ရာသီကြို ထရိန်နင် အတွက် ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ယနေ့ရောက်ရှိ သတင်းပို့ကြသူများ

ယူနိုက်တက်ရဲ့ ရာသီကြို ထရိန်နင် စတင်တော့မှာ ဖြစ်လို့ ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ အသင်းသားတွေ တဖွဲဖွဲ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာပဲ ရာသီကြို ထရိန်နင် စတင် လေ့ကျင့်မှာ ဖြစ်ပြီး ကိုဗစ် စစ်ဆေးမှုများလည်း ပြုလုပ်ထားပြီ ဖြစ်ပါတယ်။

ရိုးမားမှာ အငှားသွား ကစားခဲ့တဲ့ ခံစစ်မှူး စမောလင်းဟာ လေ့ကျင့်ဖို့ ပြန်လာတဲ့ ယူနိုက်တက် အသင်းသားတွေထဲ ပါဝင်ပါတယ်။ ၎င်းက ရိုးမားထံ အပြီးသတ် ပြောင်းရွှေ့လိုသောလည်း အထ မမြောက်သေးဘဲ ရှိကာ အပြောင်းအရွှေ့ ပိတ်ဖို့က ၃၄ ရက် ကျန်ရှိနေသေးတာကြောင့် စောင့်ကြည့်ရဦးမယ့် အနေအထား ရှိပါတယ်။

စမောလင်း အပြင် Estudiantes မှာ အငှား ထွက် ကစားခဲ့တဲ့ မားကို့စ် ရိုဂျိုလည်း ပြန်ရောက်လာတာကြောင့် ယူနိုက်တက် ဗဟိုခံစစ်သမားတွေကတော့ ပြန်လည် လူစုံနေပြီ ဆိုရမှာပါ။ ၎င်းတို့ အပြန် ဖီးဂျုံးစ်၊ ဖိုဆု မန်ဆာတို့လည်း ထရိန်နင် အတွက် ပြန်လာတဲ့ အသင်းသားတွေထဲ ပါဝင်ပါတယ်။

စက်တင်ဘာထဲမှာ နေးရှင်းလိဂ် ပွဲစဉ်တွေ ရှိတာကြောင့် လက်ရွေးစင် အသင်းတွေနဲ့ သွားရောက် ပူးပေါင်းနေရတဲ့ ကစားသမားတွေတော့ ကလပ်အသင်းထံ ပြန်မလာနိုင်သေးတာ ရှိပါတယ်။ အင်္ဂလန် နည်းပြ ဆောက်ဂိတ်ရဲ့ ချန်လှပ်ခြင်းခံရတဲ့ လင်ဂတ်ကတော့ ကာရင်တန် ရောက်လာပါတယ်။

ဒါ့အပြင် ဒဏ်ရာကနေ ပြန်သက်သာလာနေတဲ့ ကစားသမားတွေ ဖြစ်တဲ့ ရက်ဖို့ဒ်၊ လုခ်ရှော၊ ဒါလော့၊ တူရမ်ဇီဘီတို့ အားလုံးလည်း လာရောက် ပူးပေါင်းကြပါတယ်။ လူငယ် ကစားသမား ဘရန်ဒန် ဝီလီယံလည်း ရာသီကြိုအတွက် ရောက်ရှိ သတင်းပို့တဲ့ အသင်းသားတွေထဲ ပါဝင်ပါတယ်။

ဒီဂီယာနဲ့ ဒင်း ဟန်ဒါဆန်တို့ကတော့ နိုင်ငံအသင်းတွေနဲ့ အတူ ပြန်လည် ပူးပေါင်းရမှာ ဖြစ်တာကြောင့် ကာရင်တန်မှာတော့ အရန် ဂိုးသမားတွေ ဖြစ်တဲ့ လီဂရန့်နဲ့ နသန် ဘီရှော့တို့ ဒီတစ်ပတ် ထရိန်နင် ဂိုးပေါက်မှာ တာဝန်ယူကြမှာဖြစ်ပါတယ်။

Zawgyi – ယူနုိက္တက္ရဲ႕ ရာသီၾကိဳ ထရိန္နင္ စတင္ေတာ့မွာ ျဖစ္လို႔ ကာရင္တန္ ေလ့က်င့္ေရးကြင္းမွာ အသင္းသားေတြ တဖြဲဖြဲ ေရာက္ရွိလာျပီ ျဖစ္ပါတယ္။ ဗုဒၶဟူးေန႔မွာပဲ ရာသီၾကိဳ ထရိန္နင္ စတင္ ေလ့က်င့္မွာ ျဖစ္ျပီး ကိုဗစ္ စစ္ေဆးမႈမ်ားလည္း ျပဳလုပ္ထားျပီ ျဖစ္ပါတယ္။

ရိုးမားမွာ အငွားသြား ကစားခဲ့တဲ့ ခံစစ္မွဴး စေမာလင္းဟာ ေလ့က်င့္ဖို႔ ျပန္လာတဲ့ ယူနိုက္တက္ အသင္းသားေတြထဲ ပါ၀င္ပါတယ္။ ၄င္းက ရိုးမားထံ အျပီးသတ္ ေျပာင္းေရႊ႕လိုေသာလည္း အထ မေျမာက္ေသးဘဲ ရွိကာ အေျပာင္းအေရႊ႕ ပိတ္ဖို႔က ၃၄ ရက္ က်န္ရွိေနေသးတာေၾကာင့္ ေစာင့္ၾကည့္ရဦးမယ့္ အေနအထား ရွိပါတယ္။

စေမာလင္း အျပင္ Estudiantes မွာ အငွား ထြက္ ကစားခဲ့တဲ့ မားကို႔စ္ ရိုဂ်ိဳလည္း ျပန္ေရာက္လာတာေၾကာင့္ ယူနိုက္တက္ ဗဟိုခံစစ္သမားေတြကေတာ့ ျပန္လည္ လူစံုေနျပီ ဆိုရမွာပါ။ ၄င္းတို႔ အျပန္ ဖီးဂ်ံဳးစ္၊ ဖိုဆု မန္ဆာတို႔လည္း ထရိန္နင္ အတြက္ ျပန္လာတဲ့ အသင္းသားေတြထဲ ပါ၀င္ပါတယ္။

စက္တင္ဘာထဲမွာ ေနးရွင္းလိဂ္ ပြဲစဥ္ေတြ ရွိတာေၾကာင့္ လက္ေရြးစင္ အသင္းေတြနဲ႕ သြားေရာက္ ပူးေပါင္းေနရတဲ့ ကစားသမားေတြေတာ့ ကလပ္အသင္းထံ ျပန္မလာနုိင္ေသးတာ ရွိပါတယ္။ အဂၤလန္ နည္းျပ ေဆာက္ဂိတ္ရဲ႕ ခ်န္လွပ္ျခင္းခံရတဲ့ လင္ဂတ္ကေတာ့ ကာရင္တန္ ေရာက္လာပါတယ္။

ဒါ့အျပင္ ဒဏ္ရာကေန ျပန္သက္သာလာေနတဲ့ ကစားသမားေတြ ျဖစ္တဲ့ ရက္ဖုိ႕ဒ္၊ လုခ္ေရွာ၊ ဒါေလာ့၊ တူရမ္ဇီဘီတို႔ အားလံုးလည္း လာေရာက္ ပူးေပါင္းၾကပါတယ္။ လူငယ္ ကစားသမား ဘရန္ဒန္ ၀ီလီယံလည္း ရာသီၾကိဳအတြက္ ေရာက္ရွိ သတင္းပို႔တဲ့ အသင္းသားေတြထဲ ပါ၀င္ပါတယ္။

ဒီဂီယာနဲ႕ ဒင္း ဟန္ဒါဆန္တို႔ကေတာ့ နုိင္ငံအသင္းေတြနဲ႕ အတူ ျပန္လည္ ပူးေပါင္းရမွာ ျဖစ္တာေၾကာင့္ ကာရင္တန္မွာေတာ့ အရန္ ဂိုးသမားေတြ ျဖစ္တဲ့ လီဂရန္႕နဲ႕ နသန္ ဘီေရွာ့တို႔ ဒီတစ္ပတ္ ထရိန္နင္ ဂိုးေပါက္မွာ တာ၀န္ယူၾကမွာျဖစ္ပါတယ္။