ယနေ့ နံနက်ခင်း ချယ်ဆီး အပြောင်းအရွှေ့ သတင်းတိုများ (02-09-20)

အီမာဆန်ရဲ့ အေးဂျင့်ဖြစ်သူက အင်တာမီလန်ဟာ ချယ်ဆီး နောက်ခံလူကို ခေါ်ယူချင်နေတဲ့အကြောင်းကို အတည်ပြုခဲ့ပြီး သူ့ကစားသမားဟာ ဒီနွေမှာ ကလပ်ကို စွန့်ခွာနိူင်ဖွယ်ရှိကြောင်း အရိပ်အမြွက် ဝန်ခံ ပြောဆိုခဲ့ ပါတယ်။

ချယ်ဆီး ခံစစ်မှူး ရူဒီဂါဟာ ဂျာမန်အသင်းဖော် တီမိုဗာနာ လန်ဒန်ကလပ်သို့ အတူကစားဖို့ ရောက်ရှိလာအောင် ကူညီပေးခဲ့ပြီးနောက် ကိုင်ဟားဗတ်ကို ချယ်ဆီး ခေါ်ယူရာမှာ အကူအညီပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ဆေးစစ်မှု ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း ဟားဗတ်က ပြောဆိုခဲ့တာနဲ့အတူ ချယ်ဆီး ဟာ ဂျာမနီ ကြယ်ပွင့်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။

အင်တာမီလန် အားကစားဒါရိုက်တာ ပီယာရို အော်စီလီယိုက ကလပ်ဟာ ချယ်ဆီးကွင်းလယ်လူ ကန်တေရဲ့ အပြောင်းအရွှေ့လုပ်ဖို့ ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုသွားခဲ့ပါတယ်။ ချယ်ဆီး ကတော့ အင်တာမီလန်က အလိုရှိနေတယ်ဆိုတဲ့ ကွင်းလယ်လူ ကန်တေအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် သန်း ၈၀ တောင်းဆိုဖို့ အဆင်သင့်ပြင်ထားပါတယ်။

ချယ်ဆီး ပစ်မှတ် ဂိုးသမား အီဒူရတ် မန်ဒီဟာ ဒီနွေမှာ စတန်းဖို့ဒ်ဘရစ်ချ် ကို ပြောင်းလာဖို့ စိတ်အားထက်သန် နေပေမယ့် ရန်းနက်စ်က ဂိုးသမားနေရာအတွက် အစားထိုးစရာမရှိတာကြောင့် သူ့ကို ရောင်းချဖို့ လက်တွန့်နေပါတယ်။

ချယ်ဆီး လူငယ်ကစားသမား ကော်နာ ဂယ်လာဂါဟာ ဆေးစစ်မှု ပြီးမြောက်ခဲ့ပြီးနောက် ၂၀၂၀-၂၀၂၁ ရာသီအတွက် ခရစ္စတယ်ပဲလေ့စ်အသင်းထံကို အငှားသွားကစားရတော့မှာ ဖြစ်ပါတယ်။

အသစ် ခေါ်ယူထားတဲ့ တီမိုဗာနာနဲ့ ဇီယက်ချ်ဟာ ပရီးမီးယားလိဂ်မှာ ကနဦး ရုန်းကန်ရနိုင်ပြီး ချယ်ဆီးနဲ့ အတူ အသားကျဖို့အတွက် အချိန်ယူရလိမ့်မယ်လို့ တိုက်စစ်မှူးဟောင်း ဂျင်မီဖလွိုက် ဟက်ဆယ်ဘိန့်က သတိပေးခဲ့ပါတယ်။

Zawgyi – အီမာဆန္ရဲ႕ ေအးဂ်င့္ျဖစ္သူက အင္တာမီလန္ဟာ ခ်ယ္ဆီး ေနာက္ခံလူကို ေခၚယူခ်င္ေနတဲ့အေၾကာင္းကို အတည္ျပဳခဲ့ၿပီး သူ႔ကစားသမားဟာ ဒီေႏြမွာ ကလပ္ကို စြန္႔ခြာႏိူင္ဖြယ္ရွိေၾကာင္း အရိပ္အႁမြက္ ၀န္ခံ ေျပာဆိုခဲ့ ပါတယ္။

ခ်ယ္ဆီး ခံစစ္မွဴး ႐ူဒီဂါဟာ ဂ်ာမန္အသင္းေဖာ္ တီမိုဗာနာ လန္ဒန္ကလပ္သို႔ အတူကစားဖို႔ ေရာက္ရွိလာေအာင္ ကူညီေပးခဲ့ၿပီးေနာက္ ကိုင္ဟားဗတ္ကို ခ်ယ္ဆီး ေခၚယူရာမွာ အကူအညီေပးနိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔မွာ ေဆးစစ္မႈ ၿပီးဆုံးခဲ့ၿပီျဖစ္ေၾကာင္း ဟားဗတ္က ​ေျပာဆိုခဲ့တာနဲ႔အတူ ခ်ယ္ဆီး ဟာ ဂ်ာမနီ ၾကယ္ပြင့့္ရဲ႕ အေျပာင္းအေ႐ႊ႕ကို အၿပီးသတ္ႏိုင္ဖို႔ အဆင္သင့္ ျဖစ္ေနၿပီလို႔ သိရပါတယ္။

အင္တာမီလန္ အားကစားဒါ႐ိုက္တာ ပီယာ႐ို ေအာ္စီလီယိုက ကလပ္ဟာ ခ်ယ္ဆီးကြင္းလယ္လူ ကန္ေတရဲ႕ အေျပာင္းအေ႐ႊ႕လုပ္ဖို႔ ခ်ိတ္ဆက္ေနတယ္ဆိုတဲ့ သတင္းေတြကို ျငင္းဆိုသြားခဲ့ပါတယ္။ ခ်ယ္ဆီး ကေတာ့ အင္တာမီလန္က အလိုရွိေနတယ္ဆိုတဲ့ ကြင္းလယ္လူ ကန္ေတအတြက္ ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ေပါင္ သန္း ၈၀ ေတာင္းဆိုဖို႔ အဆင္သင့္ျပင္ထားပါတယ္။

ခ်ယ္ဆီး ပစ္မွတ္ ဂိုးသမား အီဒူရတ္ မန္ဒီဟာ ဒီေႏြမွာ စတန္းဖို႔ဒ္ဘရစ္ခ်္ ကို ေျပာင္းလာဖို႔ စိတ္အားထက္သန္ ေနေပမယ့္ ရန္းနက္စ္က ဂိုးသမားေနရာအတြက္ အစားထိုးစရာမရွိတာေၾကာင့္ သူ႔ကို ေရာင္းခ်ဖို႔ လက္တြန္႔ေနပါတယ္။

ခ်ယ္ဆီး လူငယ္ကစားသမား ေကာ္နာ ဂယ္လာဂါဟာ ေဆးစစ္မႈ ၿပီး​ေျမာက္ခဲ့ၿပီးေနာက္ ၂၀၂၀-၂၀၂၁ ရာသီအတြက္ ခရစၥတယ္ပဲေလ့စ္အသင္းထံကို အငွားသြားကစားရေတာ့မွာ ျဖစ္ပါတယ္။

အသစ္ ေခၚယူထားတဲ့ တီမိုဗာနာနဲ႔ ဇီယက္ခ်္ဟာ ပရီးမီးယားလိဂ္မွာ ကနဦး ႐ုန္းကန္ရႏိုင္ၿပီး ခ်ယ္ဆီးနဲ႕ အတူ အသားက်ဖို႔အတြက္ အခ်ိန္ယူရလိမ့္မယ္လို႔ တိုက္စစ္မႉးေဟာင္း ဂ်င္မီဖလြိဳက္ ဟက္ဆယ္ဘိန္႔က သတိေပးခဲ့ပါတယ္။