ချယ်ဆီး ကွင်းလယ် ကန်တေဟာ အိုးထရက်ဖို့ဒ်မှာသာ သွားရောက် ကစားရင် ယူနိုက်တက် ကွင်းလယ်က ဖာနန်ဒက်စ်နဲ့ ပေါ့ဘာကို ကောင်းစွာ ကူညီပံ့ပိုးနိုင်မှာ ဖြစ်ပြီါ် မန်ချက်စတာ ကလပ်ကို လုံး၀ ပြောင်းလဲ ပေးနိုင်လိမ့်မယ်လို့ ပဲလေ့စ် ကစားသမား တောင်းဆန်က ထောက်ခံ သုံးသပ်လိုက်ပါတယ်။
ယူနိုက်တက် ကွင်းလယ် ဘရူနို ဖာနန်ဒက်စ်ကတော့ ပင်နယ်တီကန်တာ ကောင်းတယ်လို့ ထေ့ငေါ့ ဝေဖန်လိုက်တဲ့ မော်ရင်ညိုရဲ့ စကားကို တုန့်ပြန်လိုက်ပြီး ပရီးမီးယားလိဂ်မှာ သူက အကောင်းဆုံး ကွင်းလယ်တွေထဲ ပါဝင်တယ်လို့ ယုံကြည်ကြောင်း ဆိုခဲ့ကာ ပိုကောင်းတာ ဆိုလို့ စီးတီးကွင်းလယ် ဒီဘရိုင်းသာ ရှိမယ်လို့ ပြောဆိုလိုက်ပါတယ်။
ဘိုင်ယန်မြူးနစ် ကွင်းလယ် ကစားသမား သီယေဂို အယ်ကန်တာရာ ကို ယူနိုက်တက်က စိတ်ဝင်စား စောင့်ကြည့်နေတယ် သတင်းထွက်ပေါ်နေသော်လည်း ဂျာမန်ကလပ် အလိုရှိတဲ့ ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ နဲ့ ကမ်းလှမ်းတဲ့ အသင်း မရှိသေးဘူးလို့ သိရပါတယ်။
ပရီးမီးယားလိဂ် ပွဲတွေ ပြန်လည် စတင်ဖို့ ၁၀ ရက်သာ လိုတော့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ ဥရောပပွဲ နောက်ကျကစားထားတာကြောင့် နောက်ထပ် တစ်ပတ် ထပ်မံ အချိန်ရဦးမှာ ဖြစ်ပါတယ်။
လိုက်ပ်ဇစ် ခံစစ်မှူး အူပါမီကာနိုကတော့ သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်း အများအပြား ရှိနေတာ သိပ်ကောင်းကြောင်း၊ ကလပ်အသင်း အချို့နဲ့လည်း ပြောဆို ဆွေးနွေးမှုတွေ ရှိနေကြောင်း ဝန်ခံလိုက်ပြီး အသင်းပြောင်းဖို့ အလောတကြီး ဆုံးဖြတ်မှာ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အူပါမီကာနိုကို ပရီးမီးယားလိဂ်မှ ယူနိုက်တက်နဲ့ အာဆင်နယ်တို့က အလိုရှိနေပါတယ်။
ပေါင် ၁၀ သန်း တန်ကြေး သတ်မှတ်ထားတဲ့ ယူနိုက်တက် အရန် ဂိုးသမား ရိုမဲရိုး ကို ခေါ်ယူနိုင်ဖို့ အဲဗာတန်ထက် အက်စတွန်ဗီလာ အသင်းက အခြေအနေ အကောင်းဆုံး ရှိနေကြောင်း The Athletic သတင်းဌာနက ဖော်ပြထားပါတယ်။
