ပြီးခဲ့တဲ့ ဇန်နဝါရီကမှ ရောက်ရှိခဲ့သူ ဖြစ်ပေမယ့် ရာသီဝက်နဲ့တင် ခြေစွမ်း ပြ ဂိုးတွေသွင်း၊ ဖန်တီးပေးနေတဲ့ ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်ကို မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက သဘောကျ အားကိုးတကြီး ရှိနေကြပါတယ်။ ဒါပေမယ့် အချက်အလက်တွေနဲ့ ဆိုရင်တော့ ကွင်းလယ်သမား ဖာနန်ဒက်စ်ဟာ အာဆင်နယ်က နစ်ကိုးလပ်စ် ပီပီ ကိုတောင် မမှီတဲ့ အဓိက တာဝန်တစ်ချက်မှာ လိုအပ်မှုတွေ ရှိနေကြောင်း Tribuna သတင်းဌာနက ဖော်ထုတ်လိုက်ပါတယ်။
ဖာနန်ဒက်စ်ဟာ ရာသီဝက်မှသာ ရောက်လာပေမယ့် ပရီးမီးယားလိဂ်မှာ ၈ ဂိုးသွင်း ၇ ဂိုး ဖန်တီးမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ် စိစစ်ထားတဲ့ ကိန်းဂဏန်းတွေမှာတော ကွင်းလယ် တိုက်စစ်သမား တစ်ယောက်ရဲ့ ဂိုးအခွင့်အရေးကြီးတွေ ဖန်တီးမှုမှာ နည်းပါးနေသေးတယ်လို့ ဆိုမှာပါ။
ဂိုးဖန်တီးပေးနိုင်မှုကို ကြည့်ရင် ဖာနန်ဒက်စ်က သာမာန် ကစားသမား တစ်ယောက်လို့သာ ဆိုနိုင်ပြီး အခွင့်အရေး အကြိမ် ၃၀ ဖန်တီးထားပါတယ်။ ဒါဟာ ပွဲ အရေတွက်တူထဲမှာ ဆို ဝက်စ်ဟမ်း ကွင်းလယ် မာ့ခ်နိုဘယ်ထက်တောင် တစ်ကြိမ် လျော့နည်းနေပါတယ်။
ဒါ့အပြင် ဖာနန်ဒက်စ် ဖန်တီးခဲ့တဲ့ အခွင့်အရေး အကြိမ် ၃၀ ထဲမှာ တကယ် ဂိုးဝင်နိုင်တဲ့ အခွင့်အရေးကြီးက ၃ ကြိမ်သာ ပါရှိပါတယ်။ ဂိုး အခွင့်အရေး ကြီး ဆိုတာက ဂိုးဝင်နိုင်ခြေ ရာနှုန်း ၆၀ နဲ့ အထက် ရှိတာတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ တောင်ပံတိုက်စစ်သမား နစ်ကိုးလက်စ် ပီပီဟာ ဖာနန်ဒက်စ်ထက်တောင် ပိုသာနေပြီး အခွင့်အရေးကြီး ၄ ကြိမ် ဖန်တီးထားပါတယ်။
အာဆင်နယ် လူငယ်ကြယ်ပွင့် ဆာကာဟာ ဆိုရင် ဇွန်လထဲ ပွဲတွေ ပြန်စပြီးမှာ ဖန်တီးတဲ့ ဂိုး အခွင့်အရေးကြီး က ၄ ကြိမ် တောင် ရှိတယ် ဆိုတာ သိရင် ပို အံ့အားသင့်စရာ ဖြစ်မှာပါ။ မန်စီးတီးရဲ့ နာမည်ကျော် ကွင်းလယ်သမား ဒီဘရိုင်းဆို အခွင့်အရေးကြီး ဖန်တီးခဲ့တာ ၁၅ ကြိမ် ဖြစ်ပါတယ်။
ဖာနန်ဒက်စ်ဟာ ကစားသမားကောင်း တစ်ဦး ဖြစ်ပေမယ့် ယူနိုက်တက် ပရိသတ်တွေ မျှော်လင့်နေသလို အဘက်ဘက်က ပြီးပြည့်စုံတဲ့ ကစားသမားလို့ ပြောဆို စောသေးကြောင်း Tribuna ကတော့ သုံးသပ်ထားပါတယ်။ တစ်ရာသီ ပြည့် ကစားပြီးရင်တော့ ပေါ်တူဂီသားရဲ့ စွမ်းဆောင်ရည်ကို ပိုမို မျှတစွာ အကဲဖြတ်နိုင်ကြမှာပါ။
Zawgyi – ျပီးခဲ့တဲ့ ဇန္န၀ါရီကမွ ေရာက္ရွိခဲ့သူ ျဖစ္ေပမယ့္ ရာသီ၀က္နဲ႕တင္ ေျခစြမး္ ျပ ဂိုးေတြသြင္း၊ ဖန္တီးေပးေနတဲ့ ကြင္းလယ္တိုက္စစ္သမား ဘရူနို ဖာနန္ဒက္စ္ကို မန္ခ်က္စတာ ယူနိုက္တက္ ပရိသတ္ေတြက သေဘာက် အားကိုးတၾကီး ရွိေနၾကပါတယ္။ ဒါေပမယ့္ အခ်က္အလက္ေတြနဲ႕ ဆိုရင္ေတာ့ ကြင္းလယ္သမား ဖာနန္ဒက္စ္ဟာ အာဆင္နယ္က နစ္ကိုးလပ္စ္ ပီပီ ကိုေတာင္ မမွီတဲ့ အဓိက တာ၀န္တစ္ခ်က္မွာ လိုအပ္မႈေတြ ရွိေနေၾကာင္း Tribuna သတင္းဌာနက ေဖာ္ထုတ္လိုက္ပါတယ္။
ဖာနန္ဒက္စ္ဟာ ရာသီ၀က္မွသာ ေရာက္လာေပမယ့္ ပရီးမီးယားလိဂ္မွာ ၈ ဂိုးသြင္း ၇ ဂိုး ဖန္တီးမႈ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ တကယ္ စိစစ္ထားတဲ့ ကိန္းဂဏန္းေတြမွာေတာ ကြင္းလယ္ တိုက္စစ္သမား တစ္ေယာက္ရဲ႕ ဂိုးအခြင့္အေရးၾကီးေတြ ဖန္တီးမႈမွာ နည္းပါးေနေသးတယ္လို႔ ဆိုမွာပါ။
ဂိုးဖန္တီးေပးနိုင္မႈကို ၾကည့္ရင္ ဖာနန္ဒက္စ္က သာမာန္ ကစားသမား တစ္ေယာက္လို႔သာ ဆိုနုိင္ျပီး အခြင့္အေရး အၾကိမ္ ၃၀ ဖန္တီးထားပါတယ္။ ဒါဟာ ပြဲ အေရတြက္တူထဲမွာ ဆို ၀က္စ္ဟမ္း ကြင္းလယ္ မာ့ခ္နိုဘယ္ထက္ေတာင္ တစ္ၾကိမ္ ေလ်ာ့နည္းေနပါတယ္။
ဒါ့အျပင္ ဖာနန္ဒက္စ္ ဖန္တီးခဲ့တဲ့ အခြင့္အေရး အၾကိမ္ ၃၀ ထဲမွာ တကယ္ ဂိုး၀င္နုိင္တဲ့ အခြင့္အေရးၾကီးက ၃ ၾကိမ္သာ ပါရွိပါတယ္။ ဂိုး အခြင့္အေရး ၾကီး ဆိုတာက ဂိုး၀င္နုိင္ေျခ ရာႏႈန္း ၆၀ နဲ႕ အထက္ ရွိတာေတြကို ဆိုလိုတာ ျဖစ္ပါတယ္။ အာဆင္နယ္ရဲ႕ ေတာင္ပံတိုက္စစ္သမား နစ္ကိုးလက္စ္ ပီပီဟာ ဖာနန္ဒက္စ္ထက္ေတာင္ ပိုသာေနျပီး အခြင့္အေရးၾကီး ၄ ၾကိမ္ ဖန္တီးထားပါတယ္။
အာဆင္နယ္ လူငယ္ၾကယ္ပြင့္ ဆာကာဟာ ဆိုရင္ ဇြန္လထဲ ပြဲေတြ ျပန္စျပီးမွာ ဖန္တီးတဲ့ ဂိုး အခြင့္အေရးၾကီး က ၄ ၾကိမ္ ေတာင္ ရွိတယ္ ဆိုတာ သိရင္ ပို အံ့အားသင့္စရာ ျဖစ္မွာပါ။ မန္စီးတီးရဲ႕ နာမည္ေက်ာ္ ကြင္းလယ္သမား ဒီဘရိုင္းဆို အခြင့္အေရးၾကီး ဖန္တီးခဲ့တာ ၁၅ ၾကိမ္ ျဖစ္ပါတယ္။
ဖာနန္ဒက္စ္ဟာ ကစားသမားေကာင္း တစ္ဦး ျဖစ္ေပမယ့္ ယူနိုက္တက္ ပရိသတ္ေတြ ေမွ်ာ္လင့္ေနသလို အဘက္ဘက္က ျပီးျပည့္စံုတဲ့ ကစားသမားလို႔ ေျပာဆို ေစာေသးေၾကာငး္ Tribuna ကေတာ့ သံုးသပ္ထားပါတယ္။ တစ္ရာသီ ျပည့္ ကစားျပီးရင္ေတာ့ ေပၚတူဂီသားရဲ႕ စြမ္းေဆာင္ရည္ကို ပိုမို မွ်တစြာ အကဲျဖတ္နုိင္ၾကမွာပါ။