ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (02-09-20)

ဟက်တာ ဘယ်လာရင်ဟာ ပီအက်စ်ဂျီနဲ့ အပြောင်းအရွှေ့ စကားပြောဆိုမှုတွေ လုပ်နေပြီး ပြင်သစ်ချန်ပီယံတွေနဲ့ သဘောတူညီမှုရခဲ့ရင် ညာနောက်ခံလူဟာ အမ်းမရိတ်စ်က ၆နှစ်တာ ကစားသမားဘဝကို အဆုံးသတ်တော့မှာလဲ ဖြစ်ပါတယ်။

အချိန်အတော်ကြာ စောင့်ခဲ့ရပြီးနောက် အာဆင်နယ်ဟာ ဗဟိုနောက်ခံလူ မက်ဂါးလက်စ်ကို ပေါင်၂၇သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း တရားဝင် အတည်ပြုခဲ့ပြီဖြစ်ပြီး လိုင်လီကြယ်ပွင့်ဟောင်းဟာ ကိုစီရယ်နီရဲ့ ကျောနံပါတ် ၆ ကို ဝတ်ဆင်ကစားမှာပဲ ဖြစ်ပါတယ်။

အာဆင်နယ် ကစားသမားသစ် မက်ဂါးလက်စ်က သူဟာ ဂန်းနား နည်းစနစ်ဒါရိုက်တာ အီဒူနဲ့ စကားပြောဆိုမှုတွေ အများကြီးလုပ်ခဲ့ပမယ့် အာတီတာထံက ဖုန်းခေါ်တာတွေက သူ့ကို အမ်းမရိတ်စ်ထံ ပြောင်းရွှေ့လာဖို့ ဆွဲဆောင်နိုင်ခဲ့တာပါလို့ ပြောဆိုခဲ့ပါတယ်။

အိုဇေးဟာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း တစ်နှစ် ကျန်ရှိသေးပေမယ့် ကစားခွင့်မရတာကြောင့် အသင်းကနေ ထွက်ခွာဖို့ အလိုရှိနေပြီး ဆော်ဒီကလပ် အယ်နက်ဆာက တစ်နှစ် လုပ်ခ ပေါင် ၁၅သန်းနဲ့ အတူ ခံစားခွင့် များပြားတဲ့ စာချုပ်နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

အက်သလက်တီကို မက်ဒရစ် ကွင်းလယ်လူဟာ အမ်းမရိတ်စ်ထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေရှိနေတဲ့ကြားက အာဆင်နယ်ကို သွားရောက်ကစားလိုကြောင်း တံခါးဖွင့်ထားခဲ့ပြီး အက်သလက်တီကိုကတော့ ၎င်းရဲ့ တန်ကြေးကို ပေါင်၄၄သန်း သတ်မှတ်ထားတာပဲ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဆိုကရေးတစ်အတွက် နာပိုလီရဲ့ စိတ်ဝင်စားမှုတွေ ရှိနေတဲ့ကြားက ၎င်းရဲ့စာချုပ်ကို အဆုံးသတ်ဖို့ ငြင်းပယ်ခဲ့ပြီး စာချုပ်သစ်ချုပ်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

တီရာနေးဟာ ရာသီပြန်စပြီးနောက်ပိုင်း ဂန်းနားတွေအတွက် ခြေစွမ်းပြခဲ့ပြီး အက်ဖ်အေဖလား ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲမှာလဲ အရေးပါခဲ့တာဖြစ်သလို သူဟာတစ်နေ့မှာ အာဆင်နယ်အသင်းခေါင်းဆောင် ဖြစ်လာနိုင်တယ်လို့ တိုက်စစ်မှူးဟောင်း ဂျွန်ဟတ်ဆန်က ပြောဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီက ဘယ်လာရင်ကို ပေါင် သန်း ၃၀ ဝန်းကျင်လောက်နဲ့ ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေတာနဲ့အတူ အာဆင်နယ် ပရိသတ်တွေက သောမတ်စ်ပါတေးကိုခေါ်ယူဖို့အတွက် ဘယ်လာရင်ကို ရောင်းချပြီး အသုံးစရိတ်မြှင့်တင်သင့်တယ်လို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

Zawgyi – ဟက္တာ ဘယ္လာရင္ဟာ ပီအက္စ္ဂ်ီနဲ႔ အေျပာင္းအေ႐ႊ႕ စကားေျပာဆိုမႈေတြ လုပ္ေနၿပီး ျပင္သစ္ခ်န္ပီယံေတြနဲ႔ သေဘာတူညီမႈရခဲ့ရင္ ညာေနာက္ခံလူဟာ အမ္းမရိတ္စ္က ၆ႏွစ္တာ ကစားသမားဘဝကို အဆုံးသတ္ေတာ့မွာလဲ ျဖစ္ပါတယ္။

အခ်ိန္အေတာ္ၾကာ ေစာင့္ခဲ့ရၿပီးေနာက္ အာဆင္နယ္ဟာ ဗဟိုေနာက္ခံလူ မက္ဂါးလက္စ္ကို ေပါင္၂၇သန္းနဲ႔ ေခၚယူႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း တရားဝင္ အတည္ျပဳခဲ့ၿပီျဖစ္ၿပီး လိုင္လီၾကယ္ပြင့္ေဟာင္းဟာ ကိုစီရယ္နီရဲ႕ ေက်ာနံပါတ္ ၆ ကို ဝတ္ဆင္ကစားမွာပဲ ျဖစ္ပါတယ္။

အာဆင္နယ္ ကစားသမားသစ္ မက္ဂါးလက္စ္က သူဟာ ဂန္းနား နည္းစနစ္ဒါ႐ိုက္တာ အီဒူနဲ႔ စကားေျပာဆိုမႈေတြ အမ်ားႀကီးလုပ္ခဲ့ပမယ့္ အာတီတာထံက ဖုန္းေခၚတာေတြက သူ႔ကို အမ္းမရိတ္စ္ထံ ေျပာင္းေ႐ႊ႕လာဖို႔ ဆြဲေဆာင္ႏိုင္ခဲ့တာပါလို႔ ေျပာဆိုခဲ့ပါတယ္။

အိုေဇးဟာ အာဆင္နယ္နဲ႔ စာခ်ဳပ္သက္တမ္း တစ္ႏွစ္ က်န္ရွိေသးေပမယ့္ ကစားခြင့္မရတာေၾကာင့္ အသင္းကေန ထြက္ခြာဖို႔ အလိုရွိေနၿပီး ေဆာ္ဒီကလပ္ အယ္နက္ဆာက တစ္ႏွစ္ လုပ္ခ ေပါင္ ၁၅သန္းနဲ႔ အတူ ခံစားခြင့္ မ်ားျပားတဲ့ စာခ်ဳပ္နဲ႔ ကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။

အက္သလက္တီကို မက္ဒရစ္ ကြင္းလယ္လူဟာ အမ္းမရိတ္စ္ထံ ေျပာင္းေ႐ႊ႕ဖို႔ ခ်ိတ္ဆက္မႈေတြရွိေနတဲ့ၾကားက အာဆင္နယ္ကို သြားေရာက္ကစားလိုေၾကာင္း တံခါးဖြင့္ထားခဲ့ၿပီး အက္သလက္တီကိုကေတာ့ ၎ရဲ႕ တန္ေၾကးကို ေပါင္၄၄သန္း သတ္မွတ္ထားတာပဲ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ ဆိုကေရးတစ္အတြက္ နာပိုလီရဲ႕ စိတ္ဝင္စားမႈေတြ ရွိေနတဲ့ၾကားက ၎ရဲ႕စာခ်ဳပ္ကို အဆုံးသတ္ဖို႔ ျငင္းပယ္ခဲ့ၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ ကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။

တီရာေနးဟာ ရာသီျပန္စၿပီးေနာက္ပိုင္း ဂန္းနားေတြအတြက္ ေျခစြမ္းျပခဲ့ၿပီး အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္နဲ႔ ဗိုလ္လုပြဲမွာလဲ အေရးပါခဲ့တာျဖစ္သလို သူဟာတစ္ေန႔မွာ အာဆင္နယ္အသင္းေခါင္းေဆာင္ ျဖစ္လာႏိုင္တယ္လို႔ တိုက္စစ္မႉးေဟာင္း ဂြၽန္ဟတ္ဆန္က ေျပာဆိုခဲ့ပါတယ္။

ပီအက္စ္ဂ်ီက ဘယ္လာရင္ကို ေပါင္ သန္း ၃၀ ဝန္းက်င္ေလာက္နဲ႔ ေခၚယူႏိုင္ဖို႔ စိတ္ဝင္စားေနတာနဲ႔အတူ အာဆင္နယ္ ပရိသတ္ေတြက ေသာမတ္စ္ပါေတးကိုေခၚယူဖို႔အတြက္ ဘယ္လာရင္ကို ေရာင္းခ်ၿပီး အသုံးစရိတ္ျမႇင့္တင္သင့္တယ္လို႔ တိုက္တြန္းေျပာဆိုခဲ့ပါတယ္။