ချီဝဲလ်ထက် ဈေးနည်းနည်းပေါမယ့် ဘယ်အစွန်လူကို ချိန်ရွယ်လာတဲ့ ချယ်ဆီး

UNICODE – ချယ်ဆီးအသင်းဟာ နွေအပြောင်းအရွှေ့အတွက် ကစားသမားသစ် ရှာဖွေမှုတွေ လုပ်နေရာမှာ ဘယ်အစွန်အတွက် ချီဝဲလ်ထက် ပိုသက်သာမယ့် ကစားသမားကို ရှာဖွေတွေ့လာခဲ့ပြီလို့ ဒေးလီးမေလ်းက ဖော်ပြပါတယ်။

နွေမှာ ဘယ်အစွန်နေရာကို သေချာပေါက် အားဖြည့်မယ့် ချယ်ဆီးဟာ လက်စတာ အစွန်လူ ချီဝဲလ်ကို ကာလရှည် စိတ်ဝင်စားထားတာပါ။ ဒါပေမယ့်လို့ အင်္ဂလန်သားအတွက် ပေါင် သန်း ၆၀ ပေးရနိုင်တဲ့ အနေအထားမှာ လန်ဒန်ကလပ်ဟာ အခြားသော ပစ်မှတ်တွေကိုလည်း အရန်အဖြစ် ချိန်ရွယ်လာသေးတာဖြစ်ပါတယ်။

မိုနာကိုအသင်း ဘယ်အစွန်လူ ဘိုဒီ ဖယ်လိုတိုရေးဟာ ချယ်ဆီးရဲ့ ပစ်မှတ်ထဲ ပါဝင်လာတာဖြစ်ပြီး ပြင်သစ်လိဂ်မှာ ဘောလုံးရာသီကောင်း ပိုင်ဆိုင်ထားတဲ့ အစွန်လူက ချီဝဲလ်အစား ခေါ်ယူသင့်သူလို့ လန်ဒန်ကလပ်က ယုံကြည်နေပါတယ်။ ကိုဗစ်ကပ်ဘေးကြောင့် ကလပ်တွေဟာ ကစားသမား ခေါ်ယူမှုတွေမှာ စဉ်းစားမှုတွေ လုပ်လာပြီး မြင့်မားတဲံ ပြောင်းရွှေ့ကြေးတွေအစား ထိုက်သင့်တဲ့ အလားအလာရှိသူတွေကိုပဲ ဦးစားပေး ခေါ်ယူကြဖွယ်ရှိတယ်။

၂၀၁၉ ခုနှစ်ကမှ လိုင်လီကနေ မိုနာကိုထံ ပြောင်းရွှေ့ခဲ့တဲ့ ပြင်သစ်သားဟာ မန်နေဂျာ အွန်နရီလက်အောက်မှာ ရုန်းကန်ခဲ့ရပေမယ့် ရော်ဘတ် မိုရီနို ကိုင်တွယ်မှုနောက်မှာ အတော်လေး အလားအလာ ကောင်းလာခဲ့သူပါ။ အသက် ၂၃ နှစ်အရွယ်ပဲ ရှိသေးပြီး သူ့ရဲ့ ပြောင်းရွှေ့ကြေးက ချီဝဲလ်ထက် အများကြီး သက်သာမယ်လို့ပဲ သိထားတာဖြစ်တယ်။

ချယ်ဆီးဘက်ကတော့ အီမာဆန်နဲ့ အလွန်ဆိုတို့ နှစ်ဦးလုံးကို ရှင်းထုတ်ပြီး ဘယ်အစွန်နေရာကို အသစ်ခေါ်ယူဖို့ကိုပဲ အားသန်နေတယ်။ မန်နေဂျာလမ်းပတ်က ရာသီစမှာ အီမာဆန်က အဓိက ပွဲထွက်ကစားသမားအဖြစ် နေရာရခဲ့ပေမယ့် တံကောက်ကြော ဒဏ်ရာရပြီးနောက် အလွန်ဆိုကိုပဲ နေရာပြန်ပေးထားခဲ့ပါတယ်။

