ပွဲကောင်း ထိပ်တိုက်တွေ့မှုတွေ ပါဝင်တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ် မဲခွဲရလဒ်တွေ ထွက်ပေါ်လာပါပြီ

၂၀၂၃-၂၀၂၄ ဘောလုံးရာသီအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် မဲခွဲမှု ဒီညနေမှာ ပြုလုပ်သွားခဲ့ပြီ ဖြစ်ရာ ကွာတားဖိုင်နယ် အပြင် ဆီမီးဖိုင်နယ်၊ ဖိုင်နယ် လမ်းကြောင်းတွေပါ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

ကွာတားဖိုင်နယ် မဲခွဲရလဒ်ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

အာဆင်နယ် vs ဘိုင်ယန်မြူးနစ်
အက်သလက်တီကို vs ဒေါ့မွန်
ရီးရဲလ်မက်ဒရစ် vs မန်စီးတီး
ပီအက်စ်ဂျီ vs ဘာစီလိုနာ

ကွာတားဖိုင်နယ် အဆင့်ရဲ့ ပထမအကျော့ ပွဲစဉ်တွေကို ဧပရယ်လ ၉- ၁၀ ရက်၊ ဒုတိယအကျော့ ပွဲစဉ်တွေကို ဧပရယ်လ ၁၆-၁၇ ရက်မှာ ယှဉ်ပြိုင်ရပါမယ်။

ဆီမီးဖိုင်နယ်

ဆီမီးဖိုင်နယ်မှာတော့ အက်သလက်တီကို vs ဒေါ့မွန်အတွဲက အနိုင်ရမယ့် အသင်းဟာ ပီအက်စ်ဂျီ vs ဘာစီလိုနာအတွဲက တက်လာတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရပါမယ်။

အခြား ဆီမီးဖိုင်နယ်အတွဲအဖြစ် အာဆင်နယ် vs ဘိုင်ယန်မြူးနစ်က တက်လာမယ့် အသင်းဟာ ရီးရဲလ်မက်ဒရစ် vs မန်စီးတီး အတွဲက တက်လာမယ့် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ပထမအကျော့ ပွဲစဉ်တွေကို မေလ ၁-၂ ရက်၊ ဒုတိယအကျော့ ပွဲစဉ်တွေကို မေလ ၇-၈ ရက်တို့မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဗိုလ်လုပွဲ

ချန်ပီယံလိဂ် ဖိုင်နယ်ကိုတော့ ဇွန်လ ၁ ရက်နေ့ အင်္ဂလန်၊ လန်ဒန်မြို့က ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။