လင်ဒီလော့ဖ်ကို ကပ်နေတဲ့ အေစီ၊ ဒီဘရိုင်းအတွက် မန်စီးတီး ဈေးသတ်မှတ်၊ အာဆင်နယ် ချယ်ဆီးတို့ အပြိုင် ချိန်နေတဲ့ တိုက်စစ်နဲ့ အပြောင်းအရွှေ့ သတင်းများ

မန်စီးတီးအသင်းဟာ ဆော်ဒီကလပ်တွေ မျက်စိကျနေတဲ့ ကွင်းလယ်ကစားသမား ဒီဘရိုင်း ကို ပေါင် သန်း ၁ဝဝ ရ ရင် ရောင်းချမယ်လို့ ဈေးသတ်မှတ်လိုက်ပါတယ်။ ဒီဘရိုင်း လက်ရှိ စာချုပ်က ၂၀၂၅ မှာ ကုန်ဆုံးမှာ ဖြစ်ပြီး ဒီနွေမှာ တန်ကြေးမြင့်နဲ့ စီးတီးက ရောင်းချဖွယ် ရှိပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ လာမယ့်နွေမှာ ဘိုင်ယန်ကစားသမား အယ်ဖွန်ဆို ဒေးဗီးစ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ လို့ သတင်းထွက်လာပါတယ်။

ယူနိုက်တက်ရဲ့ အသက် ၂၉ နှစ် အရွယ် နောက်ခံလူ လင်ဒီလော့ဖ်ကို နွေမှာ ခေါ်ယူဖို့ အေစီမီလန် အသင်းက ချဉ်းကပ်နေပါတယ်။

လူကာမိုဒရစ်ရဲ့ အနာဂတ်က ကစားသမား လက်ထဲမှာပဲ ရှိပါတယ် လို့ နည်းပြ အန်ဆယ်လော့တီက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ မိုဒရစ်ကို အနားယူရင် နည်းပြအဖွဲ့ထဲ ဝင်လာဖို့ အန်ဆယ်လော့တီက ကမ်းလှမ်းထားပါတယ်။

လိဒ်စ် ယူနိုက်တက်ဟာ ကယ်ဗစ် ဖီးလစ်ကို မန်စီးတီး ထံကနေ ပြန်လည် ခေါ်ယူဖွယ် ရှိနေပါတယ်။ ဖီးလစ်က လက်ရှိ ဝက်စ်ဟမ်းမှာ အငှား ထွက် ကစားနေတာပါ။

ချယ်ဆီးဟာ ပီအက်စ်ဂျီ ကို အလဲထိုးပြီး နာပိုလီ တိုက်စစ်သမား အိုဆီမန်ကို ခေါ်ယူသွားနိုင်ကြောင်း သတင်းထွက်ပေါ်နေပါတယ်။

ဘရိုက်တန် တိုက်စစ်သမား အီဗန် ဖာဂူဆန်ကို အာဆင်နယ်က ပစ်မှတ်ထားလာပြီး ၎င်းကို ချယ်ဆီးကလည်း အလိုရှိနေပါတယ်။

ဂျူဗင်တပ် ကွင်းလယ် ကစားသမား ရာဘီရော့ဘ် ကို အာဆင်နယ်၊ လီဗာပူးနဲ့ စပါးတို့က စိတ်ဝင်စားနေကြောင်း ပြင်သစ် သတင်းတွေက ဖော်ပြလာပါတယ်။