုတာေၾကာင့္ ေစာင့္ၾကည့္ေနပါတယ္။ အူပါမီကာနုိက ဗဟိုခံစစ္မွာ ကစားသူ ျဖစ္ျပီး ညာခံစစ္မွာလည္း ထြက္ ကစားနုိင္သူ ျဖစ္ပါတယ္။

ယူနိုက္တက္ ကြင္းလယ္သမား ဖရက္ အတြက္ ဂါလာတာစာေရးက အငွားနဲ႕ ေခၚယူဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ မန္ခ်က္စတာကလပ္က ပယ္ခ်သြားခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ တူရကီကလပ္ဘက္က လက္ေလွ်ာ့ျခင္း မရွိဘဲ ပိုေကာင္းမြန္တဲ့ ကမ္းလွမ္းမႈ ထပ္မံ ျပဳလုပ္ဖို႔ ဆက္လက္ ျပင္ဆင္ေနပါတယ္။

ေအဂ်က္အသင္း ဒါရိုက္တာ တစ္ဦး ျဖစ္တဲ့ ယူနုိက္တက္ ကစားသမားေဟာင္း ဗန္ဒါဆားကေတာ့ ေဟာ္လန္ကလပ္ထံကေန ကြင္းလယ္သမား ဗန္ဒါဘိခ္ ကို ေခၚယူနုိင္ခဲ့ေၾကာင္း အတည္ျပဳခဲ့ျပီး ထို အေျပာင္းအေရႊ႕ အတြက္ ယူနိုက္တက္ ဆံုးျဖတ္ခ်က္ မွန္ကန္ေၾကာင္းပါ ေထာက္ခံလုိက္ပါတယ္။

ဗန္ဒါဘိခ္ ကို လာမယ့္ ရက္ပိုင္းအတြင္း ေဆးစစ္မွႈ ျပဳလုပ္ျပီး ယူနိုက္တက္က အတည္ျပဳ သတင္းေၾကျငာခ်က္ ထုတ္ေတာ့မွာ ျဖစ္ပါတယ္။ ေျပာင္းေရႊ႕ေၾကးကေတာ့ ကနဦးသတင္းမ်ား အတိုင္း ဆုေၾကးမ်ား အပါ ေပါင္ သန္း ၄၀ လို႔ သိရပါတယ္။

လာမယ့္ ေဘာလံုးရာသီမွာ ပြဲထြက္ ဂိုးသမား ဒီဂီယာကေတာ့ အငွားကေန ျပန္လာတဲ့ ဒင္း ဟန္ဒါဆန္ ဆီ ပြဲကစားခ်ိန္ တခ်ိဳ႕ ခြဲေ၀ေပးသြားရလိမ့္မယ္လို႔ ယူနုိက္တက္ ဂိုးသမားေဟာင္းၾကီး ေဘာ့စ္နစ္ခ်္က သံုးသပ္လိုက္ပါတယ္။

ယူနိုက္တက္ရဲ႕ အသက္ ၁၉ နွစ္ အရြယ္ ကြင္းလယ္ကစားသမားေလး ဒိုင္လန္လီဗစ္ဟာ ဒီတစ္ပတ္မွာ ေ၀းစ္ လက္ေရြးစင္ အသင္းနဲ႕ အတူ ပြဲဦးထြက္ ပါ၀င္ ကစားခြင့္ ရဖြယ္ ရွိေနပါတယ္။ ဂစ္ နည္းျပ လုပ္ေနတဲ့ ေ၀းစ္အသင္းဟာ စက္တင္ဘာလထဲ ေနးရွင္းလိဂ္ပြဲစဥ္ေတြ အတြက္ ကစားသမား ေရြးခ်ယ္ေခၚယူခဲ့ရာ ယူနုိက္တက္ ၾကယ္ပြင့္ေလး ပါ၀င္သြားခဲ့တာ ျဖစ္ပါတယ္။