ယနေ့ နံနက်ခင်း ယူနိုက်တက် အပြောင်းအရွှေ့ သတင်းတိုများ (02-09-20)

ယူနိုက်တက်ဟာ သီယာဂို အယ်ကန်တာရာကို အိုးလ်ထရက်ဖို့ဒ်ထံ ခေါ်ယူဖို့ ကိစ္စအတွက် ဆွေးနွေးဖို့ ဘိုင်ယန်မြူးနစ် ကြယ်ပွင့်ရဲ့ ကိုယ်စားလှယ်တွေထံ ဆက်သွယ်ခဲ့တယ်လို့ ဂျာမနီ သတင်းတွေက ဆိုပါတယ်။

ယူနိုက်တက် ပစ်မှတ် အူပါမီကာနိုဟာ လိုက်ပ်ဇစ်နဲ့ ဩဂုတ်လကမှ စာချုပ်သက်တမ်းတိုးခဲ့ပေမယ့် သူ့ကိုစိတ်ဝင်စားနေတဲ့ တခြားကလပ်တွေနဲ့ စကားပြောဆိုမှု လုပ်နေပြီး အနာဂတ်ကို အလျင်စလိုတော့ ဆုံးဖြတ်မှာမဟုတ်ဘူးလို့ ဝန်ခံခဲ့ပါတယ်။

ယူနိုက်တက်ဟာ စမောလင်းအတွက် ရိုးမားဘက်က ပြန်လည်ကမ်းလှမ်းလာဖို့ မျှော်လင့်နေပြီး အဲ့ဒီ့ကရတဲ့ငွေနဲ့ အူပါမီကာနိုကို ခေါ်ယူနိုင်ရေးမှာ အသုံးချဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ စမောလင်းဟာ နယူးကာဆယ်၊ အဲဗာတန်၊ ဝက်စ်ဟမ်းနဲ့ ဖူလ်ဟမ်တို့ဆီက စိတ်ဝင်စားမှုတွေနဲ့အတူ ကမ်းလှမ်းမှုတွေ ရရှိခဲ့ပေမယ့် ပယ်ချခဲ့ပြီး ရိုးမား ကမ်းလှမ်းလာမှာကို စောင့်နေပါတယ်။

ဗန်ဒီဘိခ်ဟာ ယူနိုက်တက်မှာ ပေါ့ဘာရဲ့နေရာကို စိန်ခေါ်လိမ့်မယ်လို့ စတိဗ် မက်ကလာရန်က ယုံကြည်နေပြီး ပြင်သစ်ကွင်းလယ်လူ အနေနဲ့ ခြေစွမ်းတည်ငြိမ်မှု ကင်းမဲ့မှုအတွက် ဆုံးရှုံးရနိူင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဗန်ဒီဘိခ်ဟာ လက်ရှိ သူ့ရဲ့ကျောနံပါတ်ဖြစ်တဲ့ နံပါတ် ၆ကို ယူနိုက်တက်မှာ ပေါ့ဘာ ဝတ်ဆင်ထားတာကြောင့် ဒါကို သူ ယူနိုင်မှာမဟုတ်ပေမယ့် ၎င်းရဲ့အကယ်ဒမီ အသင်းဖော်ဟောင်း နူရီအတွက် အမှတ်တရအဖြစ် နံပါတ် ၃၄ကို တောင်းဆိုသွားမှာ ဖြစ်ပါတယ်။

အင်္ဂလန် အသင်းမှာ ယူနိုက်တက် အသင်းသားတွေဖြစ်တဲ့ ဂရင်းဝုဒ်နဲ့ ဒင်းဟန်ဒါဆန်တို့ ရွေးချယ်ခံခဲ့ရပြီး စကော့တလန်အတွက်လဲ တော်မီနေးက ရွေးချယ်ခံခဲ့ရပါတယ်။ ပြင်သစ်အသင်းမှာတော့ မာရှယ် ပါဝင်ခဲ့ပြီး ဆွီဒင်မှာ လင်ဒီလော့ဖ်၊ ပေါ်တူဂီမှာ ဖာနန်ဒက်စ်၊ စပိန်မှာ ဒီဂီယာတို့ အသီးသီး ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဂျေဒန် ဆန်ချိုအနေနဲ့ ဒေါ့မွန်မှာပဲ ဆက်နေချင်တယ်လို့ လူသိရှင်ကြား ဝန်မခံခင်အထိ ယူနိုက်တက်က သူ့ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းမှုကို လက်လွှတ်ဖို့ ဆန္ဒမရှိနေဘူး လို့ သိရပါတယ်။

Zawgyi – ယူႏိုက္တက္ဟာ သီယာဂို အယ္ကန္တာရာကို အိုးလ္ထရက္ဖို႔ဒ္ထံ ေခၚယူဖို႔ ကိစၥအတြက္ ေဆ​ြးေႏြးဖို႔ ဘိုင္ယန္ျမဴးနစ္ ၾကယ္ပြင့္ရဲ႕ ကိုယ္စားလွယ္ေတြထံ ဆက္သြယ္ခဲ့တယ္လို႔ ဂ်ာမနီ သတင္းေတြက ဆိုပါတယ္။

ယူႏိုက္တက္ ပစ္မွတ္ အူပါမီကာႏိုဟာ လိုက္ပ္ဇစ္နဲ႔ ဩဂုတ္လကမွ စာခ်ဳပ္သက္တမ္းတိုးခဲ့ေပမယ့္ သူ႔ကိုစိတ္ဝင္စားေနတဲ့ တျခားကလပ္ေတြနဲ႔ စကားေျပာဆိုမႈ လုပ္ေနၿပီး အနာဂတ္ကို အလ်င္စလိုေတာ့ ဆုံးျဖတ္မွာမဟုတ္ဘူးလို႔ ဝန္ခံခဲ့ပါတယ္။

ယူႏိုက္တက္ဟာ စေမာလင္းအတြက္ ႐ိုးမားဘက္က ျပန္လည္ကမ္းလွမ္းလာဖို႔ ေမွ်ာ္လင့္ေနၿပီး အဲ့ဒီ့ကရတဲ့ေငြနဲ႔ အူပါမီကာႏိုကို ေခၚယူႏိုင္ေရးမွာ အသုံးခ်ဖို႔ စီစဥ္ထားတာ ျဖစ္ပါတယ္။ စေမာလင္းဟာ နယူးကာဆယ္၊ အဲဗာတန္၊ ဝက္စ္ဟမ္းနဲ႔ ဖူလ္ဟမ္တို႔ဆီက စိတ္ဝင္စားမႈေတြနဲ႔အတူ ကမ္းလွမ္းမႈေတြ ရရွိခဲ့ေပမယ့္ ပယ္ခ်ခဲ့ၿပီး ႐ိုးမား ကမ္းလွမ္းလာမွာကို ေစာင့္ေနပါတယ္။

ဗန္ဒီဘိခ္ဟာ ယူႏိုက္တက္မွာ ေပါ့ဘာရဲ႕ေနရာကို စိန္ေခၚလိမ့္မယ္လို႔ စတိဗ္ မက္ကလာရန္က ယုံၾကည္ေနၿပီး ျပင္သစ္ကြင္းလယ္လူ အေနနဲ႔ ေျခစြမ္းတည္ၿငိမ္မႈ ကင္းမဲ့မႈအတြက္ ဆုံးရႈံးရႏိူင္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ဗန္ဒီဘိခ္ဟာ လက္ရွိ သူ႔ရဲ႕ေက်ာနံပါတ္ျဖစ္တဲ့ နံပါတ္ ၆ကို ယူႏိုက္တက္မွာ ေပါ့ဘာ ဝတ္ဆင္ထားတာေၾကာင့္ ဒါကို သူ ယူႏိုင္မွာမဟုတ္ေပမယ့္ ၎ရဲ႕အကယ္ဒမီ အသင္းေဖာ္ေဟာင္း ႏူရီအတြက္ အမွတ္တရအျဖစ္ နံပါတ္ ၃၄ကို ေတာင္းဆိုသြားမွာ ျဖစ္ပါတယ္။

အဂၤလန္ အသင္းမွာ ယူႏိုက္တက္ အသင္းသားေတြျဖစ္တဲ့ ဂရင္းဝုဒ္နဲ႔ ဒင္းဟန္ဒါဆန္တို႔ ေ႐ြးခ်ယ္ခံခဲ့ရၿပီး စေကာ့တလန္အတြက္လဲ ေတာ္မီေနးက ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ ျပင္သစ္အသင္းမွာေတာ့ မာရွယ္ ပါဝင္ခဲ့ၿပီး ဆြီဒင္မွာ လင္ဒီေလာ့ဖ္၊ ေပၚတူဂီမွာ ဖာနန္ဒက္စ္၊ စပိန္မွာ ဒီဂီယာတို႔ အသီးသီး ေ႐ြးခ်ယ္ခံခဲ့ရတာျဖစ္ပါတယ္။

ေဂ်ဒန္ ဆန္ခ်ိဳအေနနဲ႔ ​ေဒါ့မြန္မွာပဲ ဆက္ေနခ်င္တယ္လို႔ လူသိရွင္ၾကား ဝန္မခံခင္အထိ ယူႏိုက္တက္က သူ႔ကို ေခၚယူႏိုင္ဖို႔ ႀကိဳးပမ္းမႈကို လက္လႊတ္ဖို႔ ဆႏၵမရွိေနဘူး လို႔ သိရပါတယ္။