ယနေ့ နံနက်ခင်း ယူနိုက်တက် အပြောင်းအရွှေ့ သတင်းတိုများ (01-09-20)

ယူနိုက်တက် တိုက်စစ်မှူး မားကပ်ရက်ရှ်ဖို့ဒ်ဟာ ဒဏ်ရာပြဿနာကြောင့် အင်္ဂလန် လက်ရွေးစင် အသင်းကနေ ပြန်လည် ဖယ်ထုတ်ခံခဲ့ရပြီး ဒီတစ်ပတ် ကစားမယ့် နေရှင်းလိဂ်ပွဲတွေအတွက် လူစာရင်းမှာ ဂျက်ဂရီးလစ်ရှ်က ရွေးချယ်ခံခဲ့ရပါတယ်။

လိုက်ပ်ဇစ် ခံစစ်မှူး အူပါမီကာနိုအတွက် ယူနိုက်တက်ရဲ့ ကြိုးပမ်းနေမှုကို ဒါရင်းဘန့်က ထောက်ခံအားပေးခဲ့ပြီး အူပါမီကာနိုဟာ ကူလီဘာလီထက် ပိုကောင်းတဲ့ ခေါ်ယူမှု ဖြစ်လိမ့်မယ်လို့ ထောက်ခံ ပြောဆိုခဲ့ပါတယ်။

အက်ဖ်အေ ဟာ ယူနိုက်တက်ကို ဆန်းဒါးလန်း လူငယ်ကစားသမား ဂျိုးဟူဂီးလ်ရဲ့ အပြောင်းအရွှေ့ကိစ္စ အပြီးသတ်ဖို့အတွက် မီးစိမ်းပြခဲ့ပြီဖြစ်ပါ တယ်။ အသက် ၁၆နှစ်အရွယ် ကစားသမားဟာ အကယ်ဒမီ လူငယ် အသင်းတွေမှာ အထင်ကြီးစရာ ခြေစွမ်းပြခဲ့တာကြောင့် ဆန်းဒါးလန်း ယူ၂၃အသင်းမှာ ကစားခွင့် ရခဲ့တာလဲ ဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်၊ ပေါ့ဘာတို့ ရှိနေတဲ့ ကွင်းလယ်အတွက် ဗန်ဒါဘိခ်ကို ထပ်မံခေါ်ယူခဲ့တဲ့နောက် ကွင်းလယ်တိုက်စစ်ကို ၃ယောက်ထားပြီး ကစားလို့မဖြစ်တာကြောင့် ပေါ့ဘာက ထွက်ခွာသွားရနိုင်တယ်လို့ ဒန်နီမာဖီက ယုံကြည်နေပါတယ်။

ဒေးဗစ်ဒီဂီယာ အနေနဲ့ ပုံမှန်လက်စွမ်းအောက် ကျဆင်းလာရင် ဒင်းဟန်ဒါဆန်က နောက်ရာသီကုန်မှာ ယူနိုက်တက်ရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်လာမှာဖြစ်ပြီး အနှေးနဲ့အမြန်ပဲ ဆိုးလ်ရှားရဲ့ ပထမဦးစားပေး ကစားသမား ဖြစ်လာလိမ့်မယ်လို့ ဘော့စနစ်ချ်က ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ နောက်ထပ် ဗဟိုခံစစ်၊ ညာတောင်ပံနဲ့ တိုက်စစ်မှူး တစ်ယောက်စီ ခေါ်ယူဖို့ မျှော်လင့်နေတာကြောင့် အသင်းမှာ နေရာရှင်းလင်းဖို့အတွက် လင်ဂတ်နဲ့ ပါရဲရားကို ရောင်းချချင်နေပါတယ်။

အင်္ဂလန်ရဲ့ နေးရှင်းလိဂ်ပွဲတွေဟာ သူ့အတွက် အနည်းငယ် စောလွန်းခဲ့တယ်လို့ ရက်ရှ်ဖို့်ဒ်က ဆိုခဲ့ပြီး ဆောက်ဂိတ်ရဲ့ လက်ရွေးစင်အသင်းကနေ ထုတ်ပယ်ခံခဲ့ရလို့ ဝမ်းနည်းစိတ်ပျက်နေကြောင်း ဝန်ခံခဲ့ပါတယ်။

ယူနိုက်တက် ကွင်းလယ်မှာ ဘရူနိုဖာနန်ဒက်စ် ခြေစွမ်းပြနေပြီး ပေါ့ဘာပြန်လာပြီဖြစ်သလို ဗန်ဒါဘိခ်လဲ ရောက်ရှိလာတော့မှာဖြစ်တာကြောင့် တော်မီနေးအနေနဲ့ ကစားချိန်ရရှိဖို့ ရုန်းကန်ရလိမ့်မယ်လို့ ဒါရင်းဘန့်က ပြောဆိုခဲ့ပါတယ်။

Zawgyi – ယူနိုက္တက္ တိုက္စစ္မွဴး မားကပ္ရက္ရွ္ဖို႔ဒ္ဟာ ဒဏ္ရာျပႆနာေၾကာင့္ အဂၤလန္ လက္ေ႐ြးစင္ အသင္းကေန ျပန္လည္ ဖယ္ထုတ္ခံခဲ့ရျပီး ဒီတစ္ပတ္ ကစားမယ့္ ေနရွင္းလိဂ္ပြဲေတြအတြက္ လူစာရင္းမွာ ဂ်က္ဂရီးလစ္ရွ္က ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

လိုက္ပ္ဇစ္ ခံစစ္မွဴး အူပါမီကာႏိုအတြက္ ယူႏိုက္တက္ရဲ႕ ႀကိဳးပမ္းေနမႈကို ဒါရင္းဘန္႔က ေထာက္ခံအားေပးခဲ့ၿပီး အူပါမီကာႏိုဟာ ကူလီဘာလီထက္ ပိုေကာင္းတဲ့ ေခၚယူမ​ႈ ျဖစ္လိမ့္မယ္လို႔ ေထာက္ခံ ေျပာဆိုခဲ့ပါတယ္။

အက္ဖ္ေအ ဟာ ယူႏိုက္တက္ကို ဆန္းဒါးလန္း လူငယ္ကစားသမား ဂ်ိဳးဟူဂီးလ္ရဲ႕ အေျပာင္းအေ႐ႊ႕ကိစၥ အၿပီးသတ္ဖို႔အတြက္ မီးစိမ္းျပခဲ့​ၿပီျဖစ္ပါ ​​တယ္။ အသက္ ၁၆ႏွစ္အ႐ြယ္ ကစားသမားဟာ အကယ္ဒမီ လူငယ္ အသင္းေတြမွာ အထင္ႀကီးစရာ ေျခစြမ္းျပခဲ့တာေၾကာင့္ ဆန္းဒါးလန္း ယူ၂၃အသင္းမွာ ကစားခြင့္ ရခဲ့တာလဲ ျဖစ္ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္၊ ေပါ့ဘာတို႔ ရွိေနတဲ့ ကြင္းလယ္အတြက္ ဗန္ဒါဘိခ္ကို ထပ္မံေခၚယူခဲ့တဲ့ေနာက္ ကြင္းလယ္တိုက္စစ္ကို ၃ေယာက္ထားၿပီး ကစားလို႔မျဖစ္တာ​ေၾကာင့္ ေပါ့ဘာက ထြက္ခြာသြားရႏိုင္တယ္လို႔ ဒန္နီမာဖီက ယုံၾကည္ေနပါတယ္။

ေဒးဗစ္ဒီဂီယာ အေနနဲ႔ ပုံမွန္လက္စြမ္းေအာက္ က်ဆင္းလာရင္ ဒင္းဟန္ဒါဆန္က ေနာက္ရာသီကုန္မွာ ယူႏိုက္တက္ရဲ႕ နံပါတ္တစ္ ဂိုးသမား ျဖစ္လာမွာျဖစ္ၿပီး အေႏွးနဲ႔အျမန္ပဲ ဆိုးလ္ရွားရဲ႕ ပထမဦးစားေပး ကစားသမား ျဖစ္လာလိမ့္မယ္လို႔ ေဘာ့စနစ္ခ်္က ေျပာဆိုခဲ့ပါတယ္။

ယူနုိက္တက္ နည္းျပ ဆိုးလ္ရွားဟာ ေနာက္ထပ္ ဗဟိုခံစစ္၊ ညာေတာင္ပံနဲ႔ တိုက္စစ္မႉး တစ္ေယာက္စီ ေခၚယူဖို႔ ေမွ်ာ္လင့္ေနတာ​ေၾကာင့္ အသင္းမွာ ေနရာရွင္းလင္းဖို႔အတြက္ လင္ဂတ္နဲ႔ ပါရဲရားကို ေရာင္းခ်ခ်င္ေနပါတယ္။

အဂၤလန္ရဲ႕ ေနးရွင္းလိဂ္ပြဲေတြဟာ သူ႔အတြက္ အနည္းငယ္ ေစာလြန္းခဲ့တယ္လို႔ ရက္ရွ္ဖို္႔ဒ္က ဆိုခဲ့ၿပီး ေဆာက္ဂိတ္ရဲ႕ လက္ေ႐ြးစင္အသင္းကေန ထုတ္ပယ္ခံခဲ့ရလို႔ ဝမ္းနည္းစိတ္ပ်က္ေနေၾကာင္း ဝန္ခံခဲ့ပါတယ္။

ယူနုိက္တက္ ကြင္းလယ္မွာ ဘ႐ူႏိုဖာနန္ဒက္စ္ ေျခစြမ္းျပေနၿပီး ေပါ့ဘာျပန္လာၿပီျဖစ္သလို ဗန္ဒါဘိခ္လဲ ေရာက္ရွိလာေတာ့မွာျဖစ္တာေၾကာင့္ ေတာ္မီေနးအေနနဲ႔ ကစားခ်ိန္ရရွိဖို႔ ႐ုန္းကန္ရလိမ့္မယ္လို႔ ဒါရင္းဘန္႔က ေျပာဆိုခဲ့ပါတယ္။