ZAWGYI – ခ်ယ္ဆီးအသင္းဟာ ေႏြအေျပာင္းအေရႊ႔အတြက္ ကစားသမားသစ္ ရွာေဖြမႈေတြ လုပ္ေနရာမွာ ဘယ္အစြန္အတြက္ ခ်ီဝဲလ္ထက္ ပိုသက္သာမယ့္ ကစားသမားကို ရွာေဖြေတြ႔လာခဲ့ျပီလို႔ ေဒးလီးေမလ္းက ေဖာ္ျပပါတယ္။

ေႏြမွာ ဘယ္အစြန္ေနရာကို ေသခ်ာေပါက္ အားျဖည့္မယ့္ ခ်ယ္ဆီးဟာ လက္စတာ အစြန္လူ ခ်ီဝဲလ္ကို ကာလရွည္ စိတ္ဝင္စားထားတာပါ။ ဒါေပမယ့္လို႔ အဂၤလန္သားအတြက္ ေပါင္ သန္း ၆၀ ေပးရႏုိင္တဲ့ အေနအထားမွာ လန္ဒန္ကလပ္ဟာ အျခားေသာ ပစ္မွတ္ေတြကိုလည္း အရန္အျဖစ္ ခ်ိန္ရြယ္လာေသးတာျဖစ္ပါတယ္။

မိုနာကိုအသင္း ဘယ္အစြန္လူ ဘိုဒီ ဖယ္လိုတိုေရးဟာ ခ်ယ္ဆီးရဲ႕ ပစ္မွတ္ထဲ ပါဝင္လာတာျဖစ္ျပီး ျပင္သစ္လိဂ္မွာ ေဘာလံုးရာသီေကာင္း ပိုင္ဆိုင္ထားတဲ့ အစြန္လူက ခ်ီဝဲလ္အစား ေခၚယူသင့္သူလို႔ လန္ဒန္ကလပ္က ယံုၾကည္ေနပါတယ္။ ကိုဗစ္ကပ္ေဘးေၾကာင့္ ကလပ္ေတြဟာ ကစားသမား ေခၚယူမႈေတြမွာ စဥ္းစားမႈေတြ လုပ္လာျပီး ျမင့္မားတဲံ ေျပာင္းေရႊ႔ေၾကးေတြအစား ထိုက္သင့္တဲ့ အလားအလာရွိသူေတြကိုပဲ ဦးစားေပး ေခၚယူၾကဖြယ္ရွိတယ္။

၂၀၁၉ ခုႏွစ္ကမွ လိုင္လီကေန မိုနာကိုထံ ေျပာင္းေရႊ႔ခဲ့တဲ့ ျပင္သစ္သားဟာ မန္ေနဂ်ာ အြန္နရီလက္ေအာက္မွာ ရုန္းကန္ခဲ့ရေပမယ့္ ေရာ္ဘတ္ မိုရီႏို ကိုင္တြယ္မႈေနာက္မွာ အေတာ္ေလး အလားအလာ ေကာင္းလာခဲ့သူပါ။ အသက္ ၂၃ ႏွစ္အရြယ္ပဲ ရွိေသးျပီး သူ႔ရဲ႕ ေျပာင္းေရႊ႔ေၾကးက ခ်ီဝဲလ္ထက္ အမ်ားၾကီး သက္သာမယ္လို႔ပဲ သိထားတာျဖစ္တယ္။

ခ်ယ္ဆီးဘက္ကေတာ့ အီမာဆန္နဲ႔ အလြန္ဆိုတို႔ ႏွစ္ဦးလံုးကို ရွင္းထုတ္ျပီး ဘယ္အစြန္ေနရာကို အသစ္ေခၚယူဖို႔ကိုပဲ အားသန္ေနတယ္။ မန္ေနဂ်ာလမ္းပတ္က ရာသီစမွာ အီမာဆန္က အဓိက ပြဲထြက္ကစားသမားအျဖစ္ ေနရာရခဲ့ေပမယ့္ တံေကာက္ေၾကာ ဒဏ္ရာရျပီးေနာက္ အလြန္ဆုိကိုပဲ ေနရာျပန္ေပးထားခဲ့ပါတယ္။