လာမယ့် နွေမှာ ဖြုတ် ထုတ် ရှင်း လမ်းစဉ် အကြီးစား လုပ်ဖို့ စီစဉ်နေတဲ့ ချယ်ဆီးအသင်းရဲ့ ခြေလှမ်း

ပိုင်ရှင် အပြောင်းအလဲ ဖြစ်ပြီးတဲ့နောက် ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ဈေးကွက်တွေမှာ ကစားသမား ခေါ်ယူမှုပေါင်းများစွာ လုပ်ခဲ့တဲ့ ချယ်ဆီးဟာ ဒီနွေမှာတော့ ရှင်းထုတ်မှု များစွာကို ပြုလုပ်ဦးမှာဖြစ်ကြောင်း လန်ဒန်သတင်းက ဖော်ပြသွားပါတယ်။

ချယ်ဆီးဟာ အန်ဇို၊ ကိုင်ဆီဒို၊ မူဒရစ်၊ ဖိုဖာနာ၊ အန်ကွန်းကူ အပါအဝင် တန်ကြေးကြီး ခေါ်ယူမှုပေါင်း များစွာကို ပြုလုပ်ခဲ့တာပါ။ အမေရိကန်ပိုင်ရှင်သစ်တွေနဲ့အတူ စတန်းဖိုဒ့်ဘရစ်ချ်ရဲ့ လူစာရင်း တည်ဆောက်မှုဟာ မျှော်လင့်သလို အဆင်ပြေခဲ့ခြင်းတော့ မရှိပါဘူး။

ဒီရာသီမှာလည်း ဥရောပဝင်ခွင့် လွဲချော်မယ့် အခြေအနေမျိုး မြင်နေရတဲ့ ချယ်ဆီးဟာ ၂ ရာသီဆက် ဥရောပပွဲ ကစားရခြင်း မရှိခဲ့ရင် ကြီးမားတဲ့ ဘဏ္ဍာရေး ပြဿနာတွေ ရင်ဆိုင်ရတော့မှာဖြစ်စ်ပါတယ်။

လက်ရှိ နည်းပြ ပိုချက်တီနိုရဲ့ တည်ငြိမ်မှုမရှိတဲ့ ကွင်းတွင်း ရလဒ်တွေကြောင့် လူစာရင်းကို ပြန်လည် ထိန်းချုပ်ရမယ့် ချယ်ဆီးဟာ စီနီယာကစားသမား ၁၈ ဦးလောက်ကို ရှင်းထုတ်သွားဖို့ ပြင်ဆင်နေကြောင်း football london က ဖော်ပြခဲ့ပါတယ်။

ဒီ ရှင်းထုတ်မှုထဲ ဆေးဗား၊ ကူကူရယ်လာ၊ ချာလိုဘတ်၊ ဂါလယ်ဂါ၊ မာလန်ဆာ၊ ချူကွာမီကာ၊ စတာလင်၊ ကီပါ၊ လူကာကူ၊ ဘရိုဂျာ၊ လူးဝစ်ဟေးတို့ ပါဝင်သွားနိုင်ပါတယ်။

ကစားသမားရောင်းချမှုကနေ ပေါင် သန်း ၃၀၀ လောက်ထိရဖိုပ ရည်ရွယ်ထားသလို ဒီငွေကြေးတွေဟာ ချယ်ဆီးရဲ့ ရေတိုပြဿနာတွေကိုပါ ဖြေရှင်းပေးနိုင်ဖို့ ကလပ် အကြီးအကဲတွေက မျှော်လင့်နေတာ ဖြစ်ပါတယ်။