ကိုင်ဟာဗက်ဇ် အတွက် ကလပ်စံချိန်တင်ကြေး ပေါင် ၇၂ သန်းနဲ့ ခေါ်ယူဖို့ ချယ်ဆီး သဘောတူညီမှု ရခဲ့ပြီ

ချယ်ဆီးအသင်းဟာ လီဗာကူဆင်ယ ကြယ်ပွင့် ကစားသမား ကိုင်ဟာဗက်ဇ် ကို ကလပ်ရဲ့ စံချန်တင် ပြောင်းရွှေ့ကြေးသစ် ပေါင် ၇၂ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း Goal သတင်းဌာနက အတည်ပြု ဖော်ပြသွားပါတယ်။ ဒီလို သဘောတူညီမှုရဖို့ သီတင်းပတ် အတော်ကြာ ချယ်ဆီးတို့ ညှိနှိုင်းယူခဲ့ရတာ ဖြစ်ပါတယ်။

အသက် ၂၁ နှစ် အရွယ် ဂျာမန်သား အတွက် နောက်ထပ် စွမ်းဆောင်ရည် အလိုက် အရစ်ကျ ဆုကြေးတွေက ပေါင် ၁၈ သန်း လောက် ရှိဦးမှာ ဖြစ်ပြီး ဒီခေါ်ယူမှု အပြီးမှာ ချယ်ဆီး ဒီနွေ အသုံးစရိတ်က ပေါင် သန်း ၂၀၀ ကျော်သွားမှာ ဖြစ်ပါတယ်။

ဖရန့်လမ်းပတ်ရဲ့ ချယ်ဆီးအသင်းဟာ ယခင် တင်ထားတဲ့ကလပ်စံချိန်တင်ကြေး က ၂၀၁၈ မှာ ဂိုးသမား ကီပါ အတွက် ပေါင် ၇၁.၆ သန်း ပေးခဲ့ရတာ ဖြစ်ပြီး ဒီတစ်ကြိမ်မှာ အနည်းငယ် ကျော်လွန်သွားကာ ကလပ် စံချိန်တင်ကြေး အသစ် ဖြစ်လာမှာပါ။

ချယ်ဆီးအသင်းဟာ ကိုင်ဟာဗက်ဇ်ကို ငါးနှစ် စာချုပ်နဲ့ ခေါ်ယူဖို့ ကစားသမားနဲ့ သဘောတူညီမှုက ရရှိပြီး ဖြစ်တာကြောင့် အပြောင်းအရွှေ့ အပြီးသတ်မှုများ အလျင်အမြန် ဆက်တိုက် လုပ်ဆောင်ဖွယ် ရှိပါတယ်။

လီဗာကူဆင် အသင်းဘက်ကလည်း အသင်း မန်နေဂျာ ကိုယ်တိုင်က ကစားသမားဟာ လာမယ့် ရာသီမှာ အသင်းနဲ့ အတူ ရှိမှာ မဟုတ်တော့ကြောင်း အသင်းပြောင်း ကိစ္စ အတည်ပြုထားပါတယ်။ ဟာဗက်ဇ် ကို ခေါ်ယူမှု အတည်ပြုပြီးရင် ဂိုးသမားနဲ့ ခံစစ်သမား တစ်ဦးစီ ခေါ်ယူဖို့ ချယ်ဆီးက ဆက်လက် လှုပ်ရှားဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ လီဗာကူဆင္ယ ၾကယ္ပြင့္ ကစားသမား ကိုင္ဟာဗက္ဇ္ ကို ကလပ္ရဲ႕ စံခ်န္တင္ ေျပာင္းေရႊ႕ေၾကးသစ္ ေပါင္ ၇၂ သန္းနဲ႕ ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့ျပီ ျဖစ္ေၾကာင္း Goal သတင္းဌာနက အတည္ျပဳ ေဖာ္ျပသြားပါတယ္။ ဒီလို သေဘာတူညီမႈရဖို႔ သီတင္းပတ္ အေတာ္ၾကာ ခ်ယ္ဆီးတို႔ ညွိနိႈင္းယူခဲ့ရတာ ျဖစ္ပါတယ္။

အသက္ ၂၁ နွစ္ အရြယ္ ဂ်ာမန္သား အတြက္ ေနာက္ထပ္ စြမ္းေဆာင္ရည္ အလုိက္ အရစ္က် ဆုေၾကးေတြက ေပါင္ ၁၈ သန္း ေလာက္ ရွိဦးမွာ ျဖစ္ျပီး ဒီေခၚယူမႈ အျပီးမွာ ခ်ယ္ဆီး ဒီေႏြ အသံုးစရိတ္က ေပါင္ သန္း ၂၀၀ ေက်ာ္သြားမွာ ျဖစ္ပါတယ္။

ဖရန္႔လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းဟာ ယခင္ တင္ထားတဲ့ကလပ္စံခ်ိန္တင္ေၾကး က ၂၀၁၈ မွာ ဂိုးသမား ကီပါ အတြက္ ေပါင္ ၇၁.၆ သန္း ေပးခဲ့ရတာ ျဖစ္ျပီး ဒီတစ္ၾကိမ္မွာ အနည္းငယ္ ေက်ာ္လြန္သြားကာ ကလပ္ စံခ်ိန္တင္ေၾကး အသစ္ ျဖစ္လာမွာပါ။

ခ်ယ္ဆီးအသင္းဟာ ကိုင္ဟာဗက္ဇ္ကို ငါးနွစ္ စာခ်ဳပ္နဲ႕ ေခၚယူဖို႔ ကစားသမားနဲ႕ သေဘာတူညီမႈက ရရွိျပီး ျဖစ္တာေၾကာင့္ အေျပာင္းအေရႊ႕ အျပီးသတ္မႈမ်ား အလ်င္အျမန္ ဆက္တိုက္ လုပ္ေဆာင္ဖြယ္ ရွိပါတယ္။

လီဗာကူဆင္ အသင္းဘက္ကလည္း အသင္း မန္ေနဂ်ာ ကိုယ္တိုင္က ကစားသမားဟာ လာမယ့္ ရာသီမွာ အသင္းနဲ႕ အတူ ရွိမွာ မဟုတ္ေတာ့ေၾကာင္း အသင္းေျပာင္း ကိစၥ အတည္ျပဳထားပါတယ္။ ဟာဗက္ဇ္ ကို ေခၚယူမႈ အတည္ျပဳျပီးရင္ ဂိုးသမားနဲ႕ ခံစစ္သမား တစ္ဦးစီ ေခၚယူဖို႔ ခ်ယ္ဆီးက ဆက္လက္ လႈပ္ရွားဦးမွာ ျဖစ္တယ္လို႔ သိရပါတယ္။