ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (01-09-20)

ပထမ ဂိုးသမား လီနို ဒဏ်ရာရနေတာကြောင့် ကွန်မြူနတီဒိုင်းမှာ ပွဲထွက်ခွင့် ရခဲ့တဲ့ ဂိုးသမား မာတီနက်ဟာ ပုံစံကောင်းတွေ ပြသနိုင်ခဲ့တဲ့အတွက် အာဆင်နယ်က သူ့ကို စာချုပ်သစ် ကမ်းလှမ်းပြီး အသင်းမှာ ဆက်ထိန်းထားဖို့ အလိုရှိနေပါတယ်။

အာဆင်နယ်ဟာ အသုံးစရိတ် ပိုမို ရရှိဖို့အတွက် ကွင်းလယ်လူနှစ်ယောက်ဖြစ်တဲ့ တော်ရဲရားနဲ့ ဂွမ်ဒူဇီကို ဖီအိုရင်တီးနားနဲ့ ဗလင်စီယာထံ ပေါင်၂၇သန်း၊ ပေါင် သန်း ၄၀ တို့နဲ့ အသီးသီး ရောင်းထုတ်ဖို့ အလိုရှိနေပါတယ်။

ဂန်းနား ကွင်းလယ်လူ အမ်ခီတာရန်ဟာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံး ခဲ့ပြီးနောက် အမ်းမရိတ်စ်ကို စွန့်ခွာခဲ့ပြီး ရိုးမားထံ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။

ဆမ်ဒိုးရီးယားအသင်းဟာ ဒီနွေမှာ အာဆင်နယ်ကနေ မိုဟာမက် အယ်နီနီကို ခေါ်ယူဖို့စိတ်ဝင်စားနေပေမယ့် အခုချိန်မှာတော့ ကွင်းလယ်လူအတွက် အငှားစာချုပ်ချုပ်ဖို့သာ အလိုရှိနေတာဖြစ်ပါတယ်။

အာဆင်နယ်ကြယ်ပွင့် လာကာဇက်ဟာ အက်သလက်တီကိုအတွက် ထိပ်တန်းပစ်မှတ် ဖြစ်နေဆဲပါလို့ စပိန်သတင်းတွေက ဆိုခဲ့သလို အာဆင်နယ်အနေနဲ့ သူ့ကို ဆီမြွန်နီရဲ့အသင်းထံ ရောင်းချခဲ့ရင် တစ်ဖက်က သောမတ်စ် ပါတေးကို ခေါ်ယူနိုင်ဖို့ အကူအညီဖြစ်စေမှာပါ။

ကလပ်မှာ အာတီတာရဲ့မျက်နှာသာ အပေးမခံခဲ့ရတဲ့ ဆိုကရေးတစ်ကို အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ အာဆင်နယ်က သဘောတူညီခဲ့ပြီးနောက် နာပိုလီက သူ့ကိုပြောင်းရွှေ့ကြေး ယူရို၄.၅သန်းနဲ့ ခေါ်ယူတော့မှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် ကွင်းလယ် ကစားသမား ဒန်နီ ဆီဘယ်လော့ဟာ မနှစ်က အငှားကစားသမားဘဝမှာ အာဆင်နယ်နဲ့ တစ်ရာသီလုံး အတူရှိနေခဲ့ပြီးတော့ လာမယ့်ရာသီသစ်မှာလဲ ဒုတိယအကြိမ် အငှား လာကစားဦးမှာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ မက်ဂါးလက်စ် အပြင် ရက်ဘူးလိုက်ပ်ဇစ်ရဲ့ အူပါမီကာနိုနဲ့ ချိတ်ဆက်မှု ရှိခဲ့ပေမယ့် သူ့ကို ခေါ်ယူနိုင်ရေးမှာ ပြိုင်ဆိုင်မှု အချို့နဲ့ကြုံတွေ့ရနိုင်ပါတယ်။ ယူနိုက်တက်ဟာ မက်ဂွဲရားအတွက် ခံစစ်တွဲဖက် တစ်ယောက် ရှာဖွေနေပြီး အူပါမီကာနိုကို ပစ်မှတ်ထားနေပါတယ်။