Zawgyi – ခ်ယ္ဆီး ကြင္းလယ္ ကန္ေတဟာ အိုးထရက္ဖို႔ဒ္မွာသာ သြားေရာက္ ကစားရင္ ယူနိုက္တက္ ကြင္းလယ္က ဖာနန္ဒက္စ္နဲ႕ ေပါ့ဘာကို ေကာင္းစြာ ကူညီပံ့ပိုးနုိင္မွာ ျဖစ္ျပီၚ မန္ခ်က္စတာ ကလပ္ကို လံုး၀ ေျပာင္းလဲ ေပးနုိင္လိမ့္မယ္လို႔ ပဲေလ့စ္ ကစားသမား ေတာင္းဆန္က ေထာက္ခံ သံုးသပ္လိုက္ပါတယ္။
ယူနိုက္တက္ ကြင္းလယ္ ဘရူနို ဖာနန္ဒက္စ္ကေတာ့ ပင္နယ္တီကန္တာ ေကာင္းတယ္လို႔ ေထ့ေငါ့ ေ၀ဖန္လိုက္တဲ့ ေမာ္ရင္ညိဳရဲ႕ စကားကို တုန္႔ျပန္လိုက္ျပီး ပရီးမီးယားလိဂ္မွာ သူက အေကာင္းဆံုး ကြင္းလယ္ေတြထဲ ပါ၀င္တယ္လို႔ ယံုၾကည္ေၾကာင္း ဆိုခဲ့ကာ ပိုေကာင္းတာ ဆိုလို႔ စီးတီးကြင္းလယ္ ဒီဘရိုင္းသာ ရွိမယ္လို႔ ေျပာဆိုလိုက္ပါတယ္။
ဘိုင္ယန္ျမဴးနစ္ ကြင္းလယ္ ကစားသမား သီေယဂို အယ္ကန္တာရာ ကို ယူနိုက္တက္က စိတ္၀င္စား ေစာင့္ၾကည့္ေနတယ္ သတင္းထြက္ေပၚေနေသာ္လည္း ဂ်ာမန္ကလပ္ အလိုရွိတဲ့ ေျပာင္းေရႊ႕ေၾကး ယူရို သန္း ၃၀ နဲ႕ ကမ္းလွမ္းတဲ့ အသင္း မရွိေသးဘူးလို႔ သိရပါတယ္။
ပရီးမီးယားလိဂ္ ပြဲေတြ ျပန္လည္ စတင္ဖို႔ ၁၀ ရက္သာ လိုေတာ့တာ ျဖစ္ျပီး မန္ခ်က္စတာ ယူနိုက္တက္ကေတာ့ ဥေရာပပြဲ ေနာက္က်ကစားထားတာေၾကာင့္ ေနာက္ထပ္ တစ္ပတ္ ထပ္မံ အခ်ိန္ရဦးမွာ ျဖစ္ပါတယ္။
လိုက္ပ္ဇစ္ ခံစစ္မွဴး အူပါမီကာနိုကေတာ့ သူ႔ကို အလုိရွိေနတဲ့ ကလပ္အသင္း အမ်ားအျပား ရွိေနတာ သိပ္ေကာင္းေၾကာင္း၊ ကလပ္အသင္း အခ်ိဳ႕နဲ႕လည္း ေျပာဆို ေဆြးေႏြးမႈေတြ ရွိေနေၾကာင္း ၀န္ခံလိုက္ျပီး အသင္းေျပာင္းဖို႔ အေလာတၾကီး ဆံုးျဖတ္မွာ မဟုတ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ အူပါမီကာနုိကို ပရီးမီးယားလိဂ္မွ ယူနိုက္တက္နဲ႕ အာဆင္နယ္တို႔က အလိုရွိေနပါတယ္။
ေပါင္ ၁၀ သန္း တန္ေၾကး သတ္မွတ္ထားတဲ့ ယူနုိက္တက္ အရန္ ဂိုးသမား ရိုမဲရိုး ကို ေခၚယူနိုင္ဖို႔ အဲဗာတန္ထက္ အက္စတြန္ဗီလာ အသင္းက အေျခအေန အေကာင္းဆံုး ရွိေနေၾကာင္း The Athletic သတင္းဌာနက ေဖာ္ျပထားပါတယ္။