ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (01/09/20)

ဟော်လန်သား ကွင်းလယ်ကြယ်ပွင့် ဗန်ဒါဘိခ်သာ ယူနိုက်တက် ရောက်လာရင် ကွင်းလယ်မှာ ပေါ့ဘာ နေရာကို ကောင်းစွာ စိန်ခေါ်လာနိုင်မှာ ဖြစ်ကြောင်း ဝါရင့်နည်းပြဟောင်းကြီး မက္ကလာရင်က သုံးသပ် ပြောဆိုခဲ့ပါတယ်။

စတင်တော့မယ့် မန်ချက်စတာယူနိုက်တက် ရာသီကြို ထရိန်နင် အတွက် ကစားသမားများ တဖွဲဖွဲ ရောက်ရှိလာနေကြပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက အငှား ထွက် ကစားနေခဲ့တဲ့ ခံစစ်မှူး စမောလင်းနဲ့ ရိုဂျိုတို့လည်း ကာရင်တန်သို့ ရောက်ရှိ သတင်းပို့ခဲ့ကြပါတယ်။

ဗန်ဒါဘိခ် ခေါ်ယူမှုပြီးတာနဲ့ လိုက်ပ်ဇစ် ခံစစ်မှူး အူပါမီကာနို ကို ခေါ်ယူဖို့ နည်းပြ ဆိုးရှားက အလိုရှိနေပေမယ့် ယူနိုက်တက် ဘုတ်အဖွဲ့ကတော့ ပြင်သစ်သားကို နောက်တစ်နှစ်လောက် စောင့်ကြည့်ပြီးမှ ခေါ်ယူစေလိုနေပါတယ်။

ဝေးစ် လက်ရွေးစင် နည်းပြ ရိုင်ယန်ဂစ်ကတော့ ယူနိုက်တက် လူငယ်ကစားသမား ဒန်နီရယ် ဂျိမ်းစ်ဟာ ယုံကြည်မှုတွေ ပြန်ရလာရင် ခြေစွမ်းကောင်းများ ပြန်လည် ပြသနိုင်မယ်လို့ ယုံကြည်နေပြီး နိုင်ငံအသင်းနဲ့ အတူ ရှိစဉ် အချိန်ကို အသုံးချဖို့ တိုက်တွန်းအကြံပြုထားပါတယ်။

သီယေဂို အယ်ကန်တာရာ ကို ခေါ်ယူလိုနေတယ် သတင်းထွက်ပေါ်နေပေမယ့် ကစားသမားကတော့ လက်ရှိကလပ် ဘိုင်ယန်မြူးနစ်နဲ့ ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ကာ ယူနိုက်တက်ကလည်း တရားဝင် ကမ်းလှမ်းမှု တစုံတရာ ပြုလုပ်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ယူနိုက်တက် ကွင်းလယ်သမား ဘရူနို ဖာနန်ဒက်စ်ဟာ ပွဲဦးထွက် ရာသီဝက်မှာတင် ခြေစွမ်းကောင်း ပြခဲ့တာက ရပ်တန့်သွားမှာ မဟုတ်ဘဲ လာမယ့် ရာသီမှာလည်း ပုံစံကောင်းများ ဆက်လက် ပြသဦးမယ်လို့ နဗီးလ်က ယုံကြည်နေပါတယ်။

Zawgyi – ေဟာ္လန္သား ကြင္းလယ္ၾကယ္ပြင့္ ဗန္ဒါဘိခ္သာ ယူနိုက္တက္ ေရာက္လာရင္ ကြင္းလယ္မွာ ေပါ့ဘာ ေနရာကို ေကာင္းစြာ စိန္ေခၚလာနိုင္မွာ ျဖစ္ေၾကာင္း ၀ါရင့္နည္းျပေဟာင္းၾကီး မကၠလာရင္က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

စတင္ေတာ့မယ့္ မန္ခ်က္စတာယူနုိက္တက္ ရာသီၾကိဳ ထရိန္နင္ အတြက္ ကစားသမားမ်ား တဖြဲဖြဲ ေရာက္ရွိလာေနၾကျပီ ျဖစ္ျပီး ျပီးခဲ့တဲ့ ရာသီက အငွား ထြက္ ကစားေနခဲ့တဲ့ ခံစစ္မွဴး စေမာလင္းနဲ႕ ရိုဂ်ိဳတို႔လည္း ကာရင္တန္သို႔ ေရာက္ရွိ သတင္းပို႔ခဲ့ၾကပါတယ္။

ဗန္ဒါဘိခ္ ေခၚယူမႈျပီးတာနဲ႕ လုိက္ပ္ဇစ္ ခံစစ္မွဴး အူပါမီကာနို ကို ေခၚယူဖို႔ နည္းျပ ဆိုးရွားက အလိုရွိေနေပမယ့္ ယူနိုက္တက္ ဘုတ္အဖြဲ႕ကေတာ့ ျပင္သစ္သားကို ေနာက္တစ္နွစ္ေလာက္ ေစာင့္ၾကည့္ျပီးမွ ေခၚယူေစလိုေနပါတယ္။

ေ၀းစ္ လက္ေရြးစင္ နည္းျပ ရိုင္ယန္ဂစ္ကေတာ့ ယူနိုက္တက္ လူငယ္ကစားသမား ဒန္နီရယ္ ဂ်ိမ္းစ္ဟာ ယံုၾကည္မႈေတြ ျပန္ရလာရင္ ေျခစြမ္းေကာင္းမ်ား ျပန္လည္ ျပသနိုင္မယ္လို႔ ယံုၾကည္ေနျပီး နုိင္ငံအသင္းနဲ႕ အတူ ရွိစဥ္ အခ်ိန္ကို အသံုးခ်ဖို႔ တိုက္တြန္းအၾကံျပဳထားပါတယ္။

သီေယဂို အယ္ကန္တာရာ ကို ေခၚယူလိုေနတယ္ သတင္းထြက္ေပၚေနေပမယ့္ ကစားသမားကေတာ့ လက္ရွိကလပ္ ဘိုင္ယန္ျမဴးနစ္နဲ႕ ေဆြးေႏြးမႈေတြ ဆက္လက္ ျပဳလုပ္ေနဆဲ ျဖစ္ကာ ယူနိုက္တက္ကလည္း တရား၀င္ ကမ္းလွမ္းမႈ တစံုတရာ ျပဳလုပ္ျခင္း မရွိေသးဘူးလို႔ သိရပါတယ္။

ယူနိုက္တက္ ကြင္းလယ္သမား ဘရူနို ဖာနန္ဒက္စ္ဟာ ပြဲဦးထြက္ ရာသီ၀က္မွာတင္ ေျခစြမ္းေကာင္း ျပခဲ့တာက ရပ္တန္႔သြားမွာ မဟုတ္ဘဲ လာမယ့္ ရာသီမွာလည္း ပံုစံေကာင္းမ်ား ဆက္လက္ ျပသဦးမယ္လို႔ နဗီးလ္က ယံုၾကည္ေနပါတယ္။