Zawgyi – ပထမ ဂိုးသမား လီႏို ဒဏ္ရာရေနတာေၾကာင့္ ကြန္ျမဴနတီဒိုင္းမွာ ပြဲထြက္ခြင့္ ရခဲ့တဲ့ ဂိုးသမား မာတီနက္ဟာ ပုံစံေကာင္းေတြ ျပသႏိုင္ခဲ့တဲ့အတြက္ အာဆင္နယ္က သူ႔ကို စာခ်ဳပ္သစ္ ကမ္းလွမ္းၿပီး အသင္းမွာ ဆက္ထိန္းထားဖို႔ အလိုရွိေနပါတယ္။

အာဆင္နယ္ဟာ အသုံးစရိတ္ ပိုမို ရရွိဖို႔အတြက္ ကြင္းလယ္လူႏွစ္ေယာက္ျဖစ္တဲ့ ေတာ္ရဲရားနဲ႔ ဂြမ္ဒူဇီကို ဖီအိုရင္တီးနားနဲ႔ ဗလင္စီယာထံ ေပါင္၂၇သန္း၊ ေပါင္ သန္း ၄၀ တို႔နဲ႔ အသီးသီး ေရာင္းထုတ္ဖို႔ အလိုရွိေနပါတယ္။

ဂန္းနား ကြင္းလယ္လူ အမ္ခီတာရန္ဟာ အာဆင္နယ္နဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံး ခဲ့ၿပီးေနာက္ အမ္းမရိတ္စ္ကို စြန႔္ခြာခဲ့ၿပီး ႐ိုးမားထံ အၿပီးသတ္ ေျပာင္းေ႐ႊ႕သြားခဲ့ၿပီျဖစ္ပါတယ္။

ဆမ္ဒိုးရီးယားအသင္းဟာ ဒီေႏြမွာ အာဆင္နယ္ကေန မိုဟာမက္ အယ္နီနီကို ေခၚယူဖို႔စိတ္ဝင္စားေနေပမယ့္ အခုခ်ိန္မွာေတာ့ ကြင္းလယ္လူအတြက္ အငွားစာခ်ဳပ္ခ်ဳပ္ဖို႔သာ အလိုရွိေနတာျဖစ္ပါတယ္။

အာဆင္နယ္ၾကယ္ပြင့္ လာကာဇက္ဟာ အက္သလက္တီကိုအတြက္ ထိပ္တန္းပစ္မွတ္ ျဖစ္ေနဆဲပါလို႔ စပိန္သတင္းေတြက ဆိုခဲ့သလို အာဆင္နယ္အေနနဲ႔ သူ႔ကို ဆီႁမြန္နီရဲ႕အသင္းထံ ေရာင္းခ်ခဲ့ရင္ တစ္ဖက္က ေသာမတ္စ္ ပါေတးကို ေခၚယူႏိုင္ဖို႔ အကူအညီျဖစ္ေစမွာပါ။

ကလပ္မွာ အာတီတာရဲ႕မ်က္ႏွာသာ အေပးမခံခဲ့ရတဲ့ ဆိုကေရးတစ္ကို အသင္းကေန ထြက္ခြာခြင့္ေပးဖို႔ အာဆင္နယ္က သေဘာတူညီခဲ့ၿပီးေနာက္ နာပိုလီက သူ႔ကိုေျပာင္းေ႐ႊ႕ေၾကး ယူ႐ို၄.၅သန္းနဲ႔ ေခၚယူေတာ့မွာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ ကြင္းလယ္ ကစားသမား ဒန္နီ ဆီဘယ္ေလာ့ဟာ မႏွစ္က အငွားကစားသမားဘဝမွာ အာဆင္နယ္နဲ႔ တစ္ရာသီလုံး အတူရွိေနခဲ့ၿပီးေတာ့ လာမယ့္ရာသီသစ္မွာလဲ ဒုတိယအႀကိမ္ အငွား လာကစားဦးမွာ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ မက္ဂါးလက္စ္ အျပင္ ရက္ဘူးလိုက္ပ္ဇစ္ရဲ႕ အူပါမီကာႏိုနဲ႔ ခ်ိတ္ဆက္မႈ ရွိခဲ့ေပမယ့္ သူ႔ကို ေခၚယူႏိုင္ေရးမွာ ၿပိဳင္ဆိုင္မႈ အခ်ိဳ႕နဲ႔ႀကဳံေတြ႕ရႏိုင္ပါတယ္။ ယူႏိုက္တက္ဟာ မက္ဂြဲရားအတြက္ ခံစစ္တြဲဖက္ တစ္ေယာက္ ရွာေဖြေနၿပီး အူပါမီကာႏိုကို ပစ္မွတ္ထားေနပါတယ္။