ယနေ့ နံနက်ခင်း ချယ်ဆီး အပြောင်းအရွှေ့ သတင်းတိုများ (01-09-20)

ချယ်ဆီးအသင်းမှ တီမိုဗာနာနဲ့ ရူဒီဂါတို့ဟာ စပိန်၊ ဆွစ်ဇာလန်တို့နဲ့ ကစားရမယ့် နေးရှင်းလိဂ်ပွဲတွေအတွက် ဂျာမနီရဲ့ လူစာရင်းမှာ ချယ်ဆီးထံ ရောက်လုနီးပါး ရှိနေတဲ့ ကိုင်ဟားဗတ်နဲ့အတူ ရွေးချယ်ခံခဲ့ ရပါတယ်။

ချယ်ဆီးဟာ ကိုင်ဟားဗတ်ကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၇၂သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ပြီး အပိုထပ်ဆောင်းကြေးနဲ့အတူ ပေါင် သန်း ၉၀ အထိ ကုန်ကျနိုင်တယ်လို့ သတင်းဌာနကြီးတွေကပါ အတည်ပြု ဖော်ပြနေပါတယ်။ ကိုင်ဟားဗတ်ဟာ နိုင်ငံအသင်းနဲ့ တာဝန်တွေ ပြီးဆုံးသွားရင် လေဗာကူဆင်ကို ပြန်လာတော့မှာ မဟုတ်ဘူးလို့လည်း နည်းပြ ပီတာဘော့ဇ်က ဝန်ခံ ထားခဲ့ပါတယ်။

အင်တာမီလန်ဟာ ချယ်ဆီး ကွင်းလယ်သမား ကန်တေကို အလိုရှိနေပြီး ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ သုံးစွဲဖို့ အတွက် အသင်းမှ မာဆယ်လို ဘရိုဇိုဗစ်နဲ့ အဲရစ်ဆင် တို့ကို ရောင်းချနိုင်ပါတယ်။

ချယ်ဆီး လူငယ်ကစားသမား ကော်နာ ဂယ်လာဂါဟာ တနင်္ဂနွေနေ့မှာ ဆေးစစ်မှု လုပ်ခဲ့ပြီးနောက် ခရစ္စတယ်ပဲလေ့စ်ထံ အငှားပြောင်းရွှေ့ဖို့ ပိုမိုနီးစပ်လာခဲ့ပြီ ဖြစ်ပါတယ်။

ချယ်ဆီးရဲ့ နည်းစနစ်နဲ့ စွမ်းဆောင်ရည် အကြံပေး ဒါရိုက်တာ ပီတာချက်က သူတို့ဟာ ဂိုးသမားအသစ်တစ်ယောက် ခေါ်ယူဖို့ စဉ်းစားနေပေမယ့် ကီပါကိုတော့ လက်လွှတ်ဖို့ မလိုသေးဘူး လို့ သုံးသပ် ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာ ဂျာမနီအသင်းနဲ့အတူ စတုဂတ်မှာ ရှိနေတဲ့ ကိုင်ဟားဗတ်အတွက် သူရောက်လာရင် ၁၄ရက် ကွာရန်တင်း ဝင်ရမှာကို ရှောင်နိုင်ဖို့ ချယ်ဆီးအနေနဲ့ လာမယ့်ရက်တွေမှာ အပြောင်းအရွှေ့ အပြီးသတ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

သီယာဂိုဆေးဗားအနေနဲ့ ချယ်ဆီးထံ ပြောင်းရွှေ့ဖို့ ပြိုင်ဘက်ကလပ်တွေဆီကနေ ကမ်းလှမ်းမှုများစွာကို ပယ်ချခဲ့ရတာဟာ ချယ်ဆီးအသင်းက ကမ္ဘာ့ထိပ်သီး ၁၀ သင်းထဲ ပါဝင်တာကြောင့် ဖြစ်တယ်လို့ ဘရာဇီးသားရဲ့ အေးဂျင့်က ပြောဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းမွ တီမိုဗာနာနဲ႔ ႐ူဒီဂါတို႔ဟာ စပိန္၊ ဆြစ္ဇာလန္တို႔နဲ႔ ကစားရမယ့္ ေနးရွင္းလိဂ္ပြဲေတြအတြက္ ဂ်ာမနီရဲ႕ လူစာရင္းမွာ ခ်ယ္ဆီးထံ ေရာက္လုနီးပါး ရွိေနတဲ့ ကိုင္ဟားဗတ္နဲ႔အတူ ေ႐ြးခ်ယ္ခံခဲ့ ရပါတယ္။

ခ်ယ္ဆီးဟာ ကိုင္ဟားဗတ္ကို ကနဦး ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၇၂သန္းနဲ႔ ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့ၿပီျဖစ္ၿပီး အပိုထပ္ေဆာင္းေၾကးနဲ႔အတူ ေပါင္ သန္း ၉၀ အထိ ကုန္က်ႏိုင္တယ္လို႔ သတင္းဌာနၾကီးေတြကပါ အတည္ျပဳ ေဖာ္ျပေနပါတယ္။ ကိုင္ဟားဗတ္ဟာ ႏိုင္ငံအသင္းနဲ႔ တာဝန္ေတြ ၿပီးဆုံးသြားရင္ ေလဗာကူဆင္ကို ျပန္လာေတာ့မွာ မဟုတ္ဘူးလို႔လည္း နည္းျပ ပီတာေဘာ့ဇ္က ဝန္ခံ ထားခဲ့ပါတယ္။

အင္တာမီလန္ဟာ ခ်ယ္ဆီး ကြင္းလယ္သမား ကန္ေတကို အလိုရွိေနၿပီး ေျပာင္းေရႊ႕ေၾကး ယူ႐ို သန္း ၆၀ သံုးစြဲဖို႔ အတြက္ အသင္းမွ မာဆယ္လို ဘ႐ိုဇိုဗစ္နဲ႔ အဲရစ္ဆင္ တို႔ကို ေရာင္းခ်ႏိုင္ပါတယ္။

ခ်ယ္ဆီး လူငယ္ကစားသမား ေကာ္နာ ဂယ္လာဂါဟာ တနဂၤေႏြေန႔မွာ ေဆးစစ္မ​ႈ လုပ္ခဲ့ၿပီးေနာက္ ခရစၥတယ္ပဲေလ့စ္ထံ အငွားေျပာင္းေ႐ႊ႕ဖို႔ ပိုမိုနီးစပ္လာခဲ့ၿပီ ျဖစ္ပါတယ္။

ခ်ယ္ဆီးရဲ႕ နည္းစနစ္နဲ႔ စြမ္းေဆာင္ရည္ အႀကံေပး ဒါရိုက္တာ ပီတာခ်က္က သူတို႔ဟာ ဂိုးသမားအသစ္တစ္ေယာက္ ေခၚယူဖို႔ စဥ္းစားေနေပမယ့္ ကီပါကိုေတာ့ လက္လႊတ္ဖို႔ မလိုေသးဘူး လို႔ သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

လက္ရွိမွာ ဂ်ာမနီအသင္းနဲ႔အတူ စတုဂတ္မွာ ရွိေနတဲ့ ကိုင္ဟားဗတ္အတြက္ သူေရာက္လာရင္ ​၁၄ရက္ ကြာရန္တင္း ဝင္ရမွာကို ေရွာင္ႏိုင္ဖို႔ ခ်ယ္ဆီးအေနနဲ႔ လာမယ့္ရက္ေတြမွာ အ​ေျပာင္းအေ႐ႊ႕ အၿပီးသတ္ဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။

သီယာဂိုေဆးဗားအေနနဲ႔ ခ်ယ္ဆီးထံ ေျပာင္းေ႐ႊ႕ဖို႔ ၿပိဳင္ဘက္ကလပ္ေတြဆီကေန ကမ္းလွမ္းမႈမ်ားစြာကို ပယ္ခ်ခဲ့ရတာဟာ ခ်ယ္ဆီးအသင္းက ကမာၻ႔ထိပ္သီး ၁၀ သင္းထဲ ပါဝင္တာ​ေၾကာင့္ ျဖစ္တယ္လို႔ ဘရာဇီးသားရဲ႕ ေအးဂ်င့္က ေျပာဆိုခဲ့ပါတယ္။