ယူနိုက်တက်နဲ့ အဲရစ်တန်ဟက် ဆက်ရှိမလား၊ အနာဂတ်က ဘယ်လိုလဲ ဆိုတာ ဖော်ထုတ်လာတဲ့ ဘီဘီစီ သတင်းထောက်

အဲရစ်တန်ဟက်ဟာ သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ဆက်ရှိမလား၊ အနာဂတ်ကို သိရဖို့ ရာသီကုန်ထိ စောင့်ဆိုင်းရမှာဖြစ်ပါတယ်။

BBC သတင်းထောက် Simon Stone ရဲ့ ဖော်ပြချက်အရ ဘောလုံးရာသီ အဆုံးသတ်ပိုင်း လတွေထဲ ရောက်လာနေ ပေမယ့် တန်ဟက်ရဲ့ အနာဂတ်ဟာ အခုချိန်ထိ ရှင်းရှင်လင်းလင်း မရှိသေးပါဘူး။

ယူနိုက်တက် ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဟာ အားကစားဒါရိုက်တာ Dan Ashworth နဲ့ တိုင်ပင်ပြီး မန်နေဂျာအပြောင်းအလဲ ကိစ္စအတွက် လမ်းဖွင့်ထားဆဲဖြစ်ပါတယ်။

၎င်းတို့ဟာ ဘရိုက်တန်နဲ့ ချယ်ဆီး နည်းပြဟောင်း ဂရေဟမ် ပေါ်တာနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ထားပါတယ်။

ယူနိုက်တက်ဟာ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဆက်လက် တိုက်ခိုက်သွားမှာဖြစ်ကာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ ဘယ်လို အခြေအနေပဲ ဖြစ်နေနေ တန်ဟက်ကို ရာထူးကနေ ထုတ်ပယ်ဖို့တော့ မရှိပါဘူး။

ရာသီကုန်မှာတော့ ကလပ်ရဲ့ အနာဂတ်ရေးရာတွေကို ပြန်လည် သုံးသပ်မှာဖြစ်ကာ နည်းပြ အပြောင်းအလဲကိစ္စကို အဲ့ဒီ အချိန်မှ ဆုံးဖြတ်မှာဖြစ်ပါတယ